Headlines News :
Home » » ထားဝယ်မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အောင်မြင်စွာကျင်းပနိုင်ခဲ့

ထားဝယ်မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အောင်မြင်စွာကျင်းပနိုင်ခဲ့

Written By လွင့်မောင်မောင် on Tuesday, September 3, 2013 | 12:31 AM










ယနေ့(1-9-2013)ရက်နေ့ နံနက် ၈ နာရီတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း(ဗဟိုအဖွဲ့)အတွင်းရေးမှူးဖြစ်သော 
 မော်လမြိုင် မြစေတီရဲကျောင်းဆရာတော်နှင့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) အသိပညာပြန့်ပွားရေးဌာနမှဆရာတော်နှင့် ထားဝယ်ခရိုင် အလုက်မှုဆောင်ဆရာတော်တို့ ပဏာမအကြိုညှိနှိုင်းခြင်း အစည်းအဝေးကို မြို့မယဉ်ငေးသာသနရိပ်သာ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် မြစေတီဆရာတော်က ဗဟိုအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများနှင့် မိမိတို့ထားဝယ်ဒေသ၏အခြေအနေပေါ်မူတည်၍ ပြုလုပ်သွားကြရန်၊ ဗဟိုအဖွဲ့က ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများဖြစ်သော်လည်း မိမိတို့ဒေသနှင့် မကိုက်ညီပါက မိမိတို့နေသနှင့် ကိုက်ညီအောင်ပြန်လည်ပြုပြင်ညှိနှိုင်းသွားကြရန်၊ ရှေ့ဆက်လုပရမည့်လုပ်ငန်းများနှင့် ယခုလုပ်ရမည့်လုပ်ငန်များပါ ဆွေးနွေးအကြံပြုပေးသွားသည်မှာ အမျိုးဘာသာသာသနာငေ့်ရှောက်ရေးအဖွဲ့ ထားဝယ်ခရိုင်(ယာယီ)အတွက် အသိပညာများ များစွာ အထောက်အကူပြုစေပါသည်။
နေ့လယ် ၁ နာရီတွင် ထားဝယ်မြို့နယ်လုံးဆိုင်ရာ သံဃာ့ညီလာခံကို ကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်မြို့တိုက်သစ်ဆရာတော်ဘုရားကြီး၊ ဇေယျဝတီ တိုက်အုပ်တရာတော်ဘုရားင်္ကြး၊ တိုက်ကြပ်ဆရာတော်ဘုရားကြီးပါမကျန် ထားဝယ်မြို့နယ်လုံးဆိုင်ရာဆရာတော်များ၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမှဖိတ်ကြားထားသော ဆရာတော်များ စုစုပေါင်း (၃၅၀)ကျော်၊ မြို့နေပြည်သူ(၁၀၀၀)ကျော်၊ ပရဟိတလူငယ်အဖွဲ့များမှ (၁၅၀)ခန့်၊ မိန်မကြီးအဖွဲ့နှင့် လူကြီးအဖွဲ့များမှလူ(၁၀၀)ခန့် စုစုပေါင်း လူဦးရေ (၁၆၀၀)ဝန်းကျင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုက်သစ်ဆရာတော်ဘုရား၊ ဇေယျဝတီတိုက်အုပ်တရာတော်ဘုရား၊ ဇေယျဝတီတိုက်ကြပ်ဆရာတော်ဘုရား၊ မြစေတီဆရာတော်ဘုရားများက အောဝါဒစကား မြွက်ကြားခဲ့ပါသည်။ ဗဟိုအဖွဲ့မှပေးပို့သောသဝဏ်လွှာဖတ်ကြားခြင်း၊ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာအဖွဲ့ ဥုက္ကဋ္ဌ၏အမှာစကားဖတ်ကြားခြင်း၊ အမျိုးဘာသာ သာသနာအဖွဲ့ ပေါ်ပေါက်လာပုံ၊ အမျိုးဘာသာ သာသနာအဖွဲ့ ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက် စသည်တို့ကို တင်သွင်းဖတ်ကြားခဲ့ပါသည်။ ဗဟိုအဖွဲ့ အသိပညာပြန့်ပွားရေးတာဝန်ခံဆရာတော်မှလည်း အကြံပြုဆွေးနွေးမှုများတင်လျှောက်ခဲ့ပြီး ယင်းသံဃာ့ညီလာခံကို ညနေ ၄ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
မှတ်တမ်း
*********
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(တနင်္သသာရီတိုင်းဒေသကြီး)
သုတေသနနှင့် သမိုင်းမှတ်တမ်းဌာန
ထားဝယ်ခရိုင်(ယာယီ)

===============================================
 သရက်ချောင်းမြို့နယ်လုံးဆိုင်ရာ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး သံဃာ့ညီလာခံကို (31-8-2013)ရက်နေ့၌အောင်မြင်စွာကျင်းပပြီးစီးပြီးပါကြောင်းသတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ- Win Bo(Facebook) 
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template