Headlines News :
Home » » လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ထားခြင်းမပြုတော့ဘဲ ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ အတည်ပြု

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ထားခြင်းမပြုတော့ဘဲ ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ အတည်ပြု

Written By လွင့်မောင်မောင် on Thursday, October 3, 2013 | 8:09 AM


Thursday, October 3, 2013

လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရန် အောက်တိုဘာ ၂ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ပြန်လည် အတည်ပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သတ္တမအကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးရန် ဆိုင်းငံ့ထားခဲ့သော ယင်းဥပဒေကို သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ တိုင်တန်းချက်များအပေါ် အလေးအနက်ထား ဆောင်ရွက်လိုခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်ထမ်းဆောင်မှုများသည် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသလိုကြောင်း တင်ပြလာခြင်း၊ ပြည်သူလူထုက ယင်းဥပဒေနှင့် ပတ်သက်၍ အကြံပြုစာများအပေါ် ပြည်သူ့လွှတ်တော်မှ အလေးအနက်ထား ထည့်သွင်း စဉ်းစားလိုခြင်းတို့ကြောင့် ဥပဒေကြမ်းအား ဆိုင်းငံ့ထားခြင်း မပြုဘဲ လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ဆက်လက် ဆွေးနွေးရန် ဆိုင်းငံ့ထားခဲ့သော ယင်းဥပဒေကို သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ တိုင်တန်း ချက်များအပေါ် အလေးနက်ထား ဆောင်ရွက်လိုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန် ထမ်းဆောင်မှုများသည် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသလိုကြောင်း တင်ပြလာခြင်း၊ ပြည်သူလူထုမှ ယင်းဥပဒေနှင့် ပတ်သက်၍ အကြံပြုစာများအပေါ် ပြည်သူ့လွှတ်တော်မှ အလေးအနက်ထား . . .

ထို့နောက် လွှတ်တော်တွင် ယင်းဥပဒေကြမ်းအား ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်နေ့စွဲဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ဆွေးနွေးမှုများ ပြုလုပ်၍ နိုင်ငံတော်မှ အချိန်၊ ငွေကြေးကုန်ကျမှုနှင့် အခြားအခက်အခဲများ ဖြစ်ပေါ်လာနိုင်ခြင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ် သြဂုတ် ၂၃ ရက်တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အချေအတင် ဆွေးနွေးခဲ့ကြ၍ ဥပဒေကြမ်းအား ဆိုင်းငံ့ရန် အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းလိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားသည့် အမှုလေးမှုရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template