Headlines News :
Home » » ““အဲဒါရေးရင်တော့ ခင်ဗျားတို့ကို ကျွန်တော် တစ်ခုခုလုပ်မယ်”” လွှတ်တော်၌ မေးမြန်းသော သတင်းထောက်ကို ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌ ဦးဌေးဦးပြော

““အဲဒါရေးရင်တော့ ခင်ဗျားတို့ကို ကျွန်တော် တစ်ခုခုလုပ်မယ်”” လွှတ်တော်၌ မေးမြန်းသော သတင်းထောက်ကို ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌ ဦးဌေးဦးပြော

Written By လွင့်မောင်မောင် on Friday, October 4, 2013 | 5:24 PM

 ရန်ကုန်၊ အောက်တိုဘာ ၂

ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကို အောက်တိုဘာ ၂ ရက် လွှတ်တော် အစည်းအဝေးအပြီး မြန်မာသံတော်ဆင့် သတင်းထောက်က တွေ့ဆုံမေးမြန်းခဲ့ရာ ဦးဌေးဦးက အဆိုပါ သတင်းထောက်ကို သံတော်ဆင့်အနေဖြင့် ၎င်းအပေါ် ရေးသားချက်ရှိပါက တစ်ခုခု ပြန်လုပ်မည်ဟု ပြင်းထန်စွာ ထည့်သွင်း ပြောကြားခဲ့သည်။ ဦးဌေးဦးကို မေးမြန်းချက်များနှင့် ၎င်း၏ ဖြေကြားချက်များမှာ-

ဂျာနယ်တစ်ခုမှာ ရေးထားတယ်။ လက်ရှိ အခြေခံဥပဒေဟာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကမကျဘူး။ အခြေခံဥပဒေဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းတာတဲ့ ပေတံတစ်ချောင်းမျှသာ ဖြစ်တယ်။ အဲဒီအပေါ်မှာ  လွှတ်တော်အမတ်အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါသလဲခင်ဗျာ။

ကျွန်တော့်အမြင် ပြောရရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံတစ်ခု အတွက်တော့ မရှိရင် မဖြစ်ဘူး။ သို့သော်လည်းပဲ မရှိတဲ့ နိုင်ငံတော့ ရှိတယ်။ ရှားတယ်။ မရှိရင်မဖြစ်ဘူး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ။ ဒါကြောင့် ရှိဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ကျင့်သုံးနေတဲ့ အချိန်မှာ အများစုက နေပြီးတော့မှ ဆန္ဒကို လိုက်နာရမယ်ဆိုတဲ့ အချိန်ကျတော့ အများစုနဲ့ အနိုင်ကျင့်တဲ့ သဘောမျိုးတွေလည်း ဖြစ်တတ်တယ်။ ဒါကြောင့် အနည်းစု ဘက်ကိုလည်းပဲ၊  အနည်းစုရဲ့ သဘောထားကိုလည်းပဲ ဒါအလေးထားရမယ် ဆိုတဲ့ ဥစ္စာ ပေါ်လာတယ်။ သို့သော်လည်းပဲ အများစုရဲ့ ဆန္ဒကို လိုက်နာမယ်။ အနည်းစုရဲ့ ဆန္ဒကိုလည်း အလေးထားရ မယ်လို့ ပြောတယ် ဆိုလို့ရှိရင် ဘယ်သူကနေ ဆုံးဖြတ်မလဲဆိုရင် နိုင်ငံတော် အစိုးရကပဲ ဆုံးဖြတ်ရမယ်။ အဲဒီတော့ ဆုံးဖြတ်ရမယ် ဆိုရင် ဒီလို ပြောနေမယ့်အစား ဒီလို ဘယ်လို လိုက်နာရမယ် ဆိုတာ ကတိက၀တ် သဘောမျိုး ရေးရမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ။ ဒါကြောင့် ဒီအစိုးရလည်းပဲ ဒီဥပဒေနဲ့ အညီပဲ လိုက်နာရမယ်။ ပြည်သူကလည်း ဒီဥပဒေနဲ့အညီပဲ သွားရမယ်။ အဲလိုသွားတဲ့ အချိန်ကျတော့ ဆွဲတဲ့အပေါ်မှာ ဘာကို ရည်ရွယ်ပြီး ရေးလဲဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက် အောင်မြင်အောင်ပဲ ရေးကြတာပဲ။ နိုင်ငံတိုင်း နိုင်ငံတိုင်းက ကိုယ့်ရည်မှန်းချက် အောင်မြင်အောင် ရေးတာပဲ။ ကျွန်တော်တို့လည်း တည်ငြိမ်အေးချမ်းမှု လိုချင်တယ်။ ဖွံ့ဖြိုးတိုးတက်မှု လိုချင်တယ်။ ဒါကြောင့် ဒီစနစ်နဲ့သွားမယ် ဆိုပြီး ဒီလိုပဲ ရေးတာပဲ။ ဒါပဲလေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ။

ကျွန်တော်မေးချင်တဲ့ မေးခွန်းက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ဥပဒေက အဓိကမကျဘူးလို့ ရေးထားတဲ့ အပေါ်မှာ အဲဒီအပေါ်မှာပဲ အန်ကယ့်အမြင် ဘယ်လိုရှိလဲ။

ကျွန်တော်ကတော့ အဲဒီအခြေခံဥပဒေ ဆိုတဲ့ဥစ္စာ Structure တွေပေါ့။ ကျွန်တော်တို့က ဘယ်လိုလမ်းစဉ် တွေနဲ့ သွားကြမယ်ဆိုတဲ့ ပုံစံတွေပေါ်တာပေါ့။ တကယ်လက်တွေ့ လုပ်မှဖြစ်မှာပေါ့။ ဥပဒေကြီးက ဘယ်လောက် ကောင်းကောင်း လူတွေမလုပ်ရင် ဘယ်ဖြစ်မလဲ။ ဥပမာ ဥပဒေထဲမှာ ပါနေတဲ့ အချက် အလက်တွေက အရမ်းကောင်းတယ်။ နိုင်ငံတော် အစိုးရကလည်း မလုပ်ဘူး။ လူထုကလည်း မလုပ်ဘူးဆိုရင် ဘယ်ဖြစ်မလဲ။

အဲဒါဆိုရင် အဲဒီ အယ်ဒီတာတွေ သုံးသပ်ထားတာကို အန်ကယ်လက်ခံတဲ့ သဘောလား။

ကျွန်တော် The Voice အယ်ဒီတာတွေ သုံးသပ်ထားတာကို မဖတ်ဖူးဘူး။ မဖတ်ရသေးဘူး။ သို့သော်လည်းပဲ ကျွန်တော့်အမြင်အရ ပြောမယ်ဆိုရင် Voice ကို ကျွန်တော် မပြောဘူး။ ဘယ်ဥပဒေ မဆို လိုက်နာရမှာ ဖြစ်တယ်။ အဲဒါပဲရေး။ နို့မိုဆိုတော်ကြာ Voice ပြောတာ မဟုတ်ဘူးတို့ ဟုတ်တယ်လို့ ခင်ဗျားတို့က ရေးတတ် လွန်းအားကြီးလို့နော်။ အဲဒါရေးရင်တော့ ခင်ဗျားတို့ကို ကျွန်တော်တစ်ခုခု လုပ်မယ်။…

နောက်တစ်ခုက The Voice မှာပဲပါတဲ့ ဆောင်းပါးတစ်ခုမှာ ဒီအခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်နေတဲ့အပေါ် သုံးသပ်ထားတဲ့အထဲမှာ ကောက်စာတစ်ခု ဆွဲထုတ်ထားတာဆိုရင် ကိုယ်လိုချင်တာကို တောင်းနေတာက နိုင်ငံရေး မဟုတ်ဘူး ဆိုပြီး သုံးသပ်ထားတာ ရှိပါတယ်။ အဓိက,ကတော့ လက်ရှိ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဆိုပြီးတော့ NLD အပါအ၀င် ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရော အားလုံးလုပ်တဲ့ အပေါ်မှာ သူတို့က သုံးသပ်ထားတယ်။ အဲဒါကိုလည်း ဘာနဲ့ ညွှန်ပြ ထားသလဲဆိုတော့ ၁၉၆၁ ခုနှစ်တုန်းက ဦးစ၀်ခွန်ချို တို့လုပ်တဲ့  ဖက်ဒရယ်အခြေခံမူ ဘယ်လို ပျက်စီးသွားတယ်ဆိုပြီး အဲဒီလိုမျိုး ထောက်ပြထားတာ ရှိတယ်။ အန်ကယ်တို့ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။

ကျွန်တော်မြင်တာပေါ့နော်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ပါတီ တစ်ခုတည်း အတွက်လည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အတွက်ပဲ။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ စဉ်းစားမယ်ဆိုရင် တစ်ဦးတည်း အတွက်လည်း မစဉ်းစားဘူး။ အဖွဲ့အစည်း တစ်ခုအတွက်လည်း မစဉ်းစားဘူး။ ဒေသတစ်ခု အတွက်လည်း မစဉ်းစားဘူး။ တစ်နိုင်ငံလုံးအတွက်ပဲ စဉ်းစား တယ်။ လူမျိုး တိုင်းရင်းသားလူမျိုး ဒီမှာနေထိုင်တဲ့ အားလုံးအတွက်ပဲ စဉ်းစားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီအတိုင်းပဲ စဉ်းစားရတယ်။ ဒါကြောင့် တစ်ဦးတည်း တစ်ယောက်တည်းအတွက် တောင်းတယ် ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ အပိုင်းတစ်ခု အနေနဲ့ ၀င်ချင်ဝင်မယ်။ သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ စစဉ်းစား ကတည်းက မူဘောင်ဆွဲကတည်းက အကုန်လုံးအတွက် စဉ်းစားတာဖြစ်တယ်။ ဒီသဘောမျိုး ပြော သလားတော့ ကျွန်တော်မသိဘူး။ အဲဒီသဘောမျိုး ပြောတယ် ဆိုရင်တော့ ကျွန်တော် လက်ခံတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အများအတွက် စဉ်းစားတာကိုး။

ဦးဌေးဦးသည် ယခင် စစ်အစိုးရ လက်ထက် တိုင်းမှူး ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ တာဝန် ထမ်းဆောင်လျက်ရှိကာ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်ရေး၌ လူပြောများနေသော ခေါင်းဆောင် တစ်ဦး ဖြစ်သည့်အပြင် သဘောထား တင်းမာသော၊ မှန်ကန်သည့်ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်မှု မရှိသည့် ပါတီခေါင်းဆောင် တစ်ဦးအဖြစ် ပါတီဗဟိုကော်မတီဝင် အချို့က ပြောဆိုမှုများ ရှိခဲ့သည်။ ထို့အပြင် အစိုးရအဖွဲ့ ဒုဝန်ကြီး အဆင့်တွင် ပါဝင်ရန် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များမှ အမည်စာရင်းကိုလည်း ဦးဌေးဦး စီစဉ်ရွေးချယ်၍ သမ္မတကြီး (ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ)ထံ တင်ပြပြီးမှ ဒုတိယ၀န်ကြီးများ ခန့်အပ်ခဲ့ခြင်း ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူ ပါတီဗဟို ကော်မတီဝင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည့်စုံ၊ အောင်ထွန်းလင်း

Myanmartandawsint Newspape
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template