Headlines News :
Home » » » တာချီလိတ်တွင် ကျပ်သန်း ၁၃၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

» တာချီလိတ်တွင် ကျပ်သန်း ၁၃၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

Written By လွင့်မောင်မောင် on Tuesday, September 3, 2013 | 4:16 PM

 
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲမှာ တရုတ်နိုင်ငံမှာ သေဒဏ်ပေးခံခဲ့ရတဲ့ မူးယစ်ရာဇာ စိုင်းနော်ခမ်းအုပ်စုက ၀ှက်ထားခဲ့တဲ့ စိတ်ကြွဆေးတွေ ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ စက်တင်ဘာ ၂ ရက်နေ့ထုတ် New Light of Myanmar သတင်းစာမှာဖော်ပြပါတယ်။

တာချီလိတ်မြို့နယ် မိုင်းဖုန်း (က) ကျေးရွာမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ သန်းနဲ့ ညီမျှတဲ့  ကာလတန်ဖိုး ကျပ်ငွေ သန်း ၁၃၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားပေါင်း ၆ သိန်းခွဲကို ပလတ်စတစ်ပုံးပြာအောက်မှာ ၀ှက်ထားတာကို တွေ့ရှိခဲ့တာပါ။

ရဲတပ်ဖွဲ့ရဲ့  စစ်ဆေးချက်အရ ဒီစိတ်ကြွဆေးတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က စိုင်းနော်ခမ်း အုပ်စုက ၀ှက်ထားခဲ့တာလို့လည်း သတင်းမှာဖော်ပြပါတယ်။

အလားတူ ဩဂုတ် ၃၁ ရက်နေ့ကလည်း တာချီလိတ်မြို့နယ် ပါခုတ်ကျေးရွာ အ၀င်စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာမယ်လို့ သတင်းရတဲ့အတွက် ဒိုင်နာ ကားတစီးကို ရှာဖွေရာမှာ   ယာဉ်နောက်ဘက် ကိုယ်ထည်ကြမ်းခင်းမှာ အံဝှက်ထဲ ထည့်ထားတဲ့ စိတ်ကြွမူးယစ်ဆေးပြား ပေါင်း ၉၈၄,၀၀၀ ကို ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီမူးယစ်ဆေးဝါးတွေရဲ့ ကာလတန်ဖိုးကတော့  မြန်မာ ကျပ်ငွေ သိန်းပေါင်း ၁၉၆၈၀ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template