အနုပညာရှင်များထဲတွင် ပရဟိတလုပ်ငန်းများကို စိတ်ဝင်တစားလုပ် ကိုင်နေကြသူတွေ အများအပြားရှိပါတယ်။ အဲဒီလို လုပ်ကိုင်ကြသူ တွေထဲမှာ အနုပညာရှင်များစွာ ပါဝင်ဖွဲ့စည်းထားသော မေတ္တာသင်္ဂဟအဖွဲ့မှ အကယ်ဒမီခန့်စည်သူလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ခန့်စည်သူနဲ့ သူ့ရဲ့ 'ပရဟိတ'လုပ်ငန်းတွေအကြောင်းကို အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။
မေး - ပရဟိတဆိုတာကို ကိုခန့် ဘယ်လိုခံယူထားလဲ။
ဖြေ - ပရဟိတဆိုတာက လူတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ်ရှိ ကြဖို့ပါပဲ။ လူဆိုတာ ဘာလဲ။ လူပီသဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ကိုယ် ချင်းစာတရား ရှိရမယ်။ ကိုယ်က သူများကိုကြမ်းကြမ်းတမ်းတမ်း နစ်နစ်နာနာပြောဆိုလိုက်မယ်ဆိုရင် မပြောခင်ကတည်းက စဉ်းစား သင့်တယ်။ ငါ့ကို တစ်စုံတစ်ယောက်ကသာ ဒီလိုမျိုးလာပြောမယ် ဆိုရင် ငါသည်းခံနိုင်မလား။ ငါသည်းမခံနိုင်ရင် သူများကလည်း ငါ ပြောတာကို လက်ခံချင်ပါ့မလားဆိုတာကို စဉ်းစားသင့်တယ်။ ငါလုပ် လိုက်တဲ့လုပ်ရပ်က မှန်ရဲ့လား။ ငါပြောလိုက်တဲ့စကားက သူ့အတွက် ဘယ်လောက်တောင်နစ်နာသွားမလဲဆိုတာကို စဉ်းစားမယ်ဆိုရင် ဒီ ထက်ပိုပြီးတော့ ပရဟိတလုပ်ငန်းတွေ ပိုပြီးများလာလိမ့်မယ်လို့ ထင် တယ်။ ကျွန်တော်ကတော့ ပရဟိတဆိုတာ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်း စာစိတ်ရှိတတ်ဖို့ပဲ လိုအပ်တယ်လို့ထင်တယ်။ လူတိုင်းက ကိုယ်ကိုယ် တိုင်တွေ့ကြုံခံစားရတော့မှ ခံစားရကောင်းမှန်း သိကြတာပါ။ ပရဟိတ လုပ်ချင်တဲ့စိတ်ဓာတ်က ဘယ်လိုအရာတွေနဲ့မှ နှိုင်းယှဉ်ပြလို့ မရပါဘူး။
မေး - ပရဟိတအနေနဲ့ သွားပြီးတော့လှူဒါန်းတဲ့နေရာတွေမှာ ကြုံ တွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေလည်း ပြောပြပေးပါဦး။
ဖြေ - ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့လူတန်းစား ဆိုပြီးတော့ ဖြစ်ပေါ်နေ တဲ့အခြေအနေမှာ ထားစရာမရှိတဲ့ သူတွေကျတော့လည်း ကားတွေတစ်စီးပြီးတစ်စီးဝယ်၊ မြေတွေ တစ်ဧကပြီးတစ်ဧကပိုင် ဖြစ် နေတဲ့အခြေအနေမှာ စားစရာမရှိတဲ့သူတွေကျတော့လည်း တစ်နေ့ တစ်နေ့ ထမင်းနပ်မှန်အောင်စားရဖို့အတွက် အတင်းရုန်းကန်နေရ ပြီး သူတို့အတွက် တစ်နေ့တာဖြတ်သန်းမှုက သိပ်ကိုပင်ပန်းဆင်းရဲ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေတယ်။ ဒီလိုကွာခြားရတဲ့အထဲ သဘာဝဘေး အန္တရာယ်တွေ၊ ပြီးတော့ စစ်ဘေးဒုက္ခတွေကြောင့် သူတို့မှာ ဒုက္ခအ မျိုးမျိုးကို ခါးစည်းခံနေရတယ်။ ဒီလိုမျိုးတွေ ကျွန်တော်ပြောပြတယ် ဆိုတာကလည်း ဘဝပေးအခြေအနေတွေ ကွာခြားတယ်ဆိုတာကို နှိုင်းယှဉ်ပြတာပါ။
မေး - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့ ဘယ်လိုနေရာမျိုးတွေကို သွားရောက် လှူဒါန်းပြီးပြီလဲ။
ဖြေ - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့က ဘယ်လိုနေရာမျိုးမှ လှူမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့ နေရာမှန်သမျှကို လှူဒါန်းသွားတာပါပဲ။ အခုလောလောဆယ် ကျွန်တော် တို့ ရန်ကုန်ကလေးဆေးရုံ၊ ပညာရေးဖောင်ဒေးရှင်း၊ ကူးစက်ဆေးရုံ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း၊ အင်းစိန်အကျဉ်းဦးစီးဌာန၊ ကရင်ပြည် နယ် စစ်ဘေးဒုက္ခသည်တွေ၊ ဒုက္ခသည်စခန်းတွေ၊ ဆေးရုံတွေ အခု ဆိုရင် သွားလှူတာ နေရာ ၂ဝကျော်နေပါပြီ။ ဒီထက်လည်း နောက်ပိုင်း မှာ သွားလှူနိုင်မယ်လို့ထင်ပါတယ်။
မေး - ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး အခြေအနေလေးတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ - တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအကျ ဆုံးနဲ့ အခြေခံအကျဆုံးက ကလေးသူငယ်တွေပါပဲ။ ဒုက္ခရောက်နေ တဲ့အတွက် သူတို့လေးတွေရဲ့ပညာရေးအခြေအနေက အင်မတန်ရင် လေးစရာကောင်းပါတယ်။ ပညာသင်ရမယ့်အရွယ်တွေမှာ ပညာမ သင်နိုင်ကြဘဲ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ဘေးအန္တရာယ်တွေ အမျိုးမျိုးကိုရင်ဆိုင်နေကြရတော့ သူတို့လေးတွေရဲ့ ပညာရေးအခြေ အနေက ဆိုးရွားလာပါတယ်။ ဒါပေမဲ့ ၂၀၀၈ခုနှစ်မှာ ကျရောက်ခဲ့တဲ့ နာဂစ်က အဆိုးထဲက အကောင်းလို့တောင်ပြောရမယ်။ နာဂစ်ဒဏ် ကိုခံလိုက်ကြရတဲ့အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးကို လှုပ်နှိုးလိုက်သလိုပါပဲ။ အဲဒီတော့မှ ပရဟိတစိတ်တွေဖြစ်ပေါ်လာ ကြပြီး ပရဟိတလုပ်ငန်းတွေကို အရင်ကထက်ပိုပြီးတော့ လုပ်လာကြ တယ်။ အရင်ကထက်စာရင် အခုက လူတိုင်းလိုလို၊ နေရာတိုင်းလိုလို ပရဟိတလုပ်ဖို့ စိတ်အားထက်သန်နေကြတဲ့အတွက် ဝမ်းသာစရာ ကောင်းပါတယ်။
မေး - မြန်မာနိုင်ငံမှာ လက်ရှိလုပ်ကိုင်နေကြတဲ့ ပရဟိတလုပ်ငန်းတွေ အတွက် ပြောချင်တာတွေရှိရင်လည်း ဖြေကြားပေးပါ။
ဖြေ - အဓိကလိုအပ်တာက ပရဟိတအဖွဲ့အစည်းတွေကို စနစ် တကျနဲ့ဖွဲ့စည်းထားနိုင်ဖို့ လိုအပ်တယ်။ ဒီထက်ပိုပြီးတော့ စည်းစနစ် ကျတဲ့အဖွဲ့အစည်းတွေပေါ်ပေါက်လာရင် ဒီထက်ပိုပြီးတော့ အဆင် ပြေလာနိုင်မယ်။ ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လူ ငယ်လူရွယ်တိုင်း ကြည့်တတ်ဖို့လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစားတတ်ဖို့တွေ လိုအပ်နေ ပါတယ်။
နွေးနွေးတွေ့ဆုံမေးမြန်းသည်
The Yangon Times