Headlines News :
Home » » တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်

တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်

Written By လွင့်မောင်မောင် on Friday, August 2, 2013 | 3:31 PM

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့်ထူးချွန် ကျောင်းသားများ၏ဝင်ခွင့်များလျှောက်ထားရာတွင အနိမ့်ဆုံးဝင်ခွင့်များ သတ်မှတ်ရာ၌အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များထက်မြင့်မားကြောင်း သိရသည်။ ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များ တွင်ယခုနှစ်ပညာသင်နှစ်မှ စပြီးဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်၂၀ အတွက် ဘာသာရပ်တစ်ခုကိုကျောင်းသား ၁၅ ဦးစီနှင့်တက္ကသိုလ်တစ်ခုတွင်ကျောင်းသား ၃၀၀ ဦးစီ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌လက်ခံသင်ကြားပေးသွားမ ည်ဖြစ်သည်။ထိုတက္ကသိုလ်များ တက်ရောက်နိုင်မည့်ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့များအတွက် သက်ဆိုင်ရာဘာသာရပ် အလိုက်အနိမ့်ဆုံးဝင်ခွင့်သတ်မှတ်ချက်မှာရူပဗေဒ ၊ ဓါတုဗေဒ ၊သချာင်္၊ သတ္တဗေဒ၊ရုက္ခဗေဒ၊ဘူမိဗေဒ နှင့်ကုန်ထုတ်ဓါ တုဗေဒဘာသာတို့၏ရမှတ် ပေါင်း(၄၉၀)၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဥပဒေ၊ မြန်မာစာ ၊ နိုင်ငံရေးသိပ္ပံ ဘာသာတို့၏ရမှတ်ပေါင်း(၄၇၀)၊ပထဝီဝင်၊သမိုင်း၊ စိတ်ပညာ၊ ဒဿနိက ဗေဒ၊မနုဿဗေဒ၊ရှေးဟောင်းသုတေသန၊ အရှေ့တိုင်းဘာသာတို့၏ ရမှတ်ပေါင်း(၄၃၀) ၊အင်္ဂလိပ်စာရမှတ်(၅၀၀)၊ ကွန်ပျူတာသိပ္ပံရမှတ် (၄၈၀) သတ်မှတ်ထားရာ အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များမှာ ယခင်နှစ်က ဝင်ခွင့်အမှတ်များထက် ပိုမိုမြင့်မားနေသည်။ ယခင်နှစ်ကကျောင်းဝင်ခွင့် သတ်မှတ်ချက် အမှတ်အမြင့်ဆုံးဖြစ်ခဲ့ပြီးထိပ် ဆုံးကရပ်တည်ခဲ့သောရန်ကုန် နည်းပညာတက္ကသိုလ်(အဆင့်မြင့်) ထက်ပင် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တို့မှ ဝင်ခွင့်သတ်မှတ်ခဲ့သည့် အင်္ဂလိပ်စာဘာသာရပ်ကပိုနေခဲ့သည်။ထူးချွန် ကျောင်းသားများကိုသာရွေးချယ်ဝင်ခွင့်ပြုမည့် ရန်ကုန် မန္တလေးတက္ကသိုလ် များတွင်တက်ရောက်ခွင့်ရရှိရန်ကျောင်းသူကျောင်းသားအများစုသည် စိတ်ဝင်စားလျက်ရှိကြသည်။ တက္ကသိုလ်အမည်များနှင့် အနိမ့်ဆုံးဝင်ခွ င့်ရမှတ်များမှာ.. ဆေးတက္ကသိုလ်ကျား(၄၉၀) ၊မ( ၅၀၈)၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျား(၄၆၉) ၊မ( ၅၀၁) ၊ ဆေးဝါးတက္ကသိုလ်ကျား၊မ (၄၆၇)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်ကျား၊ မ(၄၅၉) ၊ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား(၅၀၀) ၊မ (၅၀၄) ၊ မန္တလေးနည်းပညာတက္ကသိုလ်(အဆင့်မြင့်) ကျား(၄၈၅) ၊မ( ၄၉၇) ၊ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်)ကျား၊မ (၄၇၃)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်)ကျား၊မ (၄၅၀) ၊နည်းပညာတက္ကသိုလ်ကျား(၃၆၀) ၊မ (၃၇၀) ၊ ကွန်ပျူတာတက္ကသိုလ်ကျား ၊မ (၃၆၅) ၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ကျား(၄၆၇)၊မ (၄၇၀) ၊မြန်မာနိုင်ငံေ ရကြောင်းပညာတက္ကသိုလ်ကျား(၄၈၇)၊မ (၄၉၇) ၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာ ကာသပညာတက္ကသိုလ် ကျား ၊မ (၄၅၀) ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျား၊မ (၃၈၃) ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(အင်္ဂလိပ်) ကျား၊ မ (၄၉၂)၊ရန်ကုန်ရှိနိုင် ငံခြားဘာသာတက္ကသိုလ်များဖြစ်ကြသော (ဂျပန်) ကျား၊မ(၄၆၉) ၊ (တရုတ်)ကျား၊ မ (၄၆၆) ၊ (ပြင်သစ်)ကျား၊မ (၄၅၈) ၊ (ကိုရီးယား) ကျား ၊မ (၄၅၅)၊ (ဂျာမန်) ကျား၊မ (၄၅၃)၊ (ထိုင်း) ကျား၊မ (၄၄၇)၊ ၊ (ရုရှား) ကျား၊မ (၄၃၇)၊ တို့ဖြစ်ကြောင်း သိရှိရပါသည်။

Ref & Credit - Skynet !
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template