Headlines News :
Home » » သံတွဲ ပဋိပက္ခ ၅ ဦးသေ၊ ၄ ဦးဒဏ်ရာရ၊ တဦးပျောက်ဆုံးနေ (နောက်ဆုံးရ သတင်း)

သံတွဲ ပဋိပက္ခ ၅ ဦးသေ၊ ၄ ဦးဒဏ်ရာရ၊ တဦးပျောက်ဆုံးနေ (နောက်ဆုံးရ သတင်း)

Written By လွင့်မောင်မောင် on Wednesday, October 2, 2013 | 4:37 PM

ဒဏ်ရာရ၍ ဆေးရုံ ရောက်နေသူများကို တွေ့ရစဉ်။
ဒဏ်ရာရ၍ ဆေးရုံ ရောက်နေသူများကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော  ပဋိပက္ခမှာ နယ်ကျေးရွာများသို့ ကူးစက်ပျံ့နှံ့သွားပြီး ယခုအခါ သေဆုံးသူ  (၅) ဦး၊ ဒဏ်ရာရသူ (၄) ဦး ရှိပြီး
 (၁) ဦး ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။
သံတွဲဆေးရုံသို့ အလောင်း (၅) လောင်း ရောက်ရှိလာသည်ဟု  ဆေးရုံမှ ၀န်ထမ်း တစ်ဦး ဖြစ်သူ ကိုအောင်ကျော်လေးက နိရဉ္စရာသို့ ပြောသည်။
“ကျွန်တော်တို့ သံတွဲဆေးရုံကို ဒဏ်ရာရတဲ့သူ ၄ ဦး နဲ့ အလောင်း ၅ လောင်းရောက်ပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့ အလောင်း ၅ လောင်းကတော့ မူဆလင်တွေ ဖြစ်ပါတယ်။ ပျောက်နေတဲ့သူကတော့ ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူ ၅ဦးမှာ သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာမှ ဖြစ်သည်ဟု ကမန်အမျိုးသားတဦးဖြစ်သူ ကိုဇော်ကြည်က နိရဉ္စရာသို့ ပြောသည်။
“ သေဆုံးသူက ၆ဦး ၇ဦး ရှိပါတယ်။ နာမည်တွေကတော့ အတိအကျ မသိရပါ။ သေတဲ့ သူတွေ ကလည်း မူဆလင်ဘက်ကပါ။ အဲဒီရွာတွေမှာ ဒဏ်ရာရသူတွေကလည်း မူဆလင်ဖက်ကပါ။ နှစ်ဖက် အပြန်အလှန် ဖြစ်တာ မဟုတ်ပါဘူး။ အကြမ်းဖက်အဖွဲ့တွေက ရွာကိုဝင်စီးပြီး မီးရှို့ ဖျက်ဆီးတာမှာ သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သေဆုံးသူ ၆ ဦး ၇ ဦး ရှိသည်ဟု ပြောဆိုသော်လည်း သံတွဲဆေးရုံကို အလောင်း ၅ လောင်းသာ ရောက်ရှိလာသည်ဟု ကိုအောင်ကျော်လေးက ဆိုသည်။
သေဆုံးသူများမှာ ဒေါ်အေးကြည် (၉၄)နှစ်၊ အဒူမီယာ (၅၅)နှစ်၊ အဒူစမတ် (၈၅)နှစ်၊ ဦးခင်နိုင် (၄၅)နှစ်၊ မြင့်လွင် (၄၅)နှစ်တို့ ဖြစ်ကြသည်ဟု ဆိုသည်။
သို့သော် လူသေဆုံးမူနှင့် ပတ်သက်ပြီး သံတွဲရဲစခန်း၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။
ဒဏ်ရာရရှိသူများမှာ ဆိုင်ကယ်ဖြင့် ခရီးသွားလာရာတွင် လမ်းခရီး၌ မူဆလင် ရွာသားများက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာရရှိ ခြင်းဖြစ်သည်ဟု ကိုအောင်ကျော်လေးက ပြောသည်။
Thandway-2
“ ဒဏ်ရာရတဲ့သူ ရခိုင် ၄ ယောက်နဲ့ ပျောက်ဆုံးနေတဲ့ တစ်ယောက်ကတော့ နှင်းဆီရွာမှာ အရိုက်ခံရတာ ဖြစ်ပါတယ်။ သူတို့တွေက ခရီးသွားတွေပါ။  တောင်ကုတ်ကနေ သံတွဲကို ဆိုင်ကယ် ၃ စီးနဲ့လူငါးယောက် ဖြတ်လာတဲ့အခါ နှင်းဆီရွာက မူဆလင် လူအုပ်တွေက ဆိုင်ကယ်ကို ဖြတ်ရိုက် ကြတယ်။ ၄ ဦးက ဒဏ်ရာရပြီးတော့ တဦးပျောက်ဆုံး နေတယ်” ဟု ဆိုသည်။
နှင်းဆီမူဆလင်ကျေးရွာမှာ ရွှေလှေရဲစခန်း အနီးအနားတွင် တည်ရှိပြီး အခင်းဖြစ်ပွားပြီးနောက် ရဲစခန်းမှ လာရောက်စဉ် လူအုပ်စုမှာ ထွက်ပြေးသွားကြသည်ဟု သိရသည်။
ဒဏ်ရာရရှိသူများမှာ ဦးသောင်းရွှေ အသက် (၄၀)နှစ် သင်းပန်းချိန်ရွာ တောင်ကုတ်မြို့နယ်၊ ဦးရန်နိုင် အသက် (၃၈)နှစ် အံတော်ရပ်ကွက် သံတွဲမြို့၊ ဦးမြသိန်း အသက် (၄၈)နှစ် ကျောက်ဖြူ၊ လင်းလင်းထွန်း အသက် (၂၆)နှစ် ဇီးဖြူကုန်းရွာ သံတွဲတို့ဖြစ်ကြသည်။
ပျောက်ဆုံးနေသူမှာ မောင်မောင်ဝင်း (ခ) ဖိုးတာ အသက် (၂၀)တို့ဖြစ်ကြောင်း သိရသည်။
ယခုအခါ သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ ၊ အခင်းဖြစ်ပွားရာ အပိုင် ရွှေလှေရဲစခန်း စခန်းမှူး ဦးတင်မောင်လွင်နှင့် အဖွဲ့ ပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအ၀င် အနည်းဆုံး လုံခြုံရေး အင်အား ၆၀ ခန့်က ပဋိပက္ခ မပြန့်ပွားစေရန်နှင့် နယ်မြေလုံခြုံရေးရရှိရန် ဆောင်ရွက်နေသော်လည်း လုံခြုံရေး အင်အား လုံလောက်မှုမရှိကြောင်း သိရှိရသည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template