လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား အထိတ်တလန့်၊
စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် လှုံ့ဆော်သည့်
ဖြစ်စဉ်များကို စစ်ဆေးတွေ့ရှိပါက အီလက်ထရွန်နစ် ဆက်သွယ်
ဆောင်ရွက်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မြင့်အေးက ပြောကြားသည်။
ယင်းကဲ့သို့ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှ တစ်ဆင့်
လှုံ့ဆော်မှုများကို အရေးယူ ဆောင်ရွက်မှုများသည် ယခင်ကတည်းက ရှိနေသော်လည်း
နည်းပညာလိုအပ်ချက်များကြောင့် ထိရောက်စွာ အကောင်အထည် မဖော်နိုင်သေးကြောင်း
သိရသည်။
ထိရောက်စွာ အရေးယူနိုင်ရန်အတွက် နိုင်ငံတကာမှ နည်းပညာများကို ရယူကာ
နည်းဥပဒေကိုလည်း ရေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၁
ရက်က ပြောကြားသည်။
''အဲဒီလို အင်တာနက် စာမျက်နှာတွေကနေ လှုံ့ဆော်တာတွေ၊ မဟုတ်မမှန်တာတွေ၊
ထင်ယောင်ထင်မှား ဖြစ်မယ့်အကြောင်းအရာ ဓာတ်ပုံတွေ တင်တာတွေကို ထိရောက်စွာ
အရေးယူဖို့အတွက် စီစဉ်နေပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ကျူးလွန်တဲ့သူတွေကို
အရေးယူနိုင်ခြင်း မရှိသေးတာက တိတိကျကျ စစ်ဆေးနိုင်မယ့် နည်းပညာတွေ
မရှိသေးလို့ ဖြစ်ပါတယ်။ အခု နည်းဥပဒေ ရေးဆွဲနေတယ်။ ဒီလို
ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ ပြည်သူတွေကလည်း ရဲတပ်ဖွဲ့နဲ့အတူ
ပူးပေါင်းပါဝင်ဖို့ လိုပါတယ် '' ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက
ဆက်လက်ပြောကြားသည်။
ကျူးလွန်သူများကို အီလက်ထရောနစ် ဥပဒေဖြင့် အရေးယူသွားမှာဖြစ်ပြီး
ပြစ်မှုအပေါ်မူတည်၍ အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ် ကျစေနိုင်ကြောင်း ၎င်းကဆက်လက်
ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော
ရွှေပြည်သာမြို့နယ်တွင် မည်သူ သတ်သွားမှန်းမသိသော အမျိုးသမီးအလောင်းတစ်ခု
တွေ့ရှိဆိုသည်သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ရန်ကုန်တိုင်း
ဒေသကြီးအတွင်းတွင်လည်း ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းထုတ်ပြန်ရေးတပ်ဖွဲ့မှ သိရသည်။
EMG
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
9 years ago

