Headlines News :
Home » » တိုင်းရင်းသားတို့၏ တပြည်လုံးအပစ်ရပ်ရေးမူကို အစိုးရ ကမူအရ သဘောတူလက်ခံ

တိုင်းရင်းသားတို့၏ တပြည်လုံးအပစ်ရပ်ရေးမူကို အစိုးရ ကမူအရ သဘောတူလက်ခံ

Written By လွင့်မောင်မောင် on Tuesday, September 10, 2013 | 11:27 PM



တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ WGEC မှ ရေးဆွဲတင်ပြသော တပြည်လုံး အပစ်ရပ်ရေးမူကို အစိုးရဘက်က မူအရလက်ခံထားပြီး အစိုးရဘက်ကလည်း အချက် ၄ ချက်  ချမှတ်ထားသည်ဟု သိရပါသည်။

rcss-upwc
ယခုလ ၆ ရက်နှင့် ၇ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ WGEC  အစည်းအဝေး ၌ ကရင်အမျိုးသားအစည်းအရုံး KNU  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  မှ နည်းပညာကိုယ်စားလှယ်အဖွဲ့က မြန်မာငြိမ်းချမ်းရေးစင်တာမှ နည်းပညာအဖွဲ့တို့နှင့် ရန်ကုန်မြို့တွင်တွေ့ဆုံဆွေးနွေးခဲ့မှုများကို ပြန်လည်တင်ပြခဲ့ပါသည်။
မြန်မာငြိမ်းချမ်းရေးစင်တာဘက်က ဩဂတ်စ်လ ၂၃ ရက်က WGEC မှ ရန် ကုန်မြို့၌ တင်ပြ သော တနိုင်ငံလုံး အပစ်ရပ်စဲ ရေးသဘောတူညီချက် မူကြမ်း ၁၄ ချက်ကို အစိုးရဘက်မှ လက်ခံ ကြောင်း တုန့်ပြန်ပြောဆိုလိုက် သည်ဟု ကိုယ်စားလှယ်တဦးကပြောပါသည်။ သို့သော် အဆိုပါ မူ ၁၄ ချက်တွင် စကားလုံးနှင့် အချက် အနည်းငယ် ပြင်ရမည်ဟုလည်းပြောဆို သွားသည်ဟု ဆိုပါသည်။

တင်ပြခဲ့သည့်အချက် ၁၄ ချက်တွင်  ၁- တပြည်လုံးအပစ်ရပ်စဲရေး ။ ၂- စစ်ဘက်ဆိုင်ရာကျင့်ဝတ် ချမှတ်ရန် (COC) ။ ၃- အပစ်ရပ်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရန် ၄- ပူးပေါင်း ငြိမ်းချမ်းရေးရုံးဖွင့်လှစ်ရန် ၅- လက်နက်ကိုင် တပ်ဖွဲ့ များအတွက် နေရာချထားရေး ၆- လွတ်လပ်စွာလှုပ်ရှားသွားလာပိုင်ခွင့် ၇- စစ်ရေး လက်တွဲ ပူးပေါင်းရေး ၈- ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊  ၉- လူမှုရေးဆိုင်ရာပြဿနာများပူးပေါင်းဖြေရှင်းရေး၊ ၁၀- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၊ ၁၁- NGO နှင့် INGO များလွတ်လပ်စွာသွားလာ ကူညီခွင့်ပေးရေး၊ ၁၂- မြေယာပြဿနာ၊ ၁၃- လူ့အခွင့်အရေးပြဿနာ ၊ ၁၄- လက်နက်ကိုင် အဖွဲ့နှင့် စည်းမျဉ်းစည်းကမ်းများ တို့ဖြစ်ပါသည်။ အဓိက မှာ အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်နေစဉ်ကာလအတွင်း  တည်ဆဲဥပဒေများဖြင့် အရေးယူခြင်းမပြုရန် ဖြစ်သည်ဟုပါရှိပါသည်။

အစိုးရဘက်ကလည်း အချက် ၄ ချက်ကို ချမှတ်ထားကြောင်း ၁- ပြည်နယ် အဆင့်သဘောတူညီမှု စာချုပ် ၁၄ ခုနှင့် ပြည်ထောင်စုအဆင့် သဘောတူညီမှု ၁၉ ခု စုစုပေါင်း ၃၃ ခုကို တို့ကို တရားဝင် အသိအမှတ်ပြုရန် ၂- ဥပဒေပြင်ပ အဖွဲ့အစည်းနှင့်ဆက်သွယ်သည်ဟူသည့်ဥပဒေ ဖြင့် မဖမ်းဆီး ရန် ၊  ၃- နိုင်ငံရေးဆွေးနွေးရေး မူဘောင် အကြောင်း ဆက်လက်ဆွေးနွေးရန်နှင့် ၄- နိုင်ငံရေး စေ့စပ်ပွဲ သို့မဟုတ် ပင်လုံကဲ့သို့ ညီလာခံကို ဆက်လက်ကျင်းပသွားရန်တို့ဖြစ်ပါသည်။

ထို့အပြင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များက အစိုးရရေးဆွဲထားသော အချိန်ဇယားနှင့် ပတ်သက်၍ “ အောက် တိုဘာလ တွင် တပြည်လုံးအပစ်ရပ်ရေး ဆွေးနွေးပြီး လက်မှတ်ရေးထိုးမယ်။ ဒီကြားထဲ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ ဆွေးနွေးမယ်။ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို တော့ ၂၀၁၃ နိုဝင်ဘာကနေ ၂၀၁၄ မတ်လ အထိ  ၅ လအတွင်း သဘောတူညီချက်ရအောင် ရေးဆွဲကြ မယ်။ ပြည်ထောင်စုအဆင့် ညီလာခံ (ပင်လုံကဲ့သို့ညီလာခံ)ကို ၂၀၁၄ ဧပြီ နဲ့ ၂၀၁၅  မတ်လ ကြားမှာ ကျင်းပနိုင်အောင်ကြိုးစားမယ်” အစရှိပါဝင်ကြောင်းပြော ပါသည်။

WGEC မှ တင်ပြထားသည့်အချက်တချက်မှာ အစိုးရဘက်က လက်မှတ်ရေးထိုးမည့်သူ ၄ ဦး ရှိရန် သမ္မတ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ကာကွယ်ရေးဦးစီးချုပ် တို့ကိုအဆိုပြုထားပါသည်။   မြန်မာငြိမ်းချမ်းရေးစင်တာကမူ ပြည်ထောင်စုရှေ့နေချုပ် ပါစေလိုကြောင်း ပြောပါသည်။ ဆွေးနွေးပွဲတွင် သက်သေ အဖြစ် ပြည်တွင်းမှ ခေါင်းဆောင်များ ဥပမာ ဒေါ်အောင် ဆန်းစုကြည်၊ ခွန်ထွန်းဦး နှင့် ၈၈ ကျောင်းသား ခေါင်းဆောင် တို့ ပါစေလိုကြောင်း   ကမ္ဘာကုလသမဂ္ဂဘက်ကမူ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ပါဝင်မည်ဟု ကတိပေး ထား ပြီးဖြစ်ကြောင်း ပြောဆိုပါသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု- ဥက္ကဌ ၂ ဦးအောင်မင်းကလည်း ယခုလက်ရှိ ပြည်နယ်အဆင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၄ ဖွဲ့ရှိကြောင်း၊ သဘောတူညီ ချက်မရသေးသည်မှာ ကချင် KIO/KIA နှင့် တအာန်း ( PSLF/TNLA )တို့သာ ကျန် ကြောင်း ပြောဆိုပါသည်။ ၁၄ ဖွဲ့အတွင်း တီးခေါက်ကြည့် ရာတွင်လည်း ၁၀ ဖွဲ့မှာ တပြည်လုံး အပစ်ရပ်ရေးအား လက်ခံဘောတူထားကြောင်း၊ ဩဂတ်စ်လ ၃၁ ရက်နေ့တွင် ပြော ဆိုပါသည်။

ပြီးခဲ့သည့် ဩဂစ်လ ၁၅ ရက်ကလည်း ဦးလှမောင်ရွှေက “ အပစ်မရပ်သေးတဲ့ ဥပမာ ကချင်လိုမျိုး ပေါ့ လာပြီး လေ့လာချင်တယ်ဆိုရင်လဲ ကျနော်တို့ ကြိုဆိုပါတယ်။ တကယ်လို့ နောက်ပိုင်း မှ အပစ်ရပ်လက်မှတ်ရေး ထိုးချင် တယ်ဆိုရင်လည်း ရပါတယ်။” ဟုပြောပါသည်။

ဩဂတ်စ်လ ၂၃ ရက်က RCSS ကိုယ်စားလှယ်များက ရန်ကုန်မြို့တွင် အစိုးရကိုယ်စား လှယ်နှင့် တွေဆုံရာတွင် - တပြည်လုံးအပစ်ရပ်ဆွေးနွေးပွဲကျင်းပရာတွင် အပစ်ရပ်ထားသည့် အဖွဲ့တည်းသာ မဟုတ်ဘဲ တခြား အပစ်မရပ်ရ သေးသည့်အဖွဲ့များ တဖွဲ့မကျန်  ခေါ်ယူဖို့လိုအပ်ကြောင်း၊  တဘက် ဘက်မှ လက်ခံလာနိုင်အောင် ဆွေးနွေးမည့် ခေါင်းစဉ်ကိုထပ်မံဖြည့်ဆည်းဖို့လိုကြောင်း၊ မပါမဖြစ် သည့်အချက်တချက်မှာ တပြည်လုံး အပစ်ရပ်ပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးမှု တဆက်တည်းလုပ်သွား ဖို့လိုအပ်ကြောင်း ၊ ၁၇-၁ ဥပဒေ သည်လည်း ငြိမ်းချမ်းရေးတည် ဆောက်ရေးအတွက် အနှောင့် အယှက်မဖြစ်စေလိုကြောင်း၊  အစရှိဆွေး နွေးရမည်ဟုပါရှိပါသည်။

ဩဂတ်စ်လ ၂၃ ရက်နေ့ က ရန်ကုန်မြို့ဆွေးနွေးပွဲတွင် RCSS/SSA ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဗိုလ်မှူးကြီး စိုင်းလှ နှင့် ဒု- ဗိုလ်မှူးကြီးစိုင်းငင်း၊  KNU ဘက်မှ အတွင်းရေးမှူး စောကွယ်ထူးဝင်း၊ အကြံပေးပုဂ္ဂိုလ် စောထူးထူး လေး၊ တားဒိုမိုး အစရှိပါဝင်ပါသည်။  တိုင်းရင်းသားရေးရာ ပညာရှင် ဒေါက်တာဆလိုင်းလျဲန်မုန်းဆခေါင်းလည်း ပါဝင်ပါသည်။   အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်  MPC ဘက်ကမူ  ဦးလှမောင်ရွှေ၊ ဦးကျော်ရင်လှိုင်၊ အောင်နိုင်ဦး၊ ကျော်စိုးလိုင်၊ ညိုအုန်းမြင့်၊ ရီဘက်ကာ နှင့် ကျော်ဆန်းဦးတို့ ဖြစ်ပါသည်။

တပြည်လုံးအပစ်ရပ်ရေး သဘောတူညီချက် အတွက် မူကြမ်းဖြစ်ပေါ်လာရေးအတွက် ကရင် KNU ၊ သျှမ်း  RCSS နှင့်  MPC တို့ ယခုတပတ်အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးဦးမည်ဖြစ်ကြောင်း သိရပါသည်။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template