Headlines News :
Home » , » ကမ္ဘာတွင် မြန်မာ့ဂုဏ်ကို မြှင့်တင်ခဲ့သော ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်း

ကမ္ဘာတွင် မြန်မာ့ဂုဏ်ကို မြှင့်တင်ခဲ့သော ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်း

Written By လွင့်မောင်မောင် on Tuesday, September 3, 2013 | 10:38 PM




လွန်ခဲ့သော နှစ် ၆ဝခန့်က ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂရက်ဂရီပက် (Gregory Peck) နှင့် The Purple Plain ခေါ် ခရမ်းရောင်လွင်ပြင်ဇာတ်ကား၌ ပါဝင်သ ရုပ်ေ ဆာင်ရိုက်ကူး၍ တစ်ကားတည်းနှင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသော မြန်မာ့ ရုပ်ရှင်မင်းသမီးကလေးမှာ အခြားသူမဟုတ် ပဲခူးသူ ဝင်းမင်းသန်းဖြစ်သည်။

ထိုစဉ်က အင်္ဂလန်နှင့် အမေရိကန်ပြည်ထောင်စုထုတ် သတင်းစာအသီးသီးက ဗမာ့ အမျိုးသမီးကလေး ဝင်းမင်းသန်း၏ ကျက် သရေရှိလှေ သာ မြန်မာဆန် ဆန်အလှနှ င့် လေးစားအတု ယူဖွယ် မြန်မာ့ယဉ်ကျေးမှုစောင့် ထိန်းထားသော ဣနြေ္ဒရှင်လေးအဖြစ် အမျိုးမျိုးချီးကျူး၍ ရေး သားခဲ့ကြသည်။ ဝါရှင်တန် ဒီစီမြို့၌ စောင်ရေ သန်းနဲ့ချီ ထုတ် ဝေရသော Evening Star  သတင်းစာကြီးတွင် ဝါရင့်အနုပညာ ဝေဖန်ရေး စာရေးဆရာကြီး ဂျေးကားမိုဒီကာက ဤသို့ ရေးသားခဲ့သည်။ ” ကာလကြာမြင့် စွာမြုပ်လျ က်ရှိသော ငြိမ့်ညောင်းလှသည့် တီးကွက်ကောင်းလေးတစ်ခုကိုပြန်၍ နားသောတဆင်ရ ဘိသကဲ့သို့ ရုပ်ရှင်လောကတွင် ဗမာအမျိုးသမီးကလေး ဝင်းမင်းသန်းကို ကြည့်ရှုရသည်မှာ စိတ်ရွှင်လန်းလာအောင် အရသာ ရှိလှပါသည်။ သူ၏အလှမှာ ကျက်သရေရှိသော ထက်မြက်သော အသိဥာဏ်နှင့် မြန်မာဆန်မှုတို့ကြောင့် မြန်မာပြည်မှ အမေရိကန်ပြည်ထောင်စုသို့ မိတ်ဆက်ရန် စေလွှတ်လိုက်သည့် အထူးသံတမန်တစ်ဦးအလား သဏ္ဌန်တူနေပါတော့သည်။ “

ဝင်းမင်းသန်းကို ၁၉၃၃ ခုနှစ်တွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့ သည်။မိခင်မှာ မြန်မာအမျိုး သမီးတစ်ဦးဖြစ်ပြီး၊ ဖခင်မှာ သြစတြေးလျနိုင်ငံသားဖြစ်သည်။ ဝင်းမင်းသန်း၏ ငယ်နာ မည်မှာ Helga Johnson ဖြစ်သည်။ အသက် ၈နှစ်အရွယ်တွင် မြန်မာ ပြည်သို့ ဖက်ဆစ်ဂျပန်များ ဝင် ရောက်လာသောအခါ မိသားစု နှင့်အတူ အိန္ဒိယနိုင်ငံသို့ ထွက် ပြေး တိမ်းရှောင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးနောက် မြန်မာ ပြည်သို့ ပြန်လည်ရောက်ရှိလာ ပြီး စိန်ဂျွန်းကွန်ဗင့်ကျောင်း၌ ဆက်လက်ပညာသင်ကြားခဲ့ သည်။ ထို့နောက် အိန္ဒိယပြည်ဒါ ဂျီလင်ကျောင်းသို့ ဆက်လက် တက်ခဲ့သည်။ ၁၉၅၁ ခုနှစ် အသက် ၁၈နှစ်တွင် ဖခင်ဖြစ်သူက အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ စေလွှတ်၍ ရွန်ဘာဘယ်လေ အက သင်တန်းကျောင်းတွင် တစ်နှစ်ခန့် အကပညာသင်ယူ စေခဲ့သည်။

သို့သော်အကဝါသနာ မပါ သောကြောင့် သင်တန်းဆင်းပြီး ပြီးချင်း မြန်မာပြည်သို့ ပြန်လာ ခဲ့လေသည်။မည်သည့် အနုပညာ အလုပ်ကိုမှ မလုပ်ခဲ့ချေ။ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီး အောင်သန်း(ဗိုလ်စကြာ)နှင့်တွေ့ဆုံကာ မေတ္တာနှောင်ကြိုး ထုံးဖွဲ့ရာမှ ၁၉၅၄ခုနှစ် ဇန်နဝါရီ ၇ရက်နေ့တွင် အီတလီနိုင်ငံ၊ ရောမမြို့ ကက်ပီတော် ဗဟိုတရားရုံး ၌ နှစ်ဦးသဘောတူ လက်မှတ်ထိုး၍ လက်ထပ်ခဲ့ သည်။ လက်ထပ်စဉ်က ဗိုလ်စကြာ သည် အသက် ၃၉နှစ်ရှိပြီး ဝင်းမင်းသန်းသည် အသက် ၂၁နှစ်သာရှိသေးသည်။ ဝင်းမင်း သန်းသည် ခရမ်းရောင်လွင်ပြင် ဇာတ်ကား ရိုက်ကူးရန် အကြောင်း ဖန်လာရသည်မှာ လင်တော်မောင်၏ ကြည်ဖြူ ခွင့်ချက်အရ ရိုက်ကူးဖြစ်ခဲ့ ကြောင်း ဖွင့် ဟပြောပြသည်။ သူရုပ်ရှင်မင်းသမီးဖြစ်လာရပုံ မှာ ဆန်းကြယ်လှသလို၊ မရွယ်ဘဲ စော်ကဲမင်း ဖြစ်ဆိုသလို အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ရောဘတ်ပါရစ်ခ်ျ ၏ သူငယ်ချင်း သည် သူ့ဖခင်၏ မိတ်ဆွေရင်းခြာဖြစ်သည်။ ဝင်းမင်းသန်း အိမ်သို့လာရောက်လည်ပတ်ရာ မှ မြန်မာဆန်ဆန် ဝတ်စားဆင် ယဉ်တတ်သည့် ပင်ကိုအလှ ပိုင်ရှင် ဝင်းမင်း သန်းကို မမျှော်လင့်ဘဲတွေ့ ဆုံရာမှ သူ့ဓာတ်ပုံ ကို တောင်းယူ၍ ဒါရိုက်တာရော ဘတ်ပါရစ်ခ်ျထံ ပေးပို့ခဲ့သည်။ ထိုစဉ်က ပါရစ်ခ်ျသည် မြန်မာပြည်ဇာတ် လမ်းနောက်ခံ ခရမ်းရောင်လွင်ပြင် ရိုက်ကူးရန် အတွက် အာရှတိုက်မှ သရုပ်ဆောင် အမျိုးသမီးအသစ် အလို ရှိနေချိန်ဖြစ်သည်။ အဆိုပါ ဇာတ်ကားအတွက်  The J. Arlthur Rank Organi-sagiong ကုမ္ပဏီထံ အာရှ တလွှားမှ သရုပ်ဆောင် လျှောက် ထား သူပေါင်း ၂ဝဝ ကျော်ရရှိသော်လည်း တစ်ယောက်မျှ အကြိုက်မတွေ့စဉ် ဝင်းမင်း သန်း၏ မြန် မာဆန်ဆန် ကျော့ရှင်းလှပသော ဣနြေ္ဒရှင် ပင်ကိုအလှရုပ်သွင်ကို မြင်တွေ့ရမှ သဘောကျနှစ်ခြိုက်ကာ ဝင်းမင်းသန်းအားပါဝင် ရိုက်ကူးရန် အပူကပ်ေ တာ့သည်။ ဤသို့ ဝင်းမင်းသန်းသည် လျှောက်လွှာမတင်ဘဲ ရုပ်ရှင်မင်းသမီး အဖြစ် ရွေးချယ်ခံခဲ့ရတော့သည်။

ဝင်းမင်းသန်းသည် Eric Amble ဇာတ်ညွှန်းရေးသား၍ ရောဘတ်ပါရစ်ခ်ျရိုက်ကူးခဲ့သော အဆိုပါ ဇာတ်ကားကို ၆လကြာမျှ ရိုက်ကူးပေးခဲ့ရာ သီဟိုဠ် (သီရိလင်္ကာနိုင်ငံ)၌ သုံးလ၊လန်ဒန်မြို့၌ သုံးလမျှ ကြာမြင့်ခဲ့သည်။ ကားရိုက်စဉ် တစ်လျှောက်လုံး ခင်ပွန်းဖြစ်သူက ဇနီးချော၏တောင်းပန်ချက်အရ ရေပူရေ ချမ်းကမ်းလှမ်း ရန် မင်းသမီး ၏ နောက်တော်ပါးက ဆံထုံးနောက် သျှောင်ပါကာ တစ်ဖဝါးမှ  မခွာဘဲ အရိပ်တကြည့် ကြည့်လိုက်ပါ စောင့်ရှောက်ပေးခဲ့ရသည်။ ဇာတ်ကားပြီးေ နာက် မြန် မာ နိုင်ငံ သို့ ပြန်ခဲ့ရာ ဝင်းမင်းသန်း သည် ခြောက်လမျှသာ အနားရခဲ့ သည်။ဇာတ်ကား အရောင်းမြှင့်တင် ရေးအတွက် ဝင်းမင်းသန်း ကိုယ်တိုင် လန်ဒန်မြို့နှင့် အမေရိ ကန်ပြ ည်ထောင်စုသို့ လာရောက် ကူညီရန် ဂျေအာသာရင့် ရုပ်ရှင် ကုမ္ပဏီက တောင်းပန်သော ကြောင့် ကူညီပေးခဲ့သေးသည်။ ထိုစဉ်က ခင်ပွန်းဖြစ်သူ ဗိုလ် စကြာမှာ တရုတ်ပြည်နှင့် ဂျပန်ပြည်သို့ သွားရောက်ရန် အကြောင်းဖန်လာသော ကြောင့် ဇနီးချောဖြစ်သူနှင့် မလိုက် သွားဖြစ်ခဲ့ချေ။ သို့သော်ရုပ်ရှင် ကုမ္ပဏီက ဝင်းမင်းသန်း ၏ တောင်းဆိုချက်အရ မစ္စစ်ဖရန် စီးစ်ကော့ပလန်ဆိုသူ အမျိုး သမီးကြီးကို ဝင်းမင်းသန်း၏ အတွင်းရေးမှူးအဖြစ် လိုက်ပါခွင့် ပေးခဲ့ရသည်။ လန်ဒန်မြို့နှင့် အမေရိကန် တစ်ခွင် ဝင်းမင်း သန်းလှည့်လည်ရာတွင် ထိုအမျိုး သမီးမှာ သူ့အနား၌ အမြဲတစေ စောင့်ရှောက်လိုက်ပါခဲ့သည်။

အမေရိကန်တွင် လုပ်ငန်းတာဝန်ပြီးဆုံးပြီးနောက် ဝင်းမင်းသန်းသည် ဂျပန်ပြည်သို့ ရောက်ရှိနေသော လင်တော်မောင်ထံ အမြန်ဆုံးသွားရောက် တွေ့ဆုံခဲ့ သည်။အကြင် လင်မယားအဖြစ် အခါ လည်ကျော်ကျော်ရှိ သော အခါ ၁၉၅၆ ခုနှစ်၌ သားဦးလေး အာကာစကြာ ထွန်းကားခဲ့သည်။ ဝင်းမင်းသန်းပါဝင် ရိုက်ကူးပေးခဲ့သော ခရမ်းရောင်လွင်ပြင်သည် အောင်မြင်မှုရရှိကာ ပရိသတ်အထူး နှစ်ခြိုက်မှု ရရှိခဲ့သည်။

ဝင်းမင်းသန်းသည် H.E. Bates ရေးသားသော မူရင်းဝတ္ထု၌ ခရမ်းရောင်လွင်ပြင်တွင် ဇာတ်လိုက် မင်းသမီးလုပ်သူသည် အဝတ်များ မလုံ့တလုံဝတ် ဆင်၍ ရေချိုး သည့်အခန်းများ အတော် များများပါရှိခဲ့သည်။ သို့ရာတွင် ဝင်းမင်းသန်း၏ သိက္ခာစောင့်စီးမှုနှင့် ခေါင်းမာမှု တို့ကြောင့် ဟောလီးဝုဒ် ဒါရိုက်တာကြီးသည် သူအလွန် မက်မောလှသော ရေချိုးသည့် အခန်းများကို ရိုက်ကူးခွင့်မရဘဲ ဝမ်းနည်းစွာဖြင့် ချန်လှပ်ပေးခဲ့ရသည်။

ရိုက်ကွင်းခေတ္တနားနေစဉ် အိန္ဒိယဘုံဘေခရိုနီကယ်သတင်း စာကြီး၏ သတင်းထောက်တစ်ဦးက ခရမ်းရောင်လွင်ပြင်ပြီး နောက် ဟောလီးဝုဒ်တွင် ဆက်၍ဇာတ်ကားများ ရိုက်ကူးပါ ဦးမည်လားဟု မေးမြန်းခဲ့ရာ ဝင်းမင်းသန်းက ” ကျွန်မ ရုပ်ရှင်မင်းသမီးဆက်ပြီး မလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရုပ်ရှင်ပညာသည်တို့ရဲ့ ဘဝဟာ သဘာဝတယ်ပြီးတော့ မကျတဲ့အပြင် ဟန်ဆောင်မှုတွေ များလွန်းလို့ပါပဲ။ နောက်ပြီး ဟောလီးဝုဒ်က ဣတ္ထိယ အသွင်အပြင်ဆိုတဲ့ စွဲမက်ဖွယ်ရာ မက်လုံးပေးမှုေ တွကို (Glamour) ရောင်း ကုန်အနေမျိုးနဲ့ ဗန်းပြစေချင်လွန်းတော့ ကျွန်မတို့လို ဗမာအမျိုးသမီးများနဲ့ နည်းနည်းမှ မကိုက်ညီပါဘူး။ ကျွန်မအဖို့ဆိုရင် အမေရိကန် ကချေသည်တို့ရဲ့ ဓလေ့ဖြစ်တဲ့ ခြေဖော်၊ ပေါင်ဖော် အလုပ်မျိုးတွေကို အရှက်မရှိတဲ့လုပ်ရပ်ဟု ယူဆတာကြောင့် ခက်ခဲလှပါတယ် ပြီးတော့ ဗမာ့အမျိုးသမီးတွေရဲ့ ယဉ်ကျေးသိမ်မွေ့ဣနြေ္ဒသိက္ခာရှိမှုတွေကိုလည်း စောင့်ထိန်း စေချင်တာကြောင့် မရိုက်ချင်တာလည်းပါပါတယ်” ဟူ၍ ဖြေကြားခဲ့သည်။

ထို့နောက် ဗိုလ်စကြာသည် အစိုးရပုန်ကန်သူဘဝဖြင့် ၁၉၆၉စက်တင်ဘာ ၆ရက်နေ့ တွင် ထိုင်းနိုင်ငံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ ဝင်းမင်းသန်းသည် သားဖြစ်သူ အာကာစကြာနှင့်အတူ သြစတြေးလျနိုင်ငံသို့ ပြောင်းရွှေ့၍ သြစတြေးလျနိုင်ငံသူအဖြစ်ခံယူကာ အမြဲတမ်းနေထိုင်လျက်ရှိသည်။ မည်သို့ဆိုစေ ကမ္ဘာ့ရုပ်ရှင်လောက၌ ဇာတ်ကားတစ်ကားဖြင့် ကမ္ဘာသိကျော်ကြားကာ မြန်မာ့ဂုဏ်ကို မြှင့်တင်ခဲ့သော ရုပ်ရှင်မင်းသမီးအဖြစ် ယနေ့တိုင် ကမ္ပည်းတင်လျက်ရှိသည်ကိုမူမည်သူမျှ မငြင်းနိုင်ပေ။

သန်းဝင်းလှိုင် Popular Journal
 Purple Plain ခေါ် ခရမ်းရောင်လွင်ပြင်ဇာတ်ကားကိုကြည့်ရန်  ဤနေရာကိုနှိပ်ပါ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template