ရုပ်ရှင်အစည်းအရုံးအား ထပ်မံဆန္ဒပြမည်
| ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၅ မိနစ်
ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌဟောင်း ဒေါ်စန်းစန်းမော်နှင့် ဗီဒီယိုထုတ်လုပ်ရေးအဖွဲ့များသည်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား စက်တင်ဘာ ၂၁ ရက်တွင်
ထပ်မံဆန္ဒပြဖြစ်ပြီး ယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ်၊
ခရိုင်တို့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံသို့ စက်တင်ဘာ ၃
ရက်တွင် ခွင့်ပြုမိန့်တောင်းဆိုထားကြောင်း စုဗီဒီယိုထုတ်လုပ်ရေးမှ ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌဟောင်း
ဒေါ်စန်းစန်းမော်က မဇ္ဈိမသို့ ပြောကြားသည်။
ဆန္ဒပြပွဲတွင် ထုတ်လုပ်ရေးသမားများအပါအ၀င် တိုင်းဒေသကြီးအသီးသီးနှင့် ပြည်နယ်များရှိ ကိုယ်စားလှယ်များလည်း ပါဝင်ပြသကြမည်ဖြစ်သည်။
“ယခုဆန္ဒပြကြတဲ့သူတွေရဲ့ ဇာတ်ကားသစ်တွေကို ပေးမရောင်းတော့ဘူး။
ဆိုင်သစ်တွေမှာ တင်ခွင့်မပေးတော့ဘူး။ အကန့်အသတ်မရှိ ပိတ်ပစ်လိုက်တယ်။
ထုတ်လုပ်သူရဲ့ ရပိုင်ခွင့်တွေကို ရက်အကန့်အသတ် မရှိ ပိတ်ခြင်းခံရတယ်။ အဲဒါ
ဦးစိုးသိန်းကပိတ်လိုက်တယ်။ ဒါကြောင့် ဆန္ဒပြကြတာ။ အခုဆန္ဒပြပွဲမှာ
ပိုက်ဆံပေးပြီးခေါ်တဲ့သူတွေ ရှိတယ်ဆိုရင် ခေါ်လာခဲ့ပါ။ အခုဆန္ဒ ပြပွဲအတွက်
အင်တာနက်ကနေပြီး ဖိတ်ခေါ်မှာပါ”ဟု ၎င်းက ပြောသည်။
ဒေါ်စန်းစန်းမော် ဦးဆောင်သည့် ဆန္ဒပြမည့်အဖွဲ့များသည် ၃၅ လမ်း၊ ၃၆ လမ်း
တို့ကိုပတ်ပြီး သမ္မတရုပ်ရှင်ခုံးမှ ရွှေတိဂုံလမ်း အတိုင်းပတ်ပြီး
ရေခဲဆိုင်မှတ်တိုင်မှနေပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်းတွင် ပြသကြမည် ဖြစ်သည်။
ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
မဇ္ဈ