
ဆန္ဒပြမှုတွင် ပါဝင်ခဲ့သောအသက် ၆၄အရွယ်ရှိသူ ဦးစိုးဝင်းမှာ ယနေ့မနက်က ရုတ်တရက် လေဖြတ်မှုရောဂါ ခံစားလိုက်ရသည့်အတွက် ကျန်ဆန္ဒပြသူများ အတွက်ဖွင့်လှစ် ပေးလိုက်ရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူတို့ကဆိုသည်၊
မြို့တော်ခန်းမအတွင်းတွင်ကျန်းမာရေး စောင့်ရှောက်မှုစင်တာအား ဖွင့်လှစ်ကာ ကျောက်တံတားမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ၀န်ထမ်းများက ကုသမှုပြုပေးနေသည့်အပြင် သပိတ်စခန်း အနီးတွင်ပါ ကြက်ခြေနီအဖွဲ့များက အနီးကပ်စောင့်ရှောက် ပေးနေကြသည်ဟု ၄င်းတို့ကပြောသည်။
မနက်ပိုင်းက ဆေးစစ်မှုလာရောက်ခံယူသူများရှိခဲ့ရာ ထိုထဲမှ အမျိုးသမီး ၄ဦးမှာသွေးချိုရောဂါအခံရှိပြီးသွေးပေါင်တိုးနေသဖြင့် အချိန်မရွေး လေဖြတ်နိုင်သည်ဟု ဆရာဝန်က အသိပေးထားကြောင်းလည်း ဆေးမှတ်တမ်းများအရ သိရသည်။
ဆန္ဒပြသူများ၏ နေရာက သမံတလင်းဖြစ်နေသည့်အပြင် ရာသီဥတု မှာလည်း နေပူလိုက်၊မိုးရွာလိုက်ဖစ်နေရာ ဆေးစစ်မှု လာရောက်ခံယူသူများ ကိုနွေးထွေးစွာနေ ရန် ဆရာဝန်က ညွန်ကြားထားသည်။
ယခုအချိန်အထိ ရဲတပ်ဖွဲ့မှ မိကျောင်းကန်အရေး ဆန္ဒပြသူများကို အရေးယူမှု မပြုသေးပေ။
Popular Myanmar News Journal