Headlines News :
Home » » မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ရည်းစားဟောင်း ကွပ်မျက်ခံရ

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ရည်းစားဟောင်း ကွပ်မျက်ခံရ

Written By လွင့်မောင်မောင် on Monday, September 2, 2013 | 10:03 PM

မြောက်ကိုရီယား ခေါင်းဆောင်သစ် ကင်ဂျံအန်ရဲ့ ရည်စားဟောင်း၊ နာမည်ကြီး အဆိုတော် အမျိုးသမီးကို လွန်ခဲ့တဲ့ ၉ ရက်ကျော် ၁၀ ရက်လောက်က သေနတ်ပစ်တပ်ဖွဲ့နဲ့ ပစ်သတ်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းတွေက ဖော်ပြ နေပါတယ်။ 


 မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ချစ်သူဟောင်း အဆိုတော် Hyon Song-wol၊ ဓာတ်ပုံ- mail online

Unhasu Orchestra သံစုံတီးဝိုင်းအဖွဲ့ရဲ့ အဓိက ခေါင်းဆောင်တွေနဲ့ အတူ ကင်ဂျုံအမ်ရဲ့ ရည်းစားဟောင်း အဆိုတော် Hyon Song-wol အပါအ၀င် စုစုပေါင်း အနုပညာရှင် ၁၂ ဦးတို့ဟာ “အပြာကား” ရိုက်ခဲ့တယ် လို့ စွပ်စွဲခံရပြီး အများ သူငါ ရှေ့မှာ စစ်သေနတ်နဲ့ ပစ်သတ်တာလို့ တောင်ကိုရီယား သတင်းစာတွေက ရေးပါတယ်။ 

တောင်ကိုရီးယား သတင်းစာ တစောင်ကတော့ Hyon Song-wol အပါအ၀င် သံစုံတီးဝိုင်းက အဖွဲ့သား စုစုပေါင်း ၁၂ ဦးတို့ ဟာ သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ၃ ရက် အကြာမှာပဲ လူထုရှေ့မှာ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆို ပါတယ်။ 

တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး သတင်းစာကြီးတစောင်ဖြစ်တဲ့ Chosun Ilbo က တရုတ်နိုင်ငံက သတင်းရင်းမြစ် တခုကို ကိုးကားဖော်ပြတာမှာလည်း သူတို့တွေကို သေနတ်နဲ့ ပစ်သတ်လိုက်တာကို ဖော်ပြပါတယ်။ 

အဆိုတော် Hyon Song-wol နဲ့ ကင်ဂျုံအန် တို့ဟာ ဆယ်ကျော်သက်ဘ၀က ချစ်သူစုံတွဲတွေ ဖြစ်ခဲ့ကြပေမယ့် ကွယ်လွန် သူ ကင်ဂျုံအန်ရဲ့ ဖခင် ကင်ဂျုံအီကြောင့်သာ ချစ်သူတွေအဖြစ်က ကွေကွင်းသွားခဲ့ကြရတာပါတဲ့။ 

အဆိုတော် Hyon Song-wol ဟာ မြောက်ကိုရီးယား အစိုးရကိုထောက်ခံတဲ့ သီးချင်းတပုဒ် ဖြစ်တဲ့ 'Excellent Horse-Faced Lady' မှာ ပိုပြီး နာမည်ကျော်လာခဲ့ပါတယ်။ 
၂၀၁၁ ခုနှစ်က ကင်ဂျုံအီ ကွယ်လွန်ပြီးနောက် ကင်ဂျံအန် အာဏာ ရလာတဲ့အခါမှာတော့ တခြား နာမည်ကြီး အနုပညာရှင် တဦးဖြစ်တဲ့ Ri Sol-ju ဆိုတဲ့ Unhasu Orchestra က ဂီတပညာရှင်နဲ့ လက်ထပ်ခဲ့ပါတယ်။ 

ကင်ဂျုံအန်နဲ့ ဇနီးသည် Ri Sol-ju

လက်ရှိ ကင်ဂျုံအန်ရဲ့ ဇနီးသည် Ri Sol-ju နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် Hyon Song-wol တို့ဟာ တယောက်ကို တယောက် သိကျွမ်းမှု ရှိတယ် မရှိဘူး ရှင်းရှင်းလင်းလင်း မရှိသလို၊ ဇနီးသည် အနေနဲ့ ကွက်မျက်ခံလိုက်ရတဲ့ အဆို တော် Hyon Song-wol ဟာ သူ့ခင်ပွန်းနဲ့ ပတ်သက်ခဲ့ဖူးတယ်ဆိုတာလည်း သိသလား၊ မသိဘူးလားဆိုတာလည်း မသဲကွဲပါဘူး။ 
အိမ့်သံစဉ် ~
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template