Headlines News :
Home » , » သိမ်းဆည်းခံလယ်မြေကိစ္စ ပြေလည်အောင်ဖြေရှင်းပေးရန် သူရဦးရွှေမန်းပြောကြား

သိမ်းဆည်းခံလယ်မြေကိစ္စ ပြေလည်အောင်ဖြေရှင်းပေးရန် သူရဦးရွှေမန်းပြောကြား

Written By လွင့်မောင်မောင် on Thursday, September 12, 2013 | 10:00 AM

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကိုကြိုဆိုရန် စောင့်နေသည့်ဒေသခံများ ဓာတ်ပုံ - စိုးမိုးအောင် - 7day daily

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ထားဝယ်ခရီးစဉ်ကို ကြိုဆိုမည့်အစီအစဉ် တားမြစ်ခံရသည့်လယ်သမားများ၏ သိမ်းဆည်းခံလယ်ယာမြေများနှင့် ပတ်သက်၍ ပြေလည်အောင်ဖြေရှင်းပေးရန် တိုင်းဒေသကြီး ၀န်ကြီးချုပ်အား ပြောကြားခဲ့ကြောင်း သူရဦးရွှေမန်းနှင့် တွေ့ဆုံခဲ့သည့် လယ်သမားခေါင်းဆောင် ဦးထွန်းထွန်းဝင်းက ပြောသည်။

ထားဝယ်မြို့ ။ ဆန်းချီ ထိန်သစ် အိုးလုပ်ကွင်းမှ လယ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်း မှ လယ်သမားများ၏သဘောထားမပါဘဲ မိမိတို့၏လယ်ယာမြေများ ပေါ်တွင်ဆောက်လုပ်နေသော စီံကိန်းများနုင့်ပက်သက်ပြီး လွတ်တော်ဥက္ကဌ ဦးရွှေမန်းထံ လယ်သမားများ၏ကိုယ်စား သွားယောက်တင်ပြနေစဉ်။PHOTO FROM KAYAY PAN LAY


မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားအများစုသည် ဘိုးဘွားပိုင်လယ်ယာမြေများတွင် လုပ်ကိုင်စားသောက်နေကြပြီး မြေယာပိုင်ဆိုင်မှု ပြဿနာများနှင့် ကြုံတွေ့ရသောအခါ လယ်ယာမြေမဲ့ဘ၀များ ဖြစ်သွားရကြောင်း စက်တင်ဘာ ၉ ရက်က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

““တောင်သူလယ်သမား အများစုက ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်မှာ လုပ်ကိုင်စားသောက်နေတာဖြစ်ကြလို့ စာရွက်စာတမ်းတွေ မရှိကြဘူး။ ဓားမဦးချစနစ်နဲ့ပဲ နေကြတယ်။ မြေယာပိုင်ဆိုင်မှု ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရရင် တောင်သူလယ်သမားတွေပဲ ရှုံးကြရတယ်။ မြေယာစီမံခန့်ခွဲအဖွဲ့တွေက စာရွက်စာတမ်းရှိတဲ့သူတွေပဲ တရားဝင်ဖြစ်သွားတယ်။ ဒါဆိုရင် တောင်သူလယ်သမားတွေက ဥပဒေအရ အရေးယူခြင်းခံကြရတယ်။ အဲဒီကိစ္စတွေကို အသေအချာစိစစ်သင့်တယ်”” ဟု သူရဦးရွှေမန်းက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

လယ်ယာမြေများ သိမ်းယူထားမှုနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် မြေယာပိုင်ဆိုင်မှုပြဿနာများ ဖြစ်ပွားနေပြီး များသောအားဖြင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နေသော ဒေသများတွင် ပိုမိုဖြစ်များနေသည်ဟု ဆိုသည်။

မတရားသိမ်းယူခံရသော လယ်ယာမြေများသည် နိုင်ငံတော်စီမံကိန်းများထက် စီးပွားရေးလုပ်ငန်းရှင်များကြောင့် ပိုမိုဖြစ်ပွားနေရပြီး ပြည်သူများအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် စီမံကိန်းများကို ပြန်လည်ဆန်းစစ်စေသင့်ကြောင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောဘီးလုံက ဆွေးနွေး ပြောကြားခဲ့သည်။

““ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ကြိုဆိုပါ၏””ဟူသည့် စာတန်းအောက်တွင် လယ်ယာမြေ မတရားသိမ်း ဆည်းခံထားရသည့် ထားဝယ်မြို့ စာတန်းပါ ဗီနိုင်းကို ကိုင်ဆောင်ကြိုဆိုရာတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ပြီးနောက် ထားဝယ်မြို့နယ် ဘုရားကြီးတွင် လယ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

““ဘုရားကြီးမှာ သူရဦးရွှေမန်းရောက်နေချိန်မှာ တွေ့ဖြစ်တာပါ။ ပြေလည်အောင်ဖြေရှင်းပေးဖို့ ၀န်ကြီးချုပ်ကို ကိုယ်တိုင်ပြောနေပါတယ်။ အခု ၀န်ကြီးချုပ်က သူရဦးရွှေမန်းခရီးစဉ်မှာ အတူတူလိုက်နေတာဆိုတော့ အကြောင်းစုံ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိရသေးပါဘူး။ ကော့သောင်းက ပြန်လာရင်တော့ တွေ့ရမယ်ထင်တယ်”” ဟု ကိုထွန်းထွန်းဝင်းက ပြောသည်။

အဆိုပါ လယ်ယာမြေများတွင် မြေစာရင်းဦးစီးမှူး အိမ်၊ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီရုံး၊ တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံများကို တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ပုဂ္ဂလိက ပြည်သူ့ဆေးရုံ တည်ဆောက်နေဆဲဖြစ်သည်။ အဆိုပါ အဆောက်အအုံအနီးတစ်ဝိုက်ရှိ လယ်ယာမြေများသည် ၁၉၉၀ ပြည့်နှစ်က အစိုးရပိုင်မြေများဖြစ်သောကြောင့် မှတ်ပုံတင်ရာတွင်လည်း မှတ်ပုံတင်ထုတ်ပေးခြင်း မရှိကြောင်း လယ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်းက ပြောသည်။

သူရဦးရွှေမန်း ထားဝယ်မြို့ သို့ရောက်ရှိစဉ် ထားဝယ်မြို့တော်ခန်းမမှ ရေနက်ဆိပ်ကမ်းသို့သွားရာ ကမြောကင်းလမ်းပေါ်တွင် ဆန်းချီ၊ ၀ဲကျွန်းနှင့် မြောက်ပုလဲ ကျေးရွာသုံးရွာမှ သိမ်းဆည်းခံလယ်ယာမြေ ၃၀၀ မှ လယ်သမားများက “ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ကြိုဆိုပါ၏” စာတမ်းအောက်တွင် လယ်ယာမြေများ မတရားသိမ်းဆည်းခံထားရသည့် ထားဝယ်မြို့ မှလယ်သမားများ စာတန်းပါ ဗီနိုင်းဖြင့် ကြိုဆိုစဉ် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဗီနိုင်းကို တားဆီးတောင်းယူခဲ့ခြင်း ဖြစ်သည်။

7day daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template