Headlines News :
Home » » ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံကိန်းကြောင့် ဒေသခံတို့၏ဘဝ ထောင်ထဲရောက်မည်ဟု ရှုမြင်နေကြ

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံကိန်းကြောင့် ဒေသခံတို့၏ဘဝ ထောင်ထဲရောက်မည်ဟု ရှုမြင်နေကြ

Written By လွင့်မောင်မောင် on Wednesday, October 2, 2013 | 2:56 PM


ရန်ကုန်၊ အောက်တိုဘာ ၁

ကျောက်ဖြူမြို့တွင် ပြုလုပ်မည့် အထူးစီးပွားရေးဇုန်သည် ဒေသခံများ ကို ထောင်ချမည့် စီမံကိန်းအဖြစ် ပြည် သူများ ယုံကြည်ခံစားနေရကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

”မဒေးကျွန်းဒေသမှာ ကုမ္ပဏီတွေ က အလုပ်လာလုပ်တယ်။ အလုပ်လာ လုပ်တဲ့အတွက် ဒေသခံတွေထိခိုက်နစ် နာတယ်။ ဒီထိခိုက်နစ်နာတဲ့ဟာကို ဆန္ဒထုတ်ဖော် ခွင့်တောင်းတဲ့အခါ အစိုး ရက မပေးဘဲနဲ့ ထုတ်ဖော်တဲ့အတွက် ဒေသခံတွေကို ထောင်ချတယ်။

SEZ လုပ်လို့ရှိရင် ဒီလို ထောင်ချမှုတွေအများ ကြီးရှိလာမယ့်အတွက်ကြောင့် ပြည် သူတွေ အဲဒီလို ယုံကြည်သွားကြတယ်။ ငါတို့တော့ ထောင်ချတော့မယ်။SEZ မလုပ် ပါနဲ့။SEZ လုပ်ဖို့ လာတယ်ဆိုတာ ငါတို့ဒေသခံတွေကို ထောင်ချဖို့လာတာ ပဲဆိုပြီးတော့ဒေသခံတွေက ယုံကြည်နေ ကြတယ်”ဟု ၄င်းက ပြောသည်။

ရေနံတင်သင်္ဘောကြီးများ ဆိုက် ကပ်နိုင်သည့် ရေနက်ဆိပ်ကမ်းအပါအ ဝင် ရေနံသိုလှောင်ရုံများ၊ သဘာဝဓာတ် ငွေ့ပိုက်များ သွယ်တန်းခြင်းနှင့် ဆက် စပ်စီမံကိန်း များ ဆောက်လုပ်ခြင်း ကြောင့် လယ်သမားများနှင့် ရေလုပ်ငန်း ကို အဓိကအားထားလုပ်ဆောင်ကြ သည့် ဒေသခံများမှာ အရင်းအမြစ်များ လုံးဝပျက်စီးဆုံးရှုံးခဲ့ရသဖြင့် နစ်နာချက် များကို ဆောင်ရွက်ပေးရန် ခွင့်ပြုမိန့်မ ရဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့် ခေါင်း ဆောင် ၁ဝ ဦးကို သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းမှတရားစွဲသည့်အတွက်
ထောင်သုံးလ ကျခံခဲ့ရသဖြင့် ဒေသခံ ပြည်သူများ၏စိတ်ထဲတွင် စီမံကိန်း လုပ်ငန်းများ လုပ်ခြင်းကြောင့် ယင်းကဲ့ သို့ အလားတူကိစ္စရပ်များ ဖြစ်လာ မည်ကို ယုံမှတ်ေ နကြောင်း ၄င်းက ရှင်းပြသည်။

”ဥပဒေမှာ ထောင်ချတဲ့ဟာပါ တာကတော့ အန်ကယ်ဘာမှ မပြောလို ပါဘူး။ ဥပဒေကလည်း တရားမျှတတဲ့ ဥပဒေလို့ အန်ကယ်တို့ လက်မခံဘူး။ ဥပဒေကရှိ လို့သာ ရှိနေတာ။ ဒီဆန္ဒပြတဲ့ ဟာကိုထောင်ချပြီးတော့ ဖြေရှင်းတော့ လည်း ပြေလည်မှာမဟုတ်ဘူး။ ထောင် ချပြီး ဖြေရှင်းတယ်ဆိုတာလည်း မှန်ကန် တဲ့ နည်းလမ်းလို့ ဦးလေး တို့က လုံးဝ လက်မခံဘူး။ ထောင်ချလိုက်တဲ့အတွက် ကြောင့်  ပြည်သူတွေမကျေနပ်ကြဘူး”  ဟု ၄င်းက ပြောသည်။

ယင်းကဲ့သို့ ပြည်သူများ နစ်နာ ချက်များကို ဆန္ဒဖော်ထုတ်ခွင့်ပြုလိုက် ပါက မည်သည့်ပြဿနာမျှ ဖြစ်လာမည် မဟုတ်ကြောင်း ထောင်ချသည့် နည်း လမ်းဖြင့် ဖြေရှင်း လိုက်သည့်အတွက် ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြည်သူ များ ကြောက်ရွံ့ထိတ်လန့်ပြီး ကန့်ကွက် မှုနှင့် တွေ့ကြုံရခြင်းဖြစ်ေ ကြာင်း လွှတ် တော်သတ္တမအကြိမ်တွင် ယင်းကိစ္စကို မေးမြန်းရန် တင်သွင်းထားခဲ့ကြောင်း ၄င်းက ပြောသည်။

”အမှန်တော့ SEZ ဟာလုပ်ကို လုပ်ရမယ့်ဟာ၊ ဘာဖြစ်လို့လဲ၊ လယ် ၁ဝ ဧကဆိုရင် သူဘယ်လောက်စိုက်ရမလဲ။ ၁ ဧကအပေါ်မှာ စက်မှုထူထောင်ရေး လုပ်ငန်းတွေ လုပ်လို့ရှိရင် သူတို့အများ ကြီးလုပ်လို့ရတယ်။ ဒါပေမဲ့ ပြည်သူတွေ က စိုးရိမ်ကြောင့်ကြနေကြပြီလေ။ ဒါတို့ ဆီမှာ ဒီလိုလုပ်ငန်းကြီးတွေလာလုပ်လို့ ရှိရင် ငါတို့ကို ထောင် ချဖို့လာလုပ်နေ တာပဲလို့ ပြည်သူတွေက မြင်နေပြီ၊ ငါတို့ မြေတွေကိုလည်း သိမ်းတယ်၊ ငါတို့ကို လည်းထောင်ချတယ်။ ပြည်သူတွေရဲ့ ခံစားချက်က မမှန်တာ မဟုတ်ဘူး။
ခံစားချက်က မှန်နေပြီ၊ သူတို့တွေကို နားလည်အောင် ပညာပေးရမယ်။ သူ တို့တွေအတွက် စီစဉ်ပေးရမယ်။ အဲလို မစီစဉ်ပေးဘဲနဲ့ ပိုက်ဆံနဲ့ဝယ်လိုက်တာ ပဲကွာ ဆိုရင်ေ တာ့ နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်ငံသားတွေကိုစောင့်ရှောက် တဲ့စိတ်ဓာတ် ဘယ်ရောက်ပြီး ဘယ်မှာ သွားထားမလဲ”ဟု ၄င်းက ဆက်လက် ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နှင့် အမ်းမြို့နယ်မှ မြေဧရိယာ ၃၇ဝ၄ ဒသမ ဝ၃ စတုရန်းမိုင်(ဧက ၁၉ဝဝ)အ တွင်း ကျေးရွာနှင့် စိုက်ပျိုးလယ်ယာမြေ များကို ဖယ်ရှောင်က အထူးစီးပွားရေး ဇုန်နယ်မြေ သတ်မှတ်ထားပြီး ကျောက် ဖြူအထူးစီးပွားရေးဇုန်ကို ၂ဝ၁၄ ခုနှစ်မှ စတင်အကောင် အထည်ဖော်မည်ဖြစ် ကာ ၂ဝ၁၆ ခုနှစ်တွင် အပြီးသတ်ရန် မျှော်မှန်းထားကြောင်း သိရသည်။

မေဇင်ဝင်း - Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template