Headlines News :
Home » » တောင်သူများ အနေဖြင့် ပိုင်ဆိုင်ထားသော လယ်မြေအား ဥပဒေနှင့်အညီ တရားဝင် ဆောင်ရွက်ရမှန်း မသိကြ၍ ဆုံးရှုံးနစ်နာရဟု သူရဦးရွှေမန်း ပြောကြား

တောင်သူများ အနေဖြင့် ပိုင်ဆိုင်ထားသော လယ်မြေအား ဥပဒေနှင့်အညီ တရားဝင် ဆောင်ရွက်ရမှန်း မသိကြ၍ ဆုံးရှုံးနစ်နာရဟု သူရဦးရွှေမန်း ပြောကြား

Written By လွင့်မောင်မောင် on Wednesday, September 11, 2013 | 8:00 PM

(ကော့သောင်းဒေသခံများနှင့် တွေ့ဆုံနေသော သူရဦးရွှေမန်းအား တွေ့ရစဉ်)


၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်သို့ ရောက်ရှိလာသော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကော့သောင်းမြို့ရှိ မဉ္ဇူသက ခန်းမ၌ နံနက် ၁၀ နာရီ အချိန်တွင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့များ၊ မြို့မိ၊ မြို့ဖများအား တွေ့ဆုံရာတွင် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ တောင်သူကြီးများမှာ သနားဖို့ကောင်းကြောင်းကို နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အဓိကထည့်သွင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

"လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး တောင်သူကြီးတွေ သနားဖို့ ကောင်းတယ်။ သူတို့ပိုင်ဆိုင်ထားတဲ့ လယ်ယာတွေကို ဥပဒေနဲ့အညီ တရားဝင်အောင် ဆောင်ရွက်ရမယ်မှန်း မသိကြ။ နားမလည်ကြတော့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ကုန်တယ်။ မြေကိစ္စဟာ နေရာတိုင်းမှာ ပြဿနာတွေ ဖြစ်နေကြတယ်။ အဲဒီကိစ္စတွေကို သက်ဆိုင်တဲ့ ဌာနတွေနဲ့ မြေယာကော်မတီတွေက ဖြေရှင်းပေးကြပါ။ မြေယာကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကိုယ်စားလှယ် ၆၅ ယောက်လောက် အကျေအလည် ဆွေးနွေးကြတယ်။ သမ္မတကြီးဆီကိုလည်း မြေယာကိစ္စအတွက် သ၀ဏ်လွှာ နှစ်ကြိမ်ပေးပို့ခဲ့ဖူးတယ်" ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ပါတီအဖွဲ့များနှင့် ဒေသခံ ပြည်သူများက တင်ပြလာသော ကိစ္စရပ်များမှာလည်း စေတနာနှင့် တင်ပြခြင်းဖြစ်၍ ၀မ်းသာပါကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် ကောင်းတာများရှိသလို လိုအပ်သည်များလည်းရှိကြောင်း၊ အမှန်အတိုင်းပြောရလျှင် ယခုခေတ် အခါသည် အာဏာနှင့်ခိုင်း၍ မရတော့ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသော အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်စေလိုကြောင်းနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို အထောက်အကူပြုရန် အဓိကထား၍ ကြိုးစားလုပ်ကိုင် စေလိုကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲတွင် ဒေသနှင့်ဆိုင်သော လိုအပ်ချက်များအား တင်ပြလာခြင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်ချက် နည်းနိုင်သမျှနည်းရန် အတတ်နိုင်ဆုံးစီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template