Headlines News :
Home » » ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ ထုတ်ပြန်

ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ ထုတ်ပြန်

Written By လွင့်မောင်မောင် on Saturday, August 3, 2013 | 1:37 PM


အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက် ၇၇ ချက်ဖြင့် ပေးပို့လာသော ဆက်သွယ်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ပြင်ဆင်ချက်အချို့ ပြုလုပ်ထားသော အစီရင်ခံစာကို သြဂုတ် ၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး အမျိုးသား လွှတ်တော်တွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ စတင်တင်သွင်းခဲ့ကာ ဇူလိုင် ၂ ရက်တွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မူလဥပဒေကြမ်းတွင် အခန်း (၂၀) နှင့် ပုဒ်မပေါင်း ၈၆ ခုပါရှိပြီး အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ၇၇ ချက်ဖြင့် ပေးပို့လာမှုတွင် ဥပဒေကြမ်း ကော်မတီက ပုဒ်မ၊ ပုဒ်မခွဲ ၃၄ ချက်ကို အမျိုးသား လွှတ်တော်၏ ပြင်ဆင်အတည်ပြု ချက်များအတိုင်း လက်ခံရန် သဘောတူခဲ့ပြီး ပုဒ်မ၊ ပုဒ်မခွဲ (၇) ချက်အား အမျိုးသား လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက် များအတိုင်း သဘောမတူဘဲ မူလပြဋ္ဌာန်းချက်များ အတိုင်းသာ လက်ခံရန် သဘောတူခဲ့ကြောင်း ဥပဒေကြမ်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မူလဥပဒေကြမ်းနှင့် အမျိုးသား လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက်များ အပေါ်တွင် ဥပဒေကြမ်း ကော်မတီက ပြစ်ဒဏ်များ လျော့ချခြင်းများ အပါအ၀င် ပြင်ဆင်ချက် ၅၉ ချက် ပြုလုပ်ထားကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ မူလဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ် ပုဒ်မအချို့ကို ပယ်ဖျက်...
မူလဥပဒေကြမ်းနှင့် အမျိုးသား လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက်များ အပေါ်တွင် ဥပဒေကြမ်း ကော်မတီက ပြစ်ဒဏ်များ လျော့ချခြင်းများ အပါအ၀င် ပြင်ဆင်ချက် ၅၉ ချက် ပြုလုပ်ထားကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ မူလဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ် ပုဒ်မအချို့ကို ပယ်ဖျက်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ပြင်ဆင်ရာတွင် အခန်း (၁၉) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်း၊ ပုဒ်မ ၆၁ ၌ဖော်ပြထားသည့် မည်သူမဆို ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းကို လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဆိုသော ပြစ်ဒဏ်အား ဥပဒေကြမ်း ကော်မတီမှ ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြန်လည် လျှော့ပေါ့ပြင်ဆင်ခဲ့သည်။
အခန်း(၁၉)၊ ဥပဒေပုဒ်မ ၆၃ ပါ သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ပင်မ၀င်ပေါက် ထွက်ပေါက် အသုံးပြုခြင်းမှအပ ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းဖြင့် ဆက်သွယ် ချိတ်ဆက်မှု ပြုသူများအတွက် သတ်မှတ်ထားသည့် ထောင်ဒဏ်ငါးနှစ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည် ဆိုသည့်ပြစ်ဒဏ်ပါ ပုဒ်မ၊ ညစ်ညမ်းသတင်း အချက်အလက် ပေးပို့ခြင်း၊ လျို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက်ကို ပိုင်ရှင်ခွင့်ပြုချက် မရှိဘဲ ရယူကူးယူ ထုတ်နုတ်ခြင်းကဲ့သို့ ပြုလုပ်သူ များအတွက် ချမှတ်ထားသည့် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်ဟု ရေးဆွဲထားသည့် ပုဒ်မ ၆၅ တို့ကိုမူ ဥပဒေကြမ်း ကော်မတီမှ ပယ်ဖျက်လိုက်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ထပ်မံပြင်ဆင် ဆွေးနွေးလိုသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့လွှတ်တော်ရုံး အဖွဲ့ထံသို့ သြဂုတ် ၅ ရက် မတိုင်မီ နောက်ဆုံးထား အမည်စာရင်း ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
Eleven
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template