Headlines News :
Home » » တောင်သူလယ်သမားအသင်း တရားဝင်မှတ်ပုံတင် ကျပြီး တစ်ရက်အကြာ ဖျက်သိမ်းခံရ

တောင်သူလယ်သမားအသင်း တရားဝင်မှတ်ပုံတင် ကျပြီး တစ်ရက်အကြာ ဖျက်သိမ်းခံရ

Written By လွင့်မောင်မောင် on Wednesday, October 2, 2013 | 2:59 PM

                        မြန်မာ နိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း

ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။
 မြန်မာ နိုင်ငံ တောင်သူလယ်သမား အသင်းမှာမှတ်ပုံတင်ကျပြီး တစ်ရက် အကြာတွင် ဖျက်သိမ်းခံရကြောင်း သိရသည်။ အဆိုပါအသင်း တရားဝင် ဖွဲ့စည်းခွင့်မှတ်ပုံတင်ကို ဇွန်လ ၇ ရက်ကရရှိခဲ့ပြီး ဇွန်လ ၈ရက် တွင် အကြောင်းပြချက် တစ်စုံတစ်ရာ မှမရှိဘဲ အသင်းဖွဲ့စည်းခွင့်မှတ် ပုံတင်အား ပြန်လည်ဖျက် သိမ်း ခြင်းခံ ခဲ့ရကြောင်း မြန်မာ နိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြော သည်။ ဒေါက်တာ စိုးထွန်းက ''အသင်း မှတ်ပုံ တင်တင်ပြီး မှတ်ပုံတင် မရရင် ကျွန်တော်တို့က ဘာလုပ် ရမှာလဲ။ မှတ်ပုံမတင်ရင်တော့ အရေးယူတာခံရမယ်။ မှတ်ပုံတင် ရက်သားနဲ့ တင်ခွင့်မပေးဘူး။ ပြန် လည်ပယ်ဖျက်တယ်ဆိုတော့ ကျွန် တော်တို့ အတွက် ဘာအခွင့် ရေး ရှိလဲ''ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင် ရေး ဗဟိုဌာနတွင် ပြုလုပ်သည့် လယ်ယာမြေကဏ္ဍနှင့်ကျေးလက် ဒေသ ဖွံ့ဖြိုးညှိနှိုင်းဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ပြည်ထောင် စုဝန်ကြီးများအား အထောက် အထားပြ ၍ ယခုကဲ့သို့ အသင်းဖွဲ့ စည်းခွင့်မှတ်ပုံတင်ကိစ္စအား တင် ပြခဲ့ကြောင်း ယင်းက ဆိုသည်။

ဒေါက်တာစိုးထွန်းက ''ဇွန် လရရက်က အသင်းဖွဲ့စည်းခွင့် မှတ်ပုံတင်နဲ့ ဇွန်၈ရက်အသင်း ပြန် လည်ပယ်ဖျက်တဲ့ စာနှစ်စောင်ကို သမ္မတကြီးနဲ့တွေ့တော့ သမ္မတ ကြီး လက်ထဲကို ထည့်လိုက်တော့ အတော်လေးအံ့ဩသွားတယ်။ ဇွန်၇ ရက်က တစ်စောင် က ခွင့်ပြု တယ်။ နောက် ဇွန်၈ရက်က တစ် စောင်က ပယ်ဖျက်တယ်ဆိုတော့ အတော်လေးအံ့ဩသွားတယ်''ဟုပြောသည်။

အသင်းအဖွဲ့များ အနေဖြင့် အသင်းဖွဲ့စည်းခွင့် မှတ်ပုံတင်ရရှိ ရန် မှတ်ပုံတင်တင်ခဲ့သော်လည်း မှတ်ပုံတင်မရရှိပါက အသင်းအ ဖွဲ့များအနေဖြင့် ဆောင်ရွက်မှု များလုပ်ဆောင်ရန် အခက်အခဲ များရှိကြောင်း ယင်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့် ရှိကြောင်း၊ ၂၀၁၂ လယ်ယာမြေ ဥပဒေတွင် လည်း တောင်သူလယ် သမားတိုင်းသည် အသင်းဖွဲ့စည်း ခွင့်ရှိကြောင်း၊ ယခုကျင်းပလျက် ရှိသော လွှတ်တော် တွင် ပြဋ္ဌာန်း တော့ မည့် တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွား မြှင့်တင်သည့် ဥပဒေကြမ်းတွင် လယ်သမားများ အသင်းဖွဲ့စည်း ခွင့်ရှိကြောင်း ယင်းက ဆက်လက် ပြောသည်။ ဒေါက်တာစိုးထွန်းက ''တရားဝင် ဘာမှ လှုပ်ရှား လို့မရ ဘူး။ ဒါကိုကြည့်ခြင်းဖြင့် နိုင်ငံ တော်အစိုးရအနေနဲ့ လယ်ယာ ကဏ္ဍကိုအားပေးလား၊ အားမပေး လားဆိုတာ မြင်နိုင်တာပေါ့။ ကျွန် တော်တို့ အလုပ်ရုံဆွေးနွေးပွဲတွေ တက်တဲ့အသင်းတောင် အသင်း မှတ်ပုံတင်မပေး ဘူး ဆိုရင် အခြား ဆန့်ကျင် ပြီးတော့ ပုဒ်မ ၁၈နဲ့ ထောင် ကျနေတဲ့ အသင်းအဖွဲ့တွေ ဆိုရင်ပိုခက်တယ်''ဟု ပြော သည်။ မြန်မာနိုင်ငံတောင်သူလယ် သမားအသင်း မှတ်ပုံတင်အား စီမံစီးပွားအားတင်ခဲ့ပြီး စီမံစီးပွား မှစာထုတ်၍ ယင်းဌာနမှ ပြန်လည် ပယ်ဖျက် ခဲ့ကြောင်း ဒေါက်တာ စိုးထွန်း၏ပြောပြချက်အရ သိ ရသည်။

အောင်သူ(ဒေးဒရဲ) - Yangon Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template