Headlines News :
Home » » ပြစ်မှုကျူးလွန်သူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာ၍ ရဲအင်အားကို ကျူးလွန်သူများ အင်အားထက် သာလွန်အောင် အသုံးပြု၍ ဖမ်းဆီးမည်

ပြစ်မှုကျူးလွန်သူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာ၍ ရဲအင်အားကို ကျူးလွန်သူများ အင်အားထက် သာလွန်အောင် အသုံးပြု၍ ဖမ်းဆီးမည်

Written By လွင့်မောင်မောင် on Sunday, September 1, 2013 | 11:11 AM


ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် အချို့ကျူးလွန်သူများက ပြန်လည်တိုက်ခိုက်သဖြင့် ထိရောက်စွာ အရေးယူသွားမည့်အပြင် ကျူးလွန်သူများကို ဖမ်းဆီးပါက ၎င်းတို့ထက် သာလွန်သည့် အင်အားတို့ဖြင့် ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "အခုနှစ်ပိုင်းမှာဆိုရင် ရဲတွေကို ပြစ်မှုကျူးလွန်တဲ့ သူတွေက ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ မကြာခဏ ဆိုသလို ဖြစ်နေပါတယ်။ ဒါကြောင့် နောက်ပိုင်းဖမ်းဆီးမှုတွေ ပြုလုပ်တဲ့အခါမှာ ကျူးလွန်သူတွေရဲ့ အင်အားထက် ပိုများတဲ့ ရဲတပ်ဖွဲ့အင်အားကို တိုးပြီးတော့ ဖမ်းဆီးသွားမယ်။ တိုက်ခိုက်တဲ့ သူတွေကိုလည်း မူလပြစ်ဒဏ်အပြင် ၀တ္တရားနှောင့်ယှက်မှုနဲ့ ပြန်လည်တိုက်ခိုက်တဲ့ ပြစ်မှုအပေါ် မူတည်ပြီးတော့ ထပ်မံအရေးယူ သွားပါမယ်" ဟု သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သုံးသပ်ပြောကြားသည်။
၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၈ ရက် ညပိုင်းက မတ်တူးငွေမှင်ရောင်ကားကို မောင်းနှင်သည့် အမျိုးသားတစ်ဦးက ညဘက်ယာဉ်စစ်ဆေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့်ထိုးကာ ဒုရဲအုပ်တစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်နှင့် သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ယာဉ်လိုင်းအမှတ် ၁၈၇ ခရီးသည်တင် ယာဉ်တစ်စီး၏ ယာဉ်မောင်းဖြစ်သူက ၎င်း၏ကားကို ချလန်ဖြတ် အရေးယူမှုကြောင့် မကျေမနပ်ဖြစ်ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့သည်။
ဆက်လက်၍ ဒုတိယရဲမှူးကြီး ၀င်းကြည်က "ရဲတပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးတဲ့အခါ အသာတကြည် အဖမ်းခံဖို့ လိုတယ်။ ဖမ်းတဲ့သူကို စစ်ဆေးမှုတွေ ပြုလုပ်လို့ မရအောင် ဟန့်တားလာတဲ့ အပိုင်းကို ရှောင်ကြဉ်ဖို့ လိုပါတယ်" ဟု ပြောကြားသည်။

Eleven  Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template