Headlines News :
Home » » အမေရိကန်အစိုးရလုပ်ငန်း တစိတ်တပိုင်းရပ်ဆိုင်း

အမေရိကန်အစိုးရလုပ်ငန်း တစိတ်တပိုင်းရပ်ဆိုင်း

Written By လွင့်မောင်မောင် on Wednesday, October 2, 2013 | 12:54 AM

အောက်တိုဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ရမယ့် အသုံးစရိတ် ချထားပေးဖို့ တင်သွင်းတဲ့  အဆိုတရပ်ကို  အမေရိကန်လွှတ်တော် ၂ ရပ်စလုံးက  သဘောမတူနိုင်ကြတဲ့အတွက် အခု အမေရိကန်နိုင်ငံမှာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရလုပ်ငန်း တစိတ်တပိုင်းကို ရပ်ဆိုင်းပစ်လိုက်ရပြီ ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေထဲမှာ တချို့အလုပ်မဆင်းဘဲ အိမ်ပြန်ကြရသလို တချို့ကတော့ လုပ်ခလစာမရဘဲ အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်းတွေကတော့ အလုပ်ခွင်မှာ တာဝန်ထမ်းဆောင်ကြရပေမဲ့ သူတို့အတွက် လုပ်ခလစာ ရဖို့ကတော့ သိပ်မသေချာလှပါဘူး။

Obamacare လို့ လူသိများကြတဲ့ သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအတွက်  အစိုးရအသုံးစရိတ် ဥပဒေမူကြမ်းကို တနင်္လာနေ့မှာ ရီပတ်ပလစ်ကန် ပါတီဝင်တွေ ဦးဆောင်တဲ့  အောက်လွှတ်တော်အမတ်တွေက ၃ ကြိမ်တိုင်တိုင် အတည်ပြုပေးခဲ့ပေမဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေ ဦးဆောင်တဲ့  အထက်လွှတ်တော်ကနေ ၃ ကြိမ်တိုင်တိုင် ပယ်ချခဲ့တာပါ။

တနင်္လာနေ့ည သန်းခေါင်ယံမတိုင်ခင်လေးမှာပဲ သမ္မတအိမ်ဖြူ ဘဏ္ဍာငွေကြေးဆိုင်ရာ အကြီးအကဲ Sylvia Burwell ကနေ အစိုးရအဖွဲ့အစည်းတွေအတွက် လုပ်ငန်းရပ်ဆိုင်းဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ညွန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီအစဉ်အရ  အစိုးရဝန်ထမ်း ၈ သိန်းလောက် သတ်မှတ်ရက်အတွင်း လုပ်ခလစာမရဘဲ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။

အခုလို အစိုးရလုပ်ငန်း ရပ်ဆိုင်းတဲ့ထဲမှာ  အပန်းဖြေပန်းခြံတွေ၊  ကူးသန်းသွားလာမှု လုံခြုံရေးအတွက် တာဝန်ယူနေတဲ့ အဖွဲ့အစည်းတွေနဲ့  ကာကွယ်ရေှးဌာန လက်အောက်မှာ လုပ်ကိုင်နေတဲ့  အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် သက်ရောက်မှု ရှိနေပါတယ်။ အမိမြေလုံခြုံရေး ဝန်ထမ်းတွေနဲ့ နယ်စပ်ဒေသ လုံခြုံရေး တာဝန်ခံရုံးတွေအပြင် တခြားလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းရုံးတွေကိုတော့ ဆက်လက် ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

အမေရိကန် စစ်တပ်ကတော့ တာဝန်ဆက်ထမ်းဆောင်နေရမှာဖြစ်ပြီး  အာဖဂန်နစ္စတန်နိုင်ငံမှာ လုပ်ဆောင်နေတာလိုမျိုး အမေရိကန်နိုင်ငံရဲ့ လုပ်လက်စ  စစ်ရေးလှုပ်ရှားမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတ အိုဘားမား က အင်္ဂါနေ့မနက် အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

စစ်ဘက်ဝန်ထမ်းတွေ လုပ်ခလစာ အချိန်မှီရစေဖို့ အစီအစဉ်အတွက် သူ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ လွှတ်တော်က အစိုးရလုပ်ငန်းတွေ ပြန်လုပ်နိုင်အောင် ခွင့်ပြုလာဖို့ ဆက်ပြီး ကြိုးစားသွားမယ်လို့လည်း သမ္မတက ကတိပေးလိုက်ပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template