Headlines News :
Home » » မြန်မာက ဘင်္ဂလာဒေခ်ျ့နှင့် နယ်စပ်လုံခြုံရေး ဆွေးနွေးရန် ဆန္ဒရှိနေဟု ဆို

မြန်မာက ဘင်္ဂလာဒေခ်ျ့နှင့် နယ်စပ်လုံခြုံရေး ဆွေးနွေးရန် ဆန္ဒရှိနေဟု ဆို

Written By လွင့်မောင်မောင် on Friday, September 13, 2013 | 5:35 PM


၁၃ စက်တင်္ဘာ ၂၀၁၃

မြန်မာ အနေဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် နယ်စပ်လုံခြုံရေးကို ဆွေးနွေးရန် ဆန္ဒပြင်းပြနေကြောင်း စက်တင်္ဘာ ၉ရက်နေ့ထုတ် The Independent သတင်းစာတွင် “ Burma keens on security dialogue with Bangladesh” ခေါင်းစည်းဖြင့် ဖေါ်ပြသည်။

ထိုသို့ နယ်စပ်လုံခြုံရေးကို မြန်မာက ဆွေးနွေးရန် လိုလားနေခြင်းမှာ နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်နေသော မှောင်ခိုနှင့် လူကုန်ကူးမူကို နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လို၍ ဖြစ်ကြောင်း သတင်းစာက ဖေါ်ပြသည်။

၎င်းပြင် သတင်းစာက ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် Shahidul Haque ကိုးကားပြီး ဖေါ်ပြရာတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကမ်းလှမ်းချက် အပေါ် မြန်မာဘက်က စိတ်ဝင်တစားနှင့် တုန့်ပြန်လာသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့သည် များမကြာမီက နယ်စပ်တလျှောက် လုံခြုံရေးနှင့် နယ်စပ် ဒေသ တည်ငြိမ်ရေး အတွက် ဆွေးနွေးရန် မြန်မာဘက်ကို ကမ်းလှမ်းခဲ့သည်ဟု သတင်းစာက ဆိုသည်။

တွေ့ဆုံ ဆွးနွေးခြင်းသည် နှစ်ဘက်နိုင်ငံ နယ်စပ် တလျှောက်ရှိ တပ်ဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မူကို တိုးမြင့်လာစေနိုင်သည်ဟု ပြောသည်။ ယခုအခါ ဆွေးနွေးမူမှာ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၇) ကြိမ်မြောက် နိုင်ငံခြားရေး ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ ၎င်းနယ်စပ် လုံခြုံရေးကိစ္စကို ဆွေးနွေးရန် အဆိုပြု တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြခဲ့ခြင်းမှာ မြန်မာဘက်မှ မှောင်ခို လက်နက်များနှင့် မူးယစ်ဆေးဝါးများ (အထူးသဖြင့် ယာဘား) များ ဘင်္ဂလာဒေခ်ျ့ ၀င်ရောက်နေ၍ ဖြစ်ကြောင်း၊ ထိုအခြေအနေများကြောင့် နယ်စပ်တလျှောက်တွင် လူမူရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း ပြောသည်။

နယ်စပ် တလျှောက် လူကုန်ကူးမူနှင့် မူးယစ်ဆေးဝါးသည် အမှန်ပင် ဘင်္ဂလာဒေခ်ျ့အား ပြဿနာ ဖြစ်ပွားစေကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က ပြောဆိုသည်။

နှစ်နိုင်ငံ အကြား နယ်စပ် လုံခြုံရေး နှင့် ပတ်သက်ပြီး ဆွေးနွေးမူမှာ စတင် ခါစပင် ရှိသေးသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောကြောင်း သတင်းတွင် ရေးသားထားသည်။
နိရဉ္စရာ- 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template