Headlines News :
Home » » နိုင်ငံတော် သမ္မတ သံတွဲသို့ ရောက်ရှိ၊ ဗိုလ်ချုပ်ကြီးလှမင်း မီးရှို့ခံ ကျေးရွာများကို သွားရောက် ကြည့်ရှု့

နိုင်ငံတော် သမ္မတ သံတွဲသို့ ရောက်ရှိ၊ ဗိုလ်ချုပ်ကြီးလှမင်း မီးရှို့ခံ ကျေးရွာများကို သွားရောက် ကြည့်ရှု့

Written By လွင့်မောင်မောင် on Thursday, October 3, 2013 | 12:22 AM

 Thein Sein is greeted by ethnic Rakhines as he arrives at Sittwe airport
အောက်တိုဘာလ ၁ ရက်နေ့က ရခိုင်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့မှ တဆင့် ပဋိပက္ခများ ဖြစ်ပွားနေရာ သံတွဲမြို့သို့ ရောက်ရှိလာသည်ဟု သတင်း ရရှိသည်။
သံတွဲမြို့တွင် သမ္မတ ဦးသိန်းစိန်နှင့် အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဌေးအောင်၊ ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည့်၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီင်္း လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်းတို့ လိုက်ပါလာပြီး သံတွဲတွင် ညအိပ်ရပ်နားမည်ဟု သိရသည်။
သမ္မတဦးသိန်းစိန်နှင့် အတူ ရခိုင်ပြည်နယ် ခရီးတွင် လိုက်ပါလာသူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းသည် အခင်းဖြစ်ပွားခဲ့သည် ရွှေလှေ (သပြုချိုင်) အပါအ၀င် မီးရှို့ခံခဲ့ရသည့် ကျေးရွာ (၃) ခုသို့  ယနေ့ ညနေပိုင်းက သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။
၎င်းကျေးရွာများတွင် မီးရှို့ခံရ၍ ဒုက္ခရောက်နေကြရသည့် နှစ်ဘက် လူမူ အသိုင်းအ၀ိုင်းမှ ဒုက္ခသည်များ၏ လုံခြုံရေး၊ စားဝတ်နေရေး အဆင်ပြေစေရေး၊ ပြစ်မူကျူးလွန်သူများကို ဖေါ်ထုတ် အရေးယူရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ဒုက္ခရောက်နေကြသူများကိုလည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်က စစ်တွေမြို့တွင် မွတ်ဆလင် ခေါင်းဆောင် အယောက် သုံးလေးဆယ်ခန့်နှင့် သီးသန့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခမှာ မြန်မာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဘက် အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများ ပြေငြိမ်းနိုင်ရေး အတွက် နားလည်မူ၊ သည်းခံများနှင့် အတူ အချိန်ယူ၍ ဖြေရှင်းရမည် ဖြစ်သဖြင့် စိတ်ရှည်ရန် လိုအပ်ကြောင်း၊ ပဋိပက္ခများ အမြန်ပြေလည်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအား ၀ိုင်းဝန်း ကူညီကြရန် ပြောကြားခဲ့သည်ဟု သိရသည်။
ယင်းအပြင် မွတ်ဆလင် ဒုက္ခသည် စခန်းအချို့ကိုလည်း ကားဖြင့် သွားရောက် လည်ပတ်ကြည့်ရှု့ခဲ့သည်ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကျောက်ဖြူမြို့သို့ သွားရောက်ခဲ့ပြီး ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
ကျောက်ဖြူမြို့မှ တဆင့် သံတွဲမြို့သို့ ညနေ ၄ နာရီကျော်တွင် ရဟတ်ယဉ် (၂) စီးနှင့် အတူ ရောက်ရှိလာသည်ဟု သိရသည်။
သံတွဲတွင် စက်တင်္ဘာလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော မတည်ငြိမ်မူသည် ယမန်နေ့က နယ်ကျေးရွာများထိ ကူးစက် ပျံ့နှံ့သွားရာ လူ (၅) ဦးသေဆုံးပြီး၊ (၄) ဦး ဒဏ်ရာရကာ တစ်ဦးပျောက်ဆုံးနေသည်ဟု သိရသည်။
အနည်းဆုံး ရွာ (၃) ရွာမှ  အိမ်ခြေ (၁၀၀) နှီးပါးခန့် မီးလောင်ကျွမ်းသွားခဲ့ပြီး ထိုအထဲတွင် ဗလီတစ်လုံးလည်း ပါဝင်ကြောင်း သိရသည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template