Headlines News :
Home » » ထောက်လှမ်းရေးလို့ သံသယဖြစ်ခံရတဲ့ငှက် အဖမ်းခံရ

ထောက်လှမ်းရေးလို့ သံသယဖြစ်ခံရတဲ့ငှက် အဖမ်းခံရ

Written By လွင့်မောင်မောင် on Tuesday, September 3, 2013 | 11:27 AM


အီဂျစ်နိုင်ငံမှာ တာဝန်သိလုပ်သားပြည်သူတဦးရဲ့ လက်ချက်နဲ့ ငှက်တကောင် အချုပ်ကျနေရတဲ့သတင်းက နိုင်ငံတကာသတင်းကြီးဖြစ်နေပါပြီ။

မြို့တော်ကိုင်ရိုနဲ့ မိုင် ၂၈၀ ဝေးတဲ့ Qena ဆိုတဲ့ ဒေသမှာ ဖမ်းမိတဲ့ အဲဒီငှက် သောကြာနေ့က ရဲစခန်းရောက်လာကြောင်း ရဲဌာနကို ကိုးကားပြီး အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။

ငှက်မှာ တပ်ဆင်ထားတဲ့ အီလက်ထရွန်နစ်ပစ္စည်း အစိတ်အပိုင်းတခုကြောင့် အီဂျစ်အာဏာပိုင်တို့က အဲဒီငှက်ကို ဝိုင်းပြီး သံသယဖြစ်ခဲ့ကြတာပါ တဲ့။

ရွှေ့ပြောင်း ကျက်စားတဲ့ ငှက်တွေကို လေ့လာနေတဲ့ ပြင်သစ်ကအဖွဲ့တဖွဲ့က ဒီငှက်ရဲ့ လှုပ်ရှားမှုကို သိဖို့ အဲဒီပစ္စည်း တပ်ပေးလိုက်တာပါလို့ ငှက်ကို ဖမ်းမိတဲ့
ဒေသက တိရိစ္ဆာန်ရေးရာဌာန အရာရှိတယောက်က ပြောပါတယ်။

အီဂျစ်အစိုးရသတင်းစာမှာတော့ ... မသင်္ကာဖွယ်ငှက် ဖမ်းမိသူကို ချီးကျူးထားပါတယ် - ဒီဖြစ်ရပ်ဟာ သူ့ရဲ့ မျိုးချစ်စိတ်ထက်သန်မှုကို ပြသနေတာပါ ဆိုပဲ။

အချုပ်ကျနေတဲ့ငှက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အီဂျစ်အာဏာပိုင်တို့က အမိန့် မထုတ်ပြန်သေးဘူးလို့ သိရပါတယ်။

နိုင်ငံတကာမှာတော့ ဒီသတင်းကို အတော်များများ တွေ့ရမှာပါ။

- "ပြင်သစ်တို့ရဲ့စပိုင်ငှက်"ကို အီဂျစ်က ဖမ်းလိုက်ပြီ
- ထောက်လှမ်းရေးလို့ သံသယဖြစ်ခံရတဲ့ငှက် အီဂျစ်မှာ ထိန်းသိမ်းခံရ
- မဟုတ်ဘူး အီဂျစ်ရေ၊ အဲဒါ ငှက်၊ စပိုင်မဟုတ်ဘူး

ဆိုတဲ့ ခေါင်းစဉ်များ တပ်ပြီး ဖော်ပြနေကြတာ တွေ့ရပါတယ်။

ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template