ထားဝယ်-မြိတ် ကားလမ်း (ပေါက်တိုင်းချောင်းတံတားအနီး) |
ဓာတ်ပုံ-ဖိုးဇော် |
ဓာတ်ပုံ-ဖိုးဇော်(၃၁-ရ-၂၀၁၃)ရက်နေ့ (ပုံမှာယမန်နေ့ကကျောက်မော်နှင့်ပေါက်တိုင်းတံတားအကြား ထန်းပင်တန်း၌ ကုန်တင်ကားတစ်စီးလမ်းချော် နေသည်ကိုတွေ့ရစဉ်။) |
ကလိန်အောင်တွင် နှစ်ရက်ကျော်မျှရပ်နားထားရသော အဝေးပြေးယာဉ်များ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့သို့ ၀င်ရောက်နိုင်ခဲ့ပြီဖြစ်သော်လည်း ၅၂ မိုင်အနီးတွင်
တံတားနှင့်လမ်းပိုင်းဆိုင်ရာပျက်စီးမှုကြောင့်ရပ်နားစောင့်ဆိုင်းနေရသည့်ယာဉ်များ
ရှိနေသေးကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
======================================
ယနေ့ သြဂုတ် ၂ရက်နေ့ နံနက်စောစောအချိန်ကတည်းက ကောင်းကင်တစ်ပြင်လုံးအုံ့မှိုင်းနေပြီး
မိုးပြန်ရွာနေပါသည်။