Headlines News :
Home » » လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

Written By လွင့်မောင်မောင် on Monday, September 9, 2013 | 10:31 PM

 8.1.1
စက်တင်ဘာ ၇ ရက်က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ရန်ကုန်မြို့၌ တရားစီရင်ရေးဆိုင်ရာ အဖွဲ့များနှင့် တွေ့ဆုံစဉ်
လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည် ဟု ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ တရားရေးဆိုင်ရာ အဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “တရားဥပဒေ စိုးမိုးရေး ဆိုလို့ရှိရင် လွှတ်တော်တွေက (သို့မဟုတ်) အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဥပဒေတွေဟာ တရားမျှတပြီး အများပြည်သူ လိုက်နာနိုင်တဲ့ လက်တွေ့ကျတဲ့ ဥပဒေတွေ ဖြစ်ဖို့လိုတယ်။ ဒီအပိုင်းသည် ဘယ်သူ့တာဝန်လဲ ဆိုတော့ ကျွန်တော်တို့ လွှတ်တော် ဥပဒေပြုရေး အဖွဲ့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ပေါ်ပေါက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ လွှတ်တော်မှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အတွေ့အကြုံလည်း နည်းပါသေးတယ်။ ဒီအတိုင်းပဲ လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်ဝန်ထမ်းတွေ အပိုင်းကလည်း အတွေ့အကြုံ နည်းပါတယ်။ ဒီနေ့ခေတ် ကျွန်တော်တို့ လွှတ်တော်တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာ စာတွေကို ရအောင်ယူပြီး ပြန်လေ့လာ သုံးသပ်ပြီး ဘယ်ဟာတွေတော့ လွဲသွားတယ်။ ဘယ်ဟာတွေတော့ မှားသွားတယ်။ အဲဒါကို ကျွန်တော်တို့ ပြန်သုံးသပ်ပြီးတဲ့ အခါမှာ လွဲရင်လွဲတယ်။ မှားရင်မှားတယ် ၀န်ခံပြီးတဲ့ အခါမှာ မှားတာကို ပြန်ပြင်မယ်။ လိုတာတွေကို ပြန်ဖြည့်မယ်။ အလုပ်တစ်ခုဟာ ဒီလိုပဲ လုပ်မှ ဖြစ်မှာပါ။ မှားမှန်းသိလျက်နဲ့ ထားနေမယ်ဆိုရင် ကျွန်တော်တို့ တာဝန်ကျေရာ မရောက်ဘူး။ မှားရင်မှားတယ် ဆိုတာ ရဲရဲဝံ့ဝံ့ ၀န်ခံပြောဆိုတာဟာ ပိုကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် မကြာသေးခင်က လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကို မှားတာတွေ၊ လွန်တာတွေ ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ပြန်လည် သုံးသပ်ပါ့မယ်။ ဒီလိုပဲ တည်ဆဲဥပဒေတွေကို ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့၊ ရှေ့နောက် မညီမညွတ် ဖြစ်တာကို၊ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာ တွေလည်း ရှိပါတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးဆိုတဲ့ နေရာမှာ ဥပဒေပြုရေး အဖွဲ့ကလည်း တရားမျှတသော ဥပဒေများ၊ အများလိုက်နာ နိုင်သော ဥပဒေများ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အဲဒီအတွက်တော့ ကျွန်တော်တို့ လွှတ်တော်က တာဝန်ယူရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ခေတ် ကျွန်တော်တို့ ကာလမှာ တရားမျှတသော ဥပဒေများ ပေါ်ပေါက်ရေး၊ တရားမျှတပြီး အများလိုက်နာနိုင်သော ဥပဒေများ ပေါ်ပေါက်ရေး၊ ကျွန်တော်တို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွား ဖြစ်စေသော ဥပဒေဖြစ်ရေး၊ တစ်နည်းဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သော ဥပဒေဖြစ်ရေး ကျွန်တော်တို့ ပြဋ္ဌာန်းလိုက်သော ဥပေဒတွေဟာ တစ်ဦးတစ်ယောက် အတွက်၊ အစိုးရအတွက် လွှတ်တော် အတွက်ပဲ မဟုတ်ရပါဘူး။ နိုင်ငံသား အားလုံးအတွက် ဖြစ်ရပါမယ်။ အဲဒါကို ကျွန်တော်တို့က ရဲရဲဝံ့ဝံ့၊ ထိထိရောက်ရောက် လုပ်သွားဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template