ပဲခူးမြို့တွင် ဦးဝင်းချိုပါ(၆)ဦးအား (၂.၉.၂၀၁၃)နေ့ နေ့လည်(၃း၃၀)အချိန်
ခန့်က ပဲခူးမြို့နယ် တရားရုံး တရားသူကြီး ထံသို့ ဦးဝင်းချို၊ လေးနိုင်ဦး၊
ရန်ပိုင်စိုး၊ ထိန်လင်း၊ဘုံဘုံ(ခ)မောင်မောင်ထွေး၊ ဟန်လင်းအောင်တို့အား
တရားရုံးသို့ တရားစွဲတင်ပို့ လိုက်ကြောင်း သိရသည်။
နိုင်ငံတော် အကြည်ညို ပျက်စေသည့် ပုဒ်မ -၅၀၅(ခ)အမှုအား မြို့နယ်တရား ရုံးမှ
ရာကြီးမှုအမှတ် ၆၉၉၂/၂၀၁၃ဖြင့် လည်းကောင်း၊ (၁၆.၇.၂၀၁၃)နေ့က ဦးဝင်းချိုသည်
ပဲခူးတွင် လယ်ယာမြေ အသိမ်းခံလယ်သမားများနှင့် အတူခွင့် ပြုချက်မရှိဘဲ
ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်ပြီး ပဲခူးမြို့မစခန်းမှ
(ပ)၄၃၈/၂၀၁၃ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ
ဥပဒေပုဒ်မ ၁၈ နှင့် ဦးဝင်းချိုအား အမှုဖွင့် အရေးယူခဲ့ခြင်းအား တရားစွဲ
တင်ပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုအား မြို့နယ်တရားရုံးမှ ရာကြီးမှု အမှတ် ၆၉၉၃/၂၀၁၃ဖြင့်
လည်းကောင်;၊(၂၆.၇.၂၀၁၃)နေ့က ဦးဝင်းချိုနှင့် တပည့်ရန်ပိုင်စိုးတို့ သည်
လယ်ယာမြေ အသိမ်းခံ လယ်သမားများနှင့် အတူ ခွင့်ပြုချက်မရှိဘဲ
ပဲခူးမြို့၊ဘုရားသုံးဆူကျေးရွာရှိ ၊ရန်ကုန်-မန္တလေး မင်းထက်ကောင်း
လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ ပဲခူး
အမှတ်(၃)စခန်းမှ (ပ)၃၀၉/၂၀၁၃ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် တန်းစီ
လှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ -၁၈ ဖြင့် ဦးဝင်းချိုနှင့်
ရန်ပိုင်စိုးတို့အား အရေးယူထားခဲ့မှုပေါ် မြို့နယ်တရားရုံးမှ ရာကြီးမှုအမှတ်
၆၉၉၄/၂၀၁၃ ဖြင့် အသီးသီး လက်ခံစစ်ဆေးပြီး အမှုအား (၅.၉.၂၀၁၃) ကြာသပတေး
နေ့တွင် စစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
KoThant Zin
by Myanmar News Now