Headlines News :
Home » » ဆိုမာလီယာရှိ တူရကီသံရုံး ဗုံးခွဲ တိုက်ခိုက်ခံရ ခြောက်ဦး သေဆုံး

ဆိုမာလီယာရှိ တူရကီသံရုံး ဗုံးခွဲ တိုက်ခိုက်ခံရ ခြောက်ဦး သေဆုံး

Written By လွင့်မောင်မောင် on Monday, July 29, 2013 | 4:31 PM


မိုဂါဒစ်ရှူး၊ ဇူလိုင် ၂၇

ဆိုမာလီယာနိုင်ငံဆိုင်ရာ တူရကီသံရုံးရှေ့တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ခြင်းကြောင့် လူခြောက်ဦး ထက်မနည်း သေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာ ရရှိသွားကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

တူရကီသံရုံးအနီး မီတာ အနည်းငယ် အကွာ၌ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် မီနီဗင် ကားတစ်စီးက ဗုံးခွဲ တိုက်ခိုက်သွားခြင်းကြောင့် ဆိုမာလီယာ လုံခြုံရေး အစောင့်နှစ်ဦး၊ တက္ကသိုလ် ကျောင်းသား တစ်ဦးနှင့် တိုက်ခိုက်ရေးသမား သုံးဦး သေဆုံးသွားကြောင်း ရဲမှူးကြီး အာမတ် မိုဟာမက်က ပြောကြားသွားသည်။

ထို့အပြင် တူရကီသံရုံး အမှုထမ်း နှစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိ သွားကြောင်း သံရုံးက ထုတ်ပြန် သည်။

သံရုံး တိုက်ခိုက်မှုကို မိမိတို့ ပြုလုပ်ကြောင်း အယ်လ်ကေဒါ လက်နက်ကိုင် အဖွဲ့နှင့် အဆက်အသွယ် ရှိသော အယ်ရှာဘတ် အကြမ်းဖက်အဖွဲ့က သတင်း ထုတ်ပြန်လိုက်သည်။

“အာဇာနည်ဆန်တဲ့ တိုက်ခိုက်မှု နောက်ကွယ်မှာ ကျွန်တော်တို့ ရှိပါတယ်။ အဓိကပစ်မှတ်က တူရကီ နိုင်ငံပါ” ဟု အယ်ရှာဘတ် အဖွဲ့က သတင်း ထုတ်ပြန်သွားသည်။

တူရကီသံရုံး ဗုံးခွဲ တိုက်ခိုက်မှုကို သူရဲဘောကြောင်သော အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ဆိုမာလီယာ သမ္မတ ဟာဆန်ရှိတ် မိုဟာမက်က ပြစ်တင် ပြောကြားသွားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂ နှစ်အတွင်း ဆိုမာလီယာ နိုင်ငံ၌ တူရကီနိုင်ငံ က ကျောင်းများ၊ ဆေးရုံများနှင့် တခြားသော ထောက်ပံ့ ကူညီမှုများ ပေးအပ် ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။

“ဒီအကြမ်းဖက် တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချပါတယ်။ တိုက်ခိုက်မှု ဦးဆောင် ပြုလုပ်ခဲ့သူတွေကို ရှာဖွေ ဖမ်းဆီးဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားပါမယ်” ဟု ၎င်းက ပြောကြားသွားသည်။

အကြမ်းဖက် တိုက်ခိုက်မှုကို အမေရိကန်ပြည်ထောင်စုက ပြစ်တင် ပြော ကြားသွားပြီး ဆိုမာလီယာ နိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိအောင် လုပ်ဆောင်ပေးနေသည့် တူရကီနိုင်ငံ အပါအဝင် နိုင်ငံတကာ အဖွဲ့ဝင် အားလုံးနှင့်အတူ ရပ်တည်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

အဆိုပါ တိုက်ခိုက်မှုသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ကလည်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ ကားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ခြင်းကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။

ဆိုမာလီယာနိုင်ငံတွင်း တင်းကျပ်သော အစ္စလာမ္မစ် ဥပဒေများ ကျင့်သုံးနိုင် ရန် ရည်ရွယ်ထားပြီး အစိုးရအဖွဲ့ကို အယ်ရှာဘတ် အကြမ်းဖက် အဖွဲ့က လက်နက်ကိုင် တော်လှန်လျက် ရှိသည်။

မိုဂါဒစ်ရှူးမြို့တော်ရှိ အယ်ရှာဘတ် လက်နက်ကိုင် အဖွဲ့များကို ဆိုမာလီယာ အစိုးရ တပ်သားများ ဦးဆောင်သည့် အာဖရိက တပ်ဖွဲ့ဝင်များက ၂၀၁၁ ခုနှစ်တွင် တိုက်ခိုက် ချေမှုန်းခဲ့သော်လည်း နိုင်ငံတွင်းရှိ ကျေးလက်ဒေသ များကို အယ်ရှာဘတ်တို့ ခြေကုပ် ယူထားပြီး ပြောက်ကျားစစ် ဆင်နွှဲမှုများ ဆက်လက် ပြုလုပ်နေကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template