Headlines News :
Home » » ပင်လယ်ထဲ မျောပါခဲ့သော ရေလုပ်သားများ ပြန်လည် ရောက်ရှိလာပြီဖြစ်

ပင်လယ်ထဲ မျောပါခဲ့သော ရေလုပ်သားများ ပြန်လည် ရောက်ရှိလာပြီဖြစ်

Written By လွင့်မောင်မောင် on Friday, October 4, 2013 | 8:38 AM

 
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြ မြို့နယ်အတွင်းရှိ ရေလုပ်သား အချို့သည် ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ် အတွင်းက ပင်လယ်တွင်း မုန်တိုင်းမိပြီး မျောနေခဲ့ရာ ပျောက်ဆုံး နေသည့် ရေလုပ်သား များ အနက် ကျန်ရှိသည့် ခြောက်ဦးပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်ဟု ရေလုပ်သား များ အရေး ကူညီ ဆောင်ရွက်နေသော ဧရာဝတီတိုင်း ၊ တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှုး ဦးသန့်ဇော်ဦးက မဇ္စျိမကို အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

ပျောက်ဆုံးခဲ့သည်မှာ ဆယ်ဦးဖြစ်ပြီး လေးဦးမှာ ပြီးခဲ့သည့် စက်တင်ဘာလကုန်ကပင် ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ပင်လယ်ထဲ မျောပါသွားသည့် ရေလုပ်သားများသည် ဖျာပုံမှ မော်လမြိုင်၊ ကုလားကုတ်ကျွန်း ဘက်သို့ရောက်ရှိသွားကြပြီး ကုလားကုတ် ကျေးရွာအုပ်ချုပ်ရေမှုးနှင့် ရွာသူရွာသား များကယ်ဆယ် မှုဖြင့် ဒေသသို့ ပြန်ရောက်လာကြခြင်းဖြစ်သည်။ ရေလုပ်သားခြောက်ဦးသည် အောက်တိုဘာ ၂ရက်တွင် ၎င်းတို့အလုပ်လုပ်ကိုင်ရာ အဏ္ဏ၀ါချစ်ကောင်း ရေလုပ်ငန်းသို့ ပြန်လည်ရောက်ရှိ လာခဲ့ ခြင်း ဖြစ်သည်။

တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှုး ဦးသန့်ဇော်ဦးက “ရေလုပ်သားတွေဘက်ကတော့ ပင်လယ်ထဲ ပြန်မထွက်လိုကြဘူးလို့ ပြောတယ်၊ ရေလုပ်သားတွေရဲ့မိသားစုတွေ အဏ္ဏ၀ါ ချစ်ကောင်း ကိုလိုက်သွားကြတယ်၊ လုပ်ငန်းရှင်နဲ့ ညှိုနှိုင်းဖို့အတွက်ပါ ”ဟု အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

မြောင်းမြမြို့နယ်မှ ရေလုပ်သားများသည် ဖျာပုံမြို့နယ်ရှိ ရေလုပ်ငန်းများတွင် ရေလုပ်သား အဖြစ် အသက်မွေးဝမ်း ကျောင်းပြုခြင်းများရှိနေသော်လည်း ယခုကဲ့သို့ပင်လယ်အတွင်း မုန်တိုင်းကြောင့် ပျောက်ဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ပင်လယ်အတွင်း ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သူ ယင်းရေလုပ်သား ၁၀ ဦး၏ ထိခိုက်ဒဏ်ရာ ရမှုများအတွက် ဖြေရှင်းပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးများထံသို့ အကူအညီ တောင်းထားသည်ဟုလည်း ဦးသန့်ဇော်ဦးက ပြောသည်။

အဆိုပါ ရေလုပ်သားများသည် ပင်လယ်ထဲတွင် ဆယ်ရက်ကြာခန့် မျောနေကြသည်ဟုလည်း ပြန်လည် ရောက်ရှိလာသည့် ရေလုပ်သားများထံမှ သိရသည်။

ပြန်လည် ရောက်ရှိလာသူ ရေလုပ်သား ကိုအောင်မျိုးဝင်းက“ ပင်လယ်ထဲမှာ ဖောင်ဦးစီးတွေရဲ့ မတရား အလုပ်စေခိုင်းမှုတွေကြောင့် ရေလုပ်သားတွေက ပင်လယ်ထဲကို ငါးဖမ်းတဲ့ အလုပ် မလုပ်လိုတော့ဘူး၊ ကျန်တဲ့ ရေလုပ်သားတွေကို ပြန်ခေါ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှုးတွေဆီ အကူအညီ တောင်းထားတယ်” ဟုပြောသည်။

အေးမြင့်စန်း
Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template