Headlines News :
Home » » ရုပ်ရှင်လောကတိုးတက်ရေးနှင့် ရုပ်ရှင်လောကသားတို့အသံ

ရုပ်ရှင်လောကတိုးတက်ရေးနှင့် ရုပ်ရှင်လောကသားတို့အသံ

Written By လွင့်မောင်မောင် on Wednesday, September 11, 2013 | 12:16 AM

ရုပ်ရှင်လောက ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ရုပ်ရှင်လောကသား အနုပညာရှင်တို့၏ရုပ်ရှင် လောကဖွံ့ဖြိုးဖို့ရင်တွင်းစကားများကို ဖော်ပြလိုက်ရပါတယ်။

► ဒါရိုက်တာသီဟတင်သန်း

လက်လှမ်းမီသလောက် ဖတ်ကြည့်တဲ့စာတွေထဲမှာတော့ အားလုံးစည်းလုံးညီညွတ်ရမယ်။ စက်ပစ္စည်းတွေ ကောင်းရလိမ့်မယ်။ နိုင်ငံတော်ရဲ့ ထောက်ပံ့မှုတွေ လိုအပ်တယ်။ နောက်တစ်ခုက ပညာတွေများ လိုအပ်သေးသလား၊ တိုးတက်ဖို့ဆိုတာထက် ကိုယ့်အတွက်ကိုယ်မပြောဘဲ အားလုံးအတွက် ပြောတာကသူများနဲ့ ယှဉ်သင့်တဲ့အချိန်လည်း ရောက်နေပြီ။ ယှဉ်လည်းယှဉ် နေကြပြီ။

တကယ်တန်းဝင်တဲ့ အနုပညာတစ်ခု ဖန်တီးနိုင်တဲ့ သူက Artist လည်း ဖြစ်ရမယ်။ တက်ကနေရှင်လည်းဖြစ်ရလိမ့် မယ်။ အဲဒါမှ သူဖန်တီးတာက တော်တော်ကို ကောင်းတာဖြစ် လိမ့်မယ်။ နံပါတ် ၁ Artist မှာက ဘီဟေးဗီးရားအလွန် ကောင်းတဲ့သူ၊ တအားလေ့လာတဲ့သူ၊ အမြဲတမ်းတက်ကြွတဲ့သူ ဖြစ်နေရမယ်။ အနုပညာဆိုတာ သိပ်အနုစိတ်လွန်းတဲ့ပညာဖြစ်လို့ အနုပညာလို့ခေါ်တာဖြစ်တဲ့အတွက် အဲဒီအနုစိတ်လေးတွေ မြင်တဲ့သိတဲ့သူမှ သာ အနုပညာသည်လို့ ထင်တယ်။ အဲဒါလေးများထပ်ဖြည့် နိုင်ရင် အုန်းခနဲ၊ဒိုင်းခနဲဖြစ်သွားမှာ မဝေးတော့ပါဘူး

► မောင်မျိုးမင်း(ရင်တွင်းဖြစ်)

ကိုရီးယားက KBS မှာ သွားလေ့လာလိုက်တော့ သူတို့ အရင်ဆုံးစပြီး နိုင်ငံတကာကို ထိုးဖောက်တာကအိမ်နီးချင်း နိုင်ငံဖြစ်တဲ့ဂျပန်ကိုစဖောက်တယ်။ ရုပ်ရှင်နဲ့စဖောက်တာ မဟုတ်ဘူး။ တီဗီစီးရီးနဲ့ စထိုး ဖောက်တယ်။အဲဒီ တီဗီစီးရီးက ဂျပန်မှာပေါက်သွားတော့ ဂျပန်ကဝန်ကြီးချုပ်ကတော် ကိုယ်တိုင်ကကိုရီးယား သရုပ်ဆောင်တွေကိုခေါ်ပြီး ညစာအတူစားတယ်။ လိုအပ်တာ အကုန်လုံးကို ပံ့ပိုးပေးတယ်။ အဲဒါကြောင့် အောင်မြင်မှုရခဲ့တယ်။ ယိုးဒယားကျတော့ ရုပ်ရှင်နဲ့စဖောက်တယ်။ တစ်ယောက်နဲ့တစ်ယောက်ထိုး ဖောက်တဲ့ပုံစံချင်မတူဘူး။

ဘာနဲ့ ဖောက်ဖောက်ပေါက်ဖို့က အဓိကပဲ။ ထိုးဖောက်တဲ့အခါမှာ မှားနေတာ။ ကျွန်တော်တို့ ဘဝင်မကျတာ တစ်ခုရှိတယ်။ ဘယ်ကင်မရာနဲ့ ရိုက်မှ 4K နဲ့ တို့အဲဒါတွေကဒီအနုပညာပစ္စည်း ကို ဘယ်သူမှ လာသတ်မှတ်လို့ မရဘူး။ ကျွန်တော်က လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်ကိုပြဖို့ Black & White နဲ့အဲဒီတုန်းက ကင်မရာအစုတ်လေးနဲ့ရိုက်မယ်။ ရိုက်လို့မရဘူးလား။ ရတာပဲ လေ။ အဲဒါကိုဘာတွေလာ သတ်မှတ်နေကြတာလဲ။ အခုထိလည်း Mark II တွေ၊ Mark III တွေနဲ့ ပြနေတာပဲ။ ကမ္ဘာမှာ တင်တဲ့ရုပ်ရှင်တွေကို ပြနေတာပဲ။ ဒီမှာ 4K နဲ့ ပြနိုင်တဲ့ရုံ ဘယ် နှရုံရှိလို့လဲ။ ကွာလတီအ ပြည့်ပြနိုင်လို့လား။ အနုပညာအရည် အသွေးမြင့်အောင်မလုပ်ဘဲ ကျန်တာတွေလျှောက်ပြောနေ ကြတယ်။ ကင်မရာကောင်းကောင်းနဲ့ရိုက်ပြီးဇာတ်ကား မကောင်းရင်ဘာမှလုပ်လို့ မရဘူး။ ဘယ်သူမှလဲ လာမကြည့်ဘူး။ အဲဒီတော့မှကင်မရာဖိုးလည်းကုန်မယ်။ အကုန်ကုန်မယ်။ ၂ခါဆုံးရှုံးမယ်။ ဇာတ်ကား ကောင်းအောင် အရင်လုပ်ကြဦး၊ ကိုယ်ရိုက်တဲ့ဇာတ်ကား အဓိပ္ပာယ်ရှိအောင်အရင်လုပ် ကြဦး။

ကွာလတီကဘာနဲ့မှ ဆိုပြီးအနုပညာကိုလာ ကန့်သတ်လို့မရဘူး။ ဗန်ဂိုးရေးတဲ့ ခဲနဲ့ရေးတဲ့ပန်းချီကားက လည်း ဒေါ်လာတစ်သန်းကျော် ပေးရတာပဲ။ ဆီဆေးနဲ့ရေးတဲ့ ပန်းချီကားလည်း အဲဒီထက်ဈေး ပေါရင်ပေါမှာပဲ။ အနုပညာ လက်ရာအရည်အသွေးနဲ့ပဲဆိုင်တယ်။ ကွာလတီတစ်ခုတည်းနဲ့ ရုပ်ရှင်မဖြစ်ဘူး။ အဲဒီလိုပဲ ဒါရိုက်တာလည်း မဖြစ်ဘူး။ လူအများလက်ခံဖို့ဆိုတာ ရုပ်ရှင်ကကွာလတီတစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး။အရုပ်၊အသံ ကွာလတီရော၊ ဇာတ်လမ်းအရည် အသွေး၊သရုပ်ဆောင်ရဲ့ အရည်အသွေး၊ ဒါရိုက်တာအရည်အသွေးအားလုံးပါပါတယ်။

► နေတိုး

ရုပ်ရှင်လောကသားတွေ က ကိုယ့်လောကအတွက် ကိုယ်ကြိုးစားနေတယ်ဆိုတဲ့ အသိတစ်ခု လူတိုင်းမှာရှိဖို့လိုတယ်။ ပြောင်းလဲလာတဲ့ အခြေအနေ မှာ စားဝတ်နေရေး အခြေအနေ မျိုးစုံတော့ ရှိတာပဲ။ ဒါပေမဲ့ တိုး တက်ဖို့ဆို နိုင်ငံတော်က ပံ့ပိုးကူ ညီဖို့လည်း အများကြီးလိုတယ် လို့မြင်တယ်။

တိုးတက်နေပြီး သားဖြစ်တဲ့ ကိုရီးယား၊ ယိုးဒယားတို့ဆို နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ အများကြီးရှိခဲ့တဲ့အတွက် တိုးတက်အောင်မြင်မှုတွေရခဲ့ တာတွေတွေ့ရတယ်။ ကျွန်တော်တို့ အနုပညာနဲ့ ရုပ်ရှင်ကိုလည်း အမျိုးသားရေးတစ်ခုအနေနဲ့ သဘေားထားပြီးလုပ်စေချင်တယ်။

ဒါရိုက်တာဝင်းထွန်းထွန်း

ရုပ်ရှင်လောက တစ်လောကလုံး တိုးတက်ဖို့ဆိုတာ ရုပ်ရှင် သမားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်အကျိုးထက် ရုပ်ရှင်လောက အကျိုးကို ကြည့်မယ်၊ အဲဒီလို လက်တွေချိတ်ပြီး လုပ်မယ်ဆိုရင် အမြန်ဆုံး ရှေ့ကိုရောက်လာမှာပါ။ ကိုယ်တို့ ရုပ်ရှင်လောကက သူများနိုင်ငံနဲ့ ယှဉ်ရင်နှစ်ပေါင်း၂ဝကျော် နောက်ကျပါတယ်။ အိမ်နီးချင်းနိုင်ငံထက်ကို နောက်ကျတယ်။ ဒါ သူတို့ဘက်ကပြောတာ။ အထွေထွေ ခေတ် နောက်ကျမှုတွေပေါ့။ ငွေရေးကြေးရေးဆိုသူများအစွန်း ထွက်လောက်ပဲ ရင်းနှီးမြှုပ်နှံ နိုင်တယ်။ နည်းပညာအရလည်း စက်ပစ္စည်းတွေ နောက်ကျတယ်။ အချိန်လည်းလိုတယ်။ ဒီအချိန်က အားလုံးက အရင်က ထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ ပိုသွားရမယ်။

မညီညွတ်ရင်တော့ နဂိုကမှလှုပ်လှုပ်ဖြစ်နေတဲ့ လောကပိုပြီးပျက်စီးဆုံး ရှုံးသွားမှာပါ။ ကိုယ်အောင်မြင်ဖို့ထက် တစ်ဦးချင်းစီကလောက တိုးတက်ဖို့ အားလုံးဦးစားပေးမယ်ဆို ဖြစ်လာမှာပါ။ ပြန်ကြားရေးဝန်ကြီးဌာနကလည်းတကယ့် စေတနာအပြည့်နဲ့ အမျိုးသား စီးပွားရေးတစ်ခုအနေနဲ့ ဒါကို မဏ္ဍိုင်တစ်ခုလိုထားပြီး ဆွဲတင် ဖို့လည်းလိုပါတယ်။ အကူအညီ ပံ့ပိုးမှုတွေကိုလည်း ရုံတင်တဲ့ အပိုင်း၊ နိုင်ငံတကာကိုသွား နိုင် ဖို့ခြေလှမ်းတွေ၊ အတတ်ပညာ ရှင်တွေကိုလည်း ပံ့ပိုးလာမယ် ဆို တိုးတက်လာမယ်။

ပြေတီဦး

စည်းလုံးညီညွတ်မှုမရှိသ ရွေ့၊ စိတ်ဝမ်းတွေကွဲနေသရွေ့ ဘယ်လောက်လုပ်လုပ် မတိုးတက်ဘူး။ အရေးကြီးတာက ကိုယ့်အတ္တ၊ ဖြစ်ချင်စိတ်တွေ ဖယ်နိုင်ရမယ်။ တစ်လောက လုံးကောင်းကျိုးအတွက် ဆိုရင် ကိုယ့်မှာထိခိုက်နစ်နာရင် နည်း နည်းတော့ ခံနိုင်ရည်ရှိရမယ်။ သရုပ်ဆောင်လောကကို မြှင့် တင်ပြီး ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ လောကအတွက် လိုအပ်လာပြီဆို သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ အကုန် လုံး တစ်လကို ၄ ကားရိုက် နေ ရာကနေ ၃ ကားပဲရိုက်ရမယ်ဆို အထိခိုက်ခံပြီး လိုက်နာပေးခဲ့ တယ်။တကယ်တမ်း ဒီဝင်ငွေက နည်းတာ မဟုတ်ဘူးလေ။

ပါဝင်ပူးပေါင်းရမယ်၊ ကိုယ့်အကျိုး စီးပွားလေးနည်းနည်း ထိခိုက်ပြီ ဆိုတာနဲ့ပြဿနာတွေရှာမယ် ဆို တစ်သက်လုံး တိုးတက်မှာ မဟုတ်ဘူး။ ဒီတော့ ဒီလောက တိုးတက်ချင်ရင်စည်းလုံးညီညွတ် မှုကိုအရင်တည်ဆောက်ရမယ်။

ဖွေးဖွေး

ရုပ်ရှင်လောကဆိုတာသဘာ ဝအတိုင်းဖြစ်လာတဲ့အရာ မဟုတ်ဘူးလေ။ လူတွေလုပ်ထားတဲ့ အရာဖြစ်တဲ့အတွက်ကြောင့် အဲဒီလူတွေကတိုးတက်အောင် လုပ်ရင်တော့ တိုးတက်နိုင်သလို၊ မတိုးတက်အောင်လုပ်ရင်တော့ တိုးတက်လာမှာမဟုတ်ဘူး။ သဘာဝက လုပ်ထားတဲ့ အရာ မဟုတ်တဲ့အတွက်ကြောင့် လူတွေနဲ့ဆိုင်ပါတယ်။

Popular Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template