Headlines News :
Home » » ရန်ကုန် အနှံ့အပြား ဓာတ်ငွေ့ပိုက်ယိုစိမ့်

ရန်ကုန် အနှံ့အပြား ဓာတ်ငွေ့ပိုက်ယိုစိမ့်

Written By လွင့်မောင်မောင် on Monday, July 29, 2013 | 5:38 PM

 
ဓာတ်ငွေ့ ပိုက်လိုင်းယိုစိမ့်မှုများ ရန်ကုန်မြို့ အနှံ့တွင် ဖြစ်ပွားလျက်ရှိကြောင်း ရွှေပြည်သာ သဘာဝဓာတ်ငွေ့ ထိန်းသိမ်းရေးနှင့် ဖြန့်ဖြူးရေး စခန်းမှ သိရသည်။

ရန်ကုန်မြို့ရှိ ဓာတ်ငွေ့ပိုက် လိုင်းဖြတ်သန်းသွားရာမြို့နယ် အချို့တွင် ဓာတ်ငွေ့ပိုက်လိုင်းအ သေးစားယိုစိမ့်မှုများ ဖြစ်ပေါ် လျက်ရှိနေ သည့်အတွက် တာဝန်ရှိသူများ အ နေဖြင့် ဓာတ်ငွေ့ယိုစိမ့်သည...့်နေ ရာများအနက် အန္တရာယ်ရှိနိုင် သောနေရာများကို ဦးစားပေးပြင် ဆင်လျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာသဘာဝဓာတ် ငွေ့ထိန်းသိမ်းရေးနှင့် ဖြန့်ဖြူးရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက ''ဓာတ် ငွေ့ပိုက်လိုင်းတွေက သံပိုက်တွေ ဖြစ် တယ်။ မြေကြီးထဲ မြှုပ်ထား တာနှစ်ပေါင်း ၂ဝလောက်ကြာ လာပြီဆိုတော့ သံချေးတက်ပြီး ချိုင့်ခွက်လေးတွေဖြစ်ရာကနေ ဓာတ်ငွေ့ယိုစိမ့်လာတာပေါ့။ အ များစုကတော့ အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ ဦးစားပေးပြီးပြင်ဆင်ရ တဲ့နေရာရှိသလို ပေါက်တယ်ဆို ရင် ပြင်ဆင်ရတာပဲ''ဟု ပြောသည်။
အဆိုပါဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပေါ်လျက်ရှိသောနေရာများ တွင်နေထိုင်သော ပြည်သူများအ နေဖြင့် မီးဘေးအန္တရာယ်ကို အထူး သတိထားရန် လိုအပ်ကြောင်း အမှတ်(၂)တိုင်းဒေသကြီးနှင့် ပြည်နယ် မီးသတ်ဦးစီးရုံးများ ကွပ် ကဲမှုဌာနခွဲ ညွှန်ကြားရေးမှူး ရဲသူ ရိန်သင်းဌေးရွှေကရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

''ဂက်စ်ထွက်နေတဲ့အနေ အထားပေါ်မူတည်ပြီး အန္တရာယ် ရှိနိုင်ပါတယ်။ တကယ်လို့ ဂက်စ် တွေ ပြန့်နေတယ်ဆိုရင် အဲဒီနား မှာ ကားစက်တောင် နှိုးလို့မရဘူး။ ဖယောင်းတိုင်းတို့ မီးခြစ်မီးတို့ကို အထူးသတိထားသင့်တယ်။ ဖြစ် တဲ့နေရာကို သက်ဆိုင်ရာက လာ မပြင်နိုင်သေးတဲ့အချိန်မှာ ပြည် သူတွေအနေနဲ့ အဲဒီအနားမှာ မီး သုံးစွဲမှုကို တော်တော်လေး ဂရု စိုက်ရမယ်။ မီးဘေးအန္တရာယ်ကို စိုးရိမ်ရတယ်''ဟု ယင်းကသုံးသပ် ပြောသည်။

မရမ်းကုန်းမြို့နယ် သမိုင်း ဘူတာအနီး မြရတနာဈေးအတွင်း ဓာတ်ငွေ့ယိုစိမ့်သောနေရာတွင် ရှိနေသည့် လက်ဖက်ရည်ဆိုင်မှ ဦးမျိုးမင်းက ''ဒီမှာဓာတ်ငွေ့ယို တာ လွန်ခဲ့တဲ့တစ်နှစ်လောက်က တည်းက။ အခုလဲ သုံးလေးလ လောက်က လာပြင်တယ်။ တစ်လ လောက်ကြာတော့ ပြန်ဖြစ်တယ်။ဖြစ်တဲ့နေရာကများတော့ တချို့ နေရာတွေတော့ လာပြင်ကြတယ်။ ဖြစ်တဲ့နေရာက ကွမ်းယာဆိုင်ဆို ရင် မီးခြစ်တောင် မဆောင်ထား ဘူး။ လက်ဖက်ရည်ဆိုင်မှာဆို ဓာတ် ငွေ့ယိုတဲ့နေရာနဲ့နီးတဲ့ နေရာမှာ မီးဖိုမဖိုရဲဘူး''ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး ဦးသိန်းလှိုင်က ''အင်းစိန်သမိုင်း ဘူတာဘေးခုံးတံတားအောက် က ရွာမ-သမိုင်းဓာတ်ငွေ့ပိုက်လိုင်း မှာဆိုရင် ပြင်ဆင်ရတယ်။ အဲဒီ မှာက ဈေးရှိတော့ ဈေးကလူတွေ က ဓာတ်ငွေ့ပိုက်လိုင်းအပေါ်မှာ ကွန်ကရစ်လမ်းတွေ ခင်းတယ်။ အရင်ပိုက်လိုင်းစခင်းတုန်း နေရာ လွတ်တွေကို သူတို့က မကြောက် မရွံ့ ကျူးကျော်လာတာလို့ ဆိုနိုင် တယ်။ အန္တရာယ်တော့မရှိပါဘူး
'' ဟု ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးသိန်း လှိုင်က ''ဓာတ်ငွေ့ယိုတဲ့နေရာက တော့ မရေတွက်နိုင်အောင် ယို နေတာပဲ။ နေ့စဉ်နဲ့အမျှ ပြင်နေ ရတယ်။ သမိုင်းဘူတာဘေးက အ ရေးကြီးတဲ့နေရာပြင်ဆင်ပြီး ဈေး ထဲက သိပ်အရေးမကြီးလို့ ရွှေ ပေါက်ကံက အရေးကြီးတဲ့နေရာ သွားပြင်နေတာ။ အရေးကြီးတာ ဦးစားပေးပြင်ပြီး အန္တရာယ်မရှိ တာ ခဏာထားပြီး ပြင်ဆင်ရတယ်။ ဖြစ်တဲ့နေရာတိုင်းတော့ ပြင်ဆင် ပါတယ်''ဟု ပြောသည်။

မကြာမီရက်ပိုင်းအတွင်း က ယင်းကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်ပေါ် ခဲ့သည့် မရမ်းကုန်းမြို့နယ် (၂)ရပ် ကွက်မှ ရာအိမ်မှူး ဦးမြင့်အောင် က ''အခု ဇူလိုင် ပထမပတ်လောက် က သမိုင်းဘူတာဘေး ရထားလမ်းခုံး ကျော်တံတားအောက် မှာ ဓာတ် ငွေ့တွေယိုလို့ ဌာနဆိုင်ရာကို အ ကြောင်းကြားခဲ့တယ်။ နှစ်ရက် လောက်ကြာတော့ လာပြင်ကြ တယ်။ ပိုက်အသစ်တွေ လဲပေးသွား တယ်'' ဟု ပြောသည်။
အဆိုပါဖြစ်စဉ်များမှာ ယခု အခါရန်ကုန်မြို့အနှံ့ တွင် ဖြစ်ပေါ် နေသည့်အတွက် တာဝန် ရှိသူများ သည် ယခုအခါ မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံတွင် ဖြစ်ပေါ် နေသည် ဓာတ်ငွေ့ယိုစိမ့်မှုကို ပြု ပြင်လျက်ရှိကြောင်း သိရသည်။

သော်ဇင်ထက်
Yangon Media Group 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template