Headlines News :
Home » » ဥက္ကံမြို့ရှိ ဗလီနှင့် ဈေးဆိုင်ခန်းများ ခဲဖြင့်ပစ်ပေါက်ဖျက်ဆီးမှုများအား အရေးယူမည်

ဥက္ကံမြို့ရှိ ဗလီနှင့် ဈေးဆိုင်ခန်းများ ခဲဖြင့်ပစ်ပေါက်ဖျက်ဆီးမှုများအား အရေးယူမည်

Written By လွင့်မောင်မောင် on Tuesday, April 30, 2013 | 8:12 PM

photo: RFA/ Moe Thu Aung, Kyaw Zawe Win
 တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ ဗလီနှင့် ဈေးဆိုင်ခန်းများ ခဲဖြင့် ပစ်ပေါက်ဖျက်ဆီး မှုများအား ရဲတပ်ဖွဲ့မှ လုံခြုံရေး ထိန်းသိမ်း ဆောင်ရွက်ခဲ့

၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်နေ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင်(၆၂)နှစ်သည် တိုက်ကြီးရဲစခန်းသို့ ရောက်ရှိလာပြီး အလံတိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ကိုရင်အရှင်ပုည (၁၁)နှစ်သည် ဥက္ကံဈေးတောင်ဘက်၊ ဘုရားကြီးလမ်းအတိုင်း ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မဝင်းဝင်းစိန် မှ ဝင်ရောက်တိုက်မိ၍ သပိတ်လွတ်ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့် မဝင်းဝင်းစိန်ကို အရေးယူပေးရန် တိုင်တန်း၍ ဥက္ကံရဲစခန်း(ပ)၁၁၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ ၁၃၁၅ အချိန် ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ အုတ်နီခဲဖြင့် ပစ်ပေါက်၍ ထွက်ပြေး သွားခဲ့သဖြင့် ဗလီရှေ့ရှိ ၃ × ၃ ပေခွဲခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး ကျိုးပဲ့ပျက်စီးကာ လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် အခင်းဖြစ်နေရာသို့ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အခြေအနေ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၁၄၂၅ အချိန်တွင် ဈေးအနီး ဆိုင်ခန်း(၂၅)ခန်းအတွင်းရှိ ပစ္စည်းများအား လူ(၂၅)ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ပြီး ပြည်သူ(၂ဝဝ)ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေကြောင်း သိရှိရသည်။ ၁၄၄ဝ အချိန်မှ ၁၄၄၅ အချိန်အတွင်း အခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ သေနတ်(၄)ချက် ချောက်လှန့်ပစ်ခတ်ခဲ့သည်။

၁၅ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ ရောက်ရှိ လာပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၅၁ဝ အချိန် အခြေအနေ ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ၁၅၄၅ အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက်၊ လယ်ကွင်းကောက်ရိုးပုံအနီးတွင် ဒဏ်ရာရရှိသူ(၂)ဦးအား တွေ့ရှိရသဖြင့် ဆေးကုသနိုင်ရေး ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ အရေးယူနိုင်ရေး ဖော်ထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

http://myanmarpoliceforce.org/index.php?option=com_content&view=article&id=493%3A2013-04-30-12-25-42&catid=109&Itemid=762 တွင်ဖော်ပြထားရှိပါသည်။

ရဲဇာနည်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template