မလေးရှားဘုရင်က ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို မလေးရှားတပ်မတော်၏ နှစ်(၈၀)မြောက်နေ့တွင် ပေးအပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနှင့် မလေးရှားတပ်မတော်တို့အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်မှုနှင့် တပ်မတော်နှစ်ခုကြား ချစ်ကြည်ရင်းနှီးမှု ပိုကောင်းအောင် စွမ်းဆောင်နိုင်သည်ဟုဆိုကာ ယခုကဲ့သို့ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားဘုရင်က ချီးမြှင့်ခဲ့သည့်ဆုသည် "Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces"ဘွဲ့တံဆိပ်ဖြစ်သည်။
ထိုဘွဲ့တံဆိပ်အား မြန်မာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် ဖိလစ်ပိုင်တပ်မတော်နှင့် ယူအေအီးတပ်မတော်မှ ဦးစီးချုပ်များကိုလည်း ချီးမြှင့်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
မဇ္ဈိမသတင်းဌာန