Headlines News :
Home » » ရေဘေးကြောင့် အနည်းဆုံး ၃ ဦး သေဆုံးတဲ့ မြဝတီမှာ ရေပြန်ကျပြီ

ရေဘေးကြောင့် အနည်းဆုံး ၃ ဦး သေဆုံးတဲ့ မြဝတီမှာ ရေပြန်ကျပြီ

Written By လွင့်မောင်မောင် on Thursday, August 1, 2013 | 9:15 PM

 မြ၀တီမှာ ၄ ရက်ဆက်တိုက် တမြို့လုံးနီးပါး ကြုံတွေ့နေရတဲ့ နှစ် ၂၀ ကျော် ကာလအတွင်း အဆိုးရွားဆုံး ရေဘေးဟာ ဒီနေ့မှာတော့ သူ မဟုတ်သလိုပါပဲ၊ မြဝတီက လမ်းပေါ်မှာ  ရေမရှိတော့ပါဘူး။
ဒီညနေပိုင်းမှာ တွေ့ရတဲ့ မြ၀တီမြို့ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)  ရေဘေးဒဏ်ကြောင့် မြို့ထဲမှာ စက်လှေတွေနဲ့ သွားလာနေရတဲ့မြ၀တီမှာ၊ အခုတော့ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေ ပြန်လည်ပြေးဆွဲနေပါပြီ။

ဒီရေဘေးကြောင့်မြ၀တီမှာ ဒီနေ့ လူသေအလောင်း ၃ လောင်းတွေ့ရှိတယ်၊ အဲဒါတွေက အခု  မြ၀တီနာရေးကူညီမှုအသင်းရဲ့ဇရပ်မှာ ရောက်ရှိနေပါတယ်၊ ဘယ်သူဘယ်ဝါ ဆိုတာတော့ မသိရသေးဘူးလို့ နာရေးအသင်းက ဆိုပါတယ်။

ဒီထက်မက သေဆုံးသူတွေရှိနိုင်ဖွယ်ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။

မြ၀တီမြို့ပြင်မှာ မြန်မာအလုပ်သမား ၄၀ စီးလာတဲ့စက်လှေတစင်း တနေ့ကတိမ်းမှောက်တယ်၊ ဘာအစအနမှ မရသေးဘူးလို့ မြို့ခံတွေကပြောနေပေမဲ့ အာဏာပိုင်တွေက ဒီပါးစပ်သတင်းကို အတည်ပြုခြင်း မရှိပါဘူး။

"ဒီနေ့ညနေအထိ အလောင်း ၃ သောင်းပဲ ရရှိထားတယ်" ဆိုပြီး မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ဧရာဝတီသတင်းဌာနကိုပြောပါတယ်။


ရေ လုံးဝကျသွားတဲ့ဒီနေ့မှာ လူမှုရေးအသင်းတွေ၊ နယ်ခြားစောင့်တပ်၊ မီးသတ်၊ ရဲ၊ စစ်တပ်၊ လ၀က၊ စည်ပင်သာယာနဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ သန့်ရှင်းရေးလုပ်နေ ကြပါတယ်။ ချစ်ကြည်ရေးတံတားကိုတော့ မနက်ဖြန်ကျရင်ပုံမှန်မြန်ပြီးဖွင့်မယ်လို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတဦးကပြောပါတယ်။


ဒီနေ့ဆိုရင် မြ၀တီကရေဘေးဒုက္ခသည်အချို့ အိမ်ပြန်နိုင်ကြပေမဲ့ အချို့ရေ၀ပ်နေတဲ့ရပ်ကွက်ကလူတွေ ကယ်ဆယ်ရေးစခန်းမှာ ကျန်ရှိနေပါသေးတယ်။ သူတို့ရဲ့နေ ထိုင် စားသောက်ရေးကိုတော့ မြ၀တီခရိုင်နဲ့မြို့နယ်အာဏာပိုင်အဖွဲ့ကပဲ တာဝန်ယူထားပါတယ်။

ရေဘေးဒုက္ခသည်တွေကတော့ လောလောဆယ်သူတို့မှာ ရေသန့်နဲ့စားစရာအချို့ လိုအပ်နေပါတယ်လို့ ပြောကြပါတယ်။



ဒီသတင်းနဲ့ ဆက်စပ် ဖတ်ကြည့်သင့်တာကတော့
ဒေါနတောင်ကျော်ကားလမ်း တောင်ပြို လမ်းပိတ်မှု မြင်ကွင်းများ
http://blog.irrawaddy.org/2013/08/blog-post_633.html ဖြစ်ပါတယ်။

 ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template