Headlines News :
Home » » ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စိစစ်ခန့်အပ်ခဲ့သည့် နေ့စားလပေးဆရာ၊ ဆရာမများအား သင်တန်းပို့ချ၍ မူလတန်းပြ၊ အလယ်တန်းပြအဖြစ် တိုးမြှင့်ခန့်အပ် သွားမည်

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စိစစ်ခန့်အပ်ခဲ့သည့် နေ့စားလပေးဆရာ၊ ဆရာမများအား သင်တန်းပို့ချ၍ မူလတန်းပြ၊ အလယ်တန်းပြအဖြစ် တိုးမြှင့်ခန့်အပ် သွားမည်

Written By လွင့်မောင်မောင် on Tuesday, September 10, 2013 | 10:54 PM

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စိစစ်ခန့်အပ်ခဲ့ပြီး သြဂုတ် ၁ ရက်တွင် သက်ဆိုင်ရာ တာဝန်ကျသည့် အခြေခံပညာ ကျောင်းများအလိုက် ယာယီလုပ်ငန်းခွင် ၀င်ရောက်ခဲ့သည့် နေ့စားလပေး ဆရာ၊ ဆရာမများအား ဆရာအတတ်ပညာ သင်တန်းများ ပို့ချပြီး မူလတန်းပြ၊ အလယ်တန်းပြ ဆရာ၊ ဆရာမများအဖြစ် တိုးမြှင့်ခန့်အပ် သွားမည်ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ စိစစ်ခန့်အပ်ခဲ့သည့် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနအောက်တွင် နေ့စားလပေး ဆရာ၊ ဆရာမ ၂၄၄၀၇ ဦး၊ အမှတ် (၂) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမ ၂၅၅၇၁ ဦး၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမ ၂၇၈၃ ဦးအား နွေရာသီရက်ရှည် ကျောင်းပိတ်ရက်များတွင် ဆရာအတတ်ပညာသင်တန်း ပို့ချပြီး ဆရာအတတ်သင် သင်တန်းဆင်းလက်မှတ် ရရှိပြီးပါက မူလတန်းပြ ဆရာအဖြစ် လည်းကောင်း၊ အလယ်တန်းပြ ဆရာအတတ်ပညာသင်တန်း တတ်မြောက်ပြီးဆုံးပါက အလယ်တန်း ဆရာမများအဖြစ် ရေရှည်ခန့်အပ် သွားမည်ဖြစ်သည်။
"စိစစ်ခန့်အပ်လိုက်တဲ့ နေ့စားလပေး ဆရာ၊ ဆရာမတွေကို ဆရာအတတ်ပညာ သင်တန်းတွေ ပို့ချပေးဖို့ လုပ်နေတယ်။ ဆရာအတတ်ပညာ သင်တန်းဆင်းပြီးရင်တော့ မူလတန်းပြ ဆရာအဖြစ် ရေရှည်ခန့်အပ် သွားမယ်။ နောက်ပိုင်းလုပ်သက်တွေ များလာပြီး အလယ်တန်းပြ ဆရာအတတ်ပညာ သင်တန်းဆင်းပြီးရင်တော့ အလယ်တန်းပြ ဆရာတွေအဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်" ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာထွေးက ပြောကြားခဲ့သည်။
စိစစ်ခန့်အပ်လိုက်တဲ့ နေ့စားလပေး ဆရာ၊ ဆရာမတွေကို ဆရာအတတ်ပညာ သင်တန်းတွေ ပို့ချပေးဖို့ လုပ်နေတယ်။ ဆရာအတတ်ပညာ သင်တန်းဆင်းပြီးရင်တော့ မူလတန်းပြ ဆရာအဖြစ် ရေရှည်ခန့်အပ် သွားမယ် . . . . .
ထို့ပြင် အခြေခံပညာ ကျောင်းများ၌ အမျိုးသားဆရာဦးရေ များပြားလာစေရေးအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် အမျိုးသားများအား အခြေခံပညာ ကျောင်းများတွင် အထွေထွေ လုပ်သားများအဖြစ် ခန့်အပ်ခဲ့ပြီး မူလတန်းပြ စာပေး၊ စာယူသင်တန်း တတ်မြောက်ပြီးဆုံးပါက မူလတန်းပြ ဆရာများအဖြစ် ရည်ရွယ်ကာ တိုးမြှင့်ခန့်အပ် သွားမည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာများတွင် ကျောင်းဆရာ လိုအပ်ချက် ပိုများနေသည့်အတွက် ဒေသခံ ဘွဲ့ရများအား မိမိဒေသရှိ ကျောင်းများ၌ ကျောင်းဆရာ၊ ဆရာမများအဖြစ် ခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ပြီး ခန့်အပ်လိုက်ခြင်းအားဖြင့် ဒေသအား စွန့်ခွာရန်မလိုဘဲ မိမိဒေသ၌ အလုပ်အကိုင် ရရှိစေရန် ရည်ရွယ်ကာ နေ့စားလပေး ဆရာ၊ ဆရာမ ငါးသောင်းကျော်အား စိစစ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template