Headlines News :
Home » » မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မြန်မာထိရောက်အောင် မဆောင်ရွက်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မြန်မာထိရောက်အောင် မဆောင်ရွက်

Written By လွင့်မောင်မောင် on Saturday, September 14, 2013 | 2:17 PM


ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများအား နိုင်ငံတကာ မူးယစ်ဆေးဝါးနေ့ မတိုင်ခင် အခမ်းအနားနှင့် မဖျက်ဆီးခင် စစ်ဆေးနေသော မြန်မာ ရဲတပ်ဖွဲ့ဝင်များ။

14.09.2013
မြန်မာနိုင်ငံနဲ့အတူ အာရှတိုက်က အာဖဂန်နစ်စတန်၊ အိန္ဒိယနဲ့လာအိုအပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံကို အမေရိကန်သမ္မတ Barack Obama က ၂၀၁၄ ခုနှစ်အတွက် မူးယစ်ဆေးဝါး အဓိကရောင်းဝယ်ထုတ်လုပ်တဲ့ နိုင်ငံများစာရင်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။

အာရှ၊ အနောက်အာဖရိက အလယ်ပိုင်းအမေရိကတိုက်နဲ့ ကာရေဘီယံ ကျွန်းဒေသမှာရှိတဲ့ ၂၁ နိုင်ငံကို အခုလို သတ်မှတ်တဲ့နေရာမှာ တချို့အစိုးရတွေ အနေနဲ့  မူးယစ်ဆေးဝါးထိန်းချုပ်နိုင်ဖို့ ဥပဒေအရ အပြင်းထန်ဆုံးဖြစ်အောင် ထိန်းသိမ်းနေတဲ့ကြားက ပထဝီဝင် အနေအထားအရ ဖြစ်စေ၊ စီးပွားရေး အရဖြစ်စေ မူးယစ်ဆေးဝါး ထုတ်လုပ်မှုရှိနေတာ၊ ဒါမှမဟုတ် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရာမှာ တဆင့်ခံ ကြားနေ နိုင်ငံအဖြစ် ရှိနေတယ်လို့ သောကြာနေ့မှာ သမ္မတအိမ်ဖြူက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တနှစ်အတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တွေအတိုင်း လိုက်နာဖို့  သေသေချာချာ ကြိုးစားမှုမရှိတဲ့ နိုင်ငံတွေ စာရင်းကိုပါ ထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံနဲ့အတူ Bolivia နဲ့ Venezuela  နိုင်ငံတွေပါ ပါနေပါတယ်။ ဒီနိုင်ငံတွေကို ပြီးခဲ့တဲ့နှစ်အတွင်း လိုက်နာဖို့ မကြိုးစားတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မှတ်တမ်းတင်ပြီး ဒီကိစ္စကို  အမေရိကန်လွှတ်တော်မှာ တင်ပြဖို့နဲ့ နိုင်ငံတော်မှတ်တမ်းမှာ ထည့်သွင်းထုတ်ပြန်ဖို့ပါ သမ္မတက ညွှန်ကြားခဲ့ပါတယ်။

ဒီသုံးနိုင်ငံထဲက မြန်မာနဲ့ Venezuela နိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် သိပ်ကို အရေးပါတာမို့  ဒီနိုင်ငံတွေ အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အမေရိကန်က ကူညီပံ့ပိုးပေးဖို့ပါ ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး  William Brownfield  ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ  မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ပါတယ်။

မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့  ဘိန်းထုတ်လုပ်မှု လျော့ချနိုင်ရေး စတာတွေမှာ ပူးပေါင်းလုပ်ဆောင်မှာဖြစ်တဲ့အပြင် တရားဥပဒေ စိုးမိုးရေးကဏ္ဍမှာလည်း  အကူအညီပေးဖို့ အစီအစဉ်တွေ ချမှတ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template