Headlines News :
Home » » ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ညီလာခံနှင့် အမူဆောင်သစ် ရွေးချယ်ပွဲကျင်းပ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ညီလာခံနှင့် အမူဆောင်သစ် ရွေးချယ်ပွဲကျင်းပ

Written By လွင့်မောင်မောင် on Monday, July 29, 2013 | 11:12 AM

ALD-Japan
ဓာတ်ပုံ-နိရဉ္စရာ
ဂျပန်နိုင်ငံတွင် အခြေစိုက်သော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ၏ (၈)  ကြိမ်မြှောက် ညီလာခံနှင့် အလုပ်အမူဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲကို ဇူလိုင်လ ၂၇ ရက်နေ့က ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည်။

ညီလာခံနှင့် အလုပ်အမူဆောင်သစ် ရွေးချယ်ပွဲအား အပိုင်း (၂) ပိုင်းခွဲကာ ကျင်းပခဲ့ကြသည်။

ပထမပိုင်း အစီစဉ်တွင် ALD ( ပြည်ပ- ဂျပန်) ဥက္ကဌ  ဦးလှအေးမောင်မှ အဖွင့် အမှာစကား ပြောကြားပြီး အထွေထွေ အတွင်းရေးမှူး ကိုကျော်သန်းလှိုင်မှ အလုပ်အမှုဆောင် အစီရင်ခံစာကို တင်သွင်းခဲ့သည်။   ထို့နောက်  ဘဏ္ဍာရေးမှူးကို ထွန်းအောင်ခင်မှ ၂၀၁၁-၁၃ ဘဏ္ဍာရေးရှင်းတမ်းကို ရှင်းလင်းတင်ပြခဲ့သည်။

ဒုတိယပိုင်းအစီအစဉ်တွင် အလုပ်အမှုဆောင်သစ်များကို ရွေးချယ် တင်မြှောက်ခဲ့ကြရာ  နာယကများ အဖြစ် ဦးဇော်မင်းခိုင်နှင့် ဦးလှအေးမောင် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)  ဥက္ကဌအဖြစ် ဦးခင်မောင်ထွန်း၊ ဒုဥက္ကဌ အဖြစ် ဦးပေါ်ထွန်းအောင်၊  အထွေထွေအတွင်းရေးမှူး အဖြစ်  ကိုကျော်သန်းလှိုင်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးအဖြစ်  ကိုခင်မောင်ကျော်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်(၁၀) ဦးကို   ရွေးချယ် တင်မြောက်ခဲ့ကြသည်။

ယခု ကျင်းပခဲ့သည့် အခမ်းအနားမှာ (၈)ကြိမ်မြောက် ညီလာခံနှင့် (၄) ကြိမ်မြောက် အလုပ် အမှုဆောင်သစ် ရွေးချယ်ပွဲ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဆုံးရှုံးနေသော မိမိတို့၏ အမျိုးသား အခွင့်အရေးများနှင့် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ကို ဖွဲ့စည်းပြီး နှစ်ပေါင်း ၁၀ ကျော် ဂျပန်မှ နေပြီး ရပ်တည် ကြိုးစားလာခဲ့ကြောင်း၊ မိမိတို့၏  ရည်မှန်းချက်မှာ အခုအချိန်ထိ အပြည့်အ၀ မရရှိသေးသဖြင့် ဤအဖွဲ့ဖြင့် ဆက်လက် ရပ်တည်ပြီး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်သန်းလိုင်က ဆိုသည်။

အခမ်းအနားကို  တိုကျိုမြို့  Minami  Otsuka  Hall ၌ နေ့လည် (၁) နာရီမှ (၅) နာရီအထိ   ကျင်းပခဲ့ပြီး အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲချုပ်(ပြည်ပ-ဂျပန်)သည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ၏ မူဝါဒ အတိုင်း   ရခိုင် လူမျိုးများ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေး အတွက် ကြိုးပမ်းနေသော အဖွဲ့အစည်းတခုဖြစ်သည်။ ၎င်းအပြင် ရခိုင်လူမျိုးများ၏ သာရေး နာရေးနှင့် ဘာသာရေး၊ လူမူရေး ပညာရေး၊ ယဉ်ကျေးမူ စသည်တို့ကိုလည်း တတ်အား သရွှေ့ ဂျပန်နိုင်ငံမှ နေပြီး ဆောင်ရွက် လုပ်ကိုင်နေသော အဖွဲ့ ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲချုပ်(ပြည်ပ-ဂျပန်)ကို  ၂၀၀၃ ခုနှစ်တွင် မျိုးချစ် ရခိုင်လူငယ် တစ်စုက စတင်ဖွဲ့စည်းခဲ့သည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template