၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းအစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့
ဦးမင်းကိုနိုင်ဟာ ချက်နိုင်ငံရဲ့ လူအခွင့်အရေးဆိုင်ရာ ဆုကို ချက်နိုင်ငံမှာ
အောက်တိုဘာ ၃ ရက်နေ့က လက်ခံရယူခဲ့ပါတယ်။
ဒီ Homo Homini Award ဆုကို ၁၉၉၄ ခုနှစ်ကစတင်ပြီး ကမ္ဘာတ၀န်းရှိ
ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ လူ့အခွင့်အရေးအတွက်
စွန့်လွှတ်စွန့်စားဆောင်ရွက်သူတွေကို နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့တာ
ဖြစ်ပါတယ်။
လယ်သမားအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဒေါ်စုစုနွေး၊
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဝေဒနာသည်တွေကို ကူညီစောင့်ပေးနေတဲ့
အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း၊ ၈၈
မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်နီလာသိန်းတို့ကိုလည်း Homo Homini
Award ဆုကို ၂၀၀၇ ခုနှစ်က ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
by webteam (ဒီဗွီဘီ)