Headlines News :
Home » » မလေးရှားမှာ ဒုတိယနေ့အတွင်း အလုပ်သမား ၂၅၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားမှာ ဒုတိယနေ့အတွင်း အလုပ်သမား ၂၅၀၀ ကျော် ဖမ်းဆီးခံရ

Written By လွင့်မောင်မောင် on Tuesday, September 3, 2013 | 9:43 AM

 
မလေးရှားနိုင်ငံက ​တရားမဝင် ​အလုပ်အကိုင် ​ဝင်ရောက်လုပ်နေတဲ့ ​အလုပ်သမားတွေကို ​ဖမ်းဆီးတဲ့ ​၃လ ​ကြာ ​အထူး ​စီမံကိန်းရဲ့ ​ဒုတိယမြောက်နေ့မှာ  ​တရားမဝင် ​နေထိုင်နေကြတဲ့ ​လူပေါင်း ​၂၅၀၀ ​ကို ​ဖမ်းဆီးထားပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ ​တော့မယ်လို့ ​သိရပါတယ်။

မလေးရှားနိုင်ငံက ​လူဝင်မှု ​ကြီးကြပ်ရေးတွေ၊ ​ပြည်သူ့စစ်တွေနဲ့ ​ရဲတွေ ​ပူးပေါင်းပြီး ​ပြည်ပကနေ ​တရားမဝင် ​အလုပ်လုပ်ကိုင်နေတဲ့ ​အလုပ် ​သမားတွေရှိရာ ​ဆောက်လုပ်ရေး ​လုပ်ငန်းခွင်၊ ​စိုက်ပျိုးရေးခြံတွေနဲ့ ​အဖြစ်သဘောသာ ​ဆောက်ထားတဲ့ ​တဲအိမ်တွေမှာ ​ဝင်စီးပြီး ​ဖမ်းဆီးမှုတွေ ​ပြုလုပ်နေတာ ​ဖြစ်ပါတယ်။

ဒီလို ​ဖမ်းဆီးမှုမျိုးကို ​၃ ​လ ​ကြာ ​ပြုလုပ်ဖို့ရှိပြီး ​မလေးရှားနိုင်ငံတွင်း ​တရားမဝင်နေထိုင်နေကြတဲ့ ​လူပေါင်း ​ငါးသိန်းကို ​ဖမ်းဆီးဖို့ ​ရည်ရွယ်ထားတာ ​ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးမှုအတွင်း ​မြန်မာနိုင်ငံသား ​၂၀၀ ​လောက် ​ဖမ်းဆီးခံခဲ့ရတယ်လို့ ​သိရပြီး ​ကျန်ရှိသူ ​အများစုက ​တောထဲမှာ ​ပုန်းအောင်းနေကြတယ်လို့ ​သိရပါတယ်။

မလေးရှားနိုင်ငံမှာ ​အင်ဒိုနီးရှား၊ ​ဖိလိပိုင်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​နီပေါနဲ့ ​မြန်မာနိုင်ငံက ​အလုပ်သမားတွေ ​တရားဝင်အနေနဲ့ရော ​တရားမဝင်အနေနဲ့ပါ ​အလုပ်လုပ်ကိုင်နေကြတာ ​ဖြစ်ပါတယ်။

ပြည်ပကနေ ​အဆမတန် ​ဝင်လာတဲ့ ​အလုပ်သမားတွေကြောင့် ​မလေးရှားနိုင်ငံမှာ ​အလုပ်သမားပိုလျံမှု ​ပြဿနာတွေ၊ ​စီးပွားရေး ​ကျဆင်းမှုတွေ ​ကြုံနေရတဲ့အပြင် ​ရာဇာဝတ်မှုတွေပါ ​များလာတဲ့အတွက်ကြောင့် ​လူပေါင်း ​ငါးသိန်းကို ​ဖမ်းဆီးပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ​တရားမဝင် ​အလုပ်လုပ်နေသူပေါင်း ​ခုနှစ်သိန်းရှိတယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template