Headlines News :
Home » » ရခိုင်ပဋိပက္ခနှင့် ဆက်စပ်လျက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ၏ သံတွဲမြို့နယ်ဥက္ကဋ္ဌကို ထိမ်းသိမ်းစစ်ဆေးနေ

ရခိုင်ပဋိပက္ခနှင့် ဆက်စပ်လျက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ၏ သံတွဲမြို့နယ်ဥက္ကဋ္ဌကို ထိမ်းသိမ်းစစ်ဆေးနေ

Written By လွင့်မောင်မောင် on Thursday, October 3, 2013 | 7:21 PM

 
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိနေသည့် ပဋိပက္ခများနှင့် ဆက်စပ်ကာ သံတွဲမြို့နယ်၏ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်ပုအပါအဝင် အခြားသူ ငါးဦးကို သံတွဲခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်ဟု RNDP ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးလှစောက ပြောသည်။

“ဦးမောင်ပုက လွှတ်တော်ဥက္ကဌနဲ့ ရန်ကုန်မှာ တွေ့ဆုံဖို့အတွက် ၂၈ ရက် မတိုင်ခင်ကပဲ ရန်ကုန်ကို ရောက်နေတာ၊ ၃၀ ရက်နေ့မှာ သံတွဲကို ပြန်တယ်၊ သူဘာမှ ဒီကိစ္စကို သိမှာမဟုတ်ဘူး၊ ဒီလိုပဋိပက္ခဖြစ်ရင် ကျွန်တော်တို့ပါတီကို စစ်တာဆေးဆာထုံးစံဖြစ်နေပြီ။ ကျွန်တော်တို့ ပါတီအနေနဲ့ အကြမ်းဖက်မှုတွေမှာ မပါဝင်ဖို့ ထုတ်ပြန်ထားတယ်”ဟု ဦးဦးလှစောက ပြောသည်။

ပဋိပက္ခများသည် သွေးထိုးလှုံ့ဆော်ခြင်းကြောင့်ဖြစ်ရသည်ဟု သံတွဲခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဦးကျော်တင့်က ဆိုလိုက်ပြီး တောရောမြို့ပါ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ဆိုသည်။

“ဒီကိစ္စက ဘေးက သွေးထိုးမှုတွေ အများကြီးပါတယ်၊ ဖြစ်တဲ့ရွာတွေက လူတွေက ဘာမှ သိတဲ့သူတွေ မဟုတ်ဘူး။ လှုံ့ဆော်မှုတွေကြောင့်ဖြစ်ရတာ အဲဒါကြောင့်စစ်ဆေးသင့်တဲ့သူတွေကို ခေါ်ယူစစ်ဆေးနေပါတယ်၊ ဘယ်နှစ်ယောက်လဲ ဘယ်သူတွေလဲဆိုတာတော့ ပြောလို့မရပါဘူး ”ဟု ပြောသည်။

စက်တင်ဘာ ၂၈ ရက်မှစတင်ခဲ့သည့် သံတွဲခရိုင် ပဋိပက္ခအတွင်း အိမ်ခြေပေါင်း ၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့ပြီးဖြစ်သည်။

ကေဇင်ဦး - Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template