ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဌ
မစ္စတာဂျွန်ဘာကိုနှင့်အဖွဲ့ကို နေပြည်တော် ဇမ္ဗူသီရိ ခန်းမဆောင်တွင်
ယနေ့မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံ ဆွေးနွေးပြီးနောက်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ မွန်းလွဲ ၂ နာရီ
၃၀ မိနစ်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ထမင်းစားခန်းမဆောင်တွင်
ဗြိတိန် အောက်လွှတ်တော်ဥက္ကဌ မစ္စတာဂျွန်ဘာကိုနှင့်အဖွဲ့ကို နေ့လည်စာဖြင့်
တည်ခင်းဧည့်ခံခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ =>burmavjmedia.net