Headlines News :
Home » » ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခေတ်သစ်အန္တရာယ်နှင့် ကြုံတွေ့နေရ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခေတ်သစ်အန္တရာယ်နှင့် ကြုံတွေ့နေရ

Written By လွင့်မောင်မောင် on Monday, October 7, 2013 | 8:28 PM



ရန်ကုန်၊ အောက်တိုဘာ-၆

စစ်ပွဲများ၊ မြေငလျင်များနှင့် ပူပြင်းသည့် နေပူဒဏ်များကို ရာစုနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသော ပုဂံခေတ် စေတီပုထိုးများသည် မကြာမီနှစ်များအတွင်း ခေတ်သစ်အန္တရာယ်များကိုပါ ရင်ဆိုင်နေခဲ့ရကြောင်း သိရသည်။ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ စေတီပုထိုးများအပါအ၀င် ရှေးခေတ်စေတီပုထိုးများတည်ရှိရာ ရှေးဟောင်းပုဂံယဉ်ကျေးမှုနယ်မြေသည် မြန်မာနိုင်ငံအတွက် သမိုင်းတန်ဖိုးအကြီးဆုံး ရှေးဟောင်းဘာသာရေးနယ်မြေများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များအား အဓိကဆွဲဆောင်နိုင်သော ယဉ်ကျေးမှုနယ်မြေလည်း ဖြစ်သည်။

ပုဂံယဉ်ကျေးမှုနယ်မြေမှ ရှေး ဟောင်းစေတီပုထိုးအများအပြားမှာ လူ့ ပယောဂနှင့် သဘာဝတရားတို့၏ ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့သော် လည်း ကျွမ်းကျင်သူများ၏ အဆိုအရ မူလလက်ရာ၏ အရိပ်အယောင်ပါရုံမျှ သာပါသော စေတီပုထိုးသစ်များကို မူလစေတီပုထိုးပျက် အုတ်မြစ်များကို အောက်ခံပြု၍ ဖြစ်ကတတ်ဆန်းပြင် ဆင်ခဲ့ကြသည်။

ယခင် စစ်အစိုးရလက်ထက်က ရာပေါင်းများစွာသော ပုဂံခေတ်စေတီ ပုထိုးပျက်များကို လုံးလုံးလျားလျား ပြန် လည်တည်ဆောက်ခဲ့ရာ ယင်းရှေး ဟောင်းအဆောက်အအုံများ၏ သမိုင်း တန်ဖိုးပျက်ပြယ်ခဲ့ရကြောင်း ကုလ သမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို) အတိုင်ပင်ခံဟောင်း ဗိသုကာပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

အလားတူ ပြည်တွင်းဆောက် လုပ်ရေးလုပ်ငန်းများသည် ၎င်းတို့ အကျိုးအမြတ် ပိုမိုရရှိရေးအတွက် ပုဂံ ခေတ်စေတီပုထိုးများကို ပြုပြင်ရာအချိန်အမြန်ဆုံး၊ ကုန်ကျစရိတ် အသက် သာဆုံးနည်းလမ်းများ အသုံးပြုခဲ့ကြ ကြောင်း ကျွမ်းကျင်သူတစ်ဦးက ထောက်ပြခဲ့သည်။

တပ်မတော်အစိုးရ လက်ထက် တွင် ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ အလှူငွေဖြင့် အုတ်ကျိုးပုံအခြေအနေ တွင်သာရှိသည့် စေတီပုထိုးပျက် အများ အပြားအပါအ၀င် ပုဂံခေတ်လက်ရာ စေတီပုထိုးပျက် အများအပြားကို ပြန် လည်ပြင်ဆင်ခဲ့သည်။

ယင်းကာလများအတွင်း စေတီ ပုထိုးပျက်ပေါင်း ၂၀၀၀ ၀န်းကျင်ကို ပြင်ဆင် တည်ဆောက်ခဲ့ပြီး အများ အပြားကို ဖြစ်ကတတ်ဆန်း တည် ဆောက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ကာလတွင် အသစ်ပြင် ဆင်တည်ဆောက်မှုများ ရပ်ဆိုင်းလိုက် ပြီဖြစ်သော်လည်း မူလလက်ရာ ဟောင်း အခြေအနေကို ပြန်ရနိုင်တော့ မည်မဟုတ်ရာ ယူနက်စကို၏ ကမ္ဘာ့  ယဉ်ကျေးမှုအမွေအနှစ်စာရင်းအတွင်း ပါဝင်နိုင်မည့်အခွင့်အလမ်းကို ထိပါး နိုင်ကြောင်း ကျွမ်းကျင်သူများက သတိ ပေးထားသည်။

သို့ရာတွင် အငြင်းပွားဖွယ် ပြင် ဆင်မွမ်းမံမှုများရှိခဲ့သည့်တိုင် ပုဂံဒေသ သည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းအတွင်းပါဝင်နိုင်သေးကြောင်း ယူနက်စကိုတာဝန်ရှိသူ တစ်ဦးက ပြော ကြားထားသည်။

ပုဂံခေတ်စေတီပုထိုးများသည် သက်ဝင်လှုပ်ရှားမှုရှိဆဲ အမွေအနှစ် ဒေသဖြစ်ကြောင်း၊ ယင်းစေတီပုထိုး များကို ဗုဒ္ဓ ဘာသာဝင်များက ယနေ့ ထက်တိုင် လာရောက်ဖူးမြော်နေကြဆဲ ဖြစ်ရာ ပုဂံစေတီပုထိုးများသည် ယဉ် ကျေးမှု အမွေအနှစ် သို့မဟုတ် ရှေး ဟောင်းလက်ရာများ ဖြစ်သည်သာမက သက်ဝင်ရှင်သန်မှုရှိဆဲ ယဉ်ကျေးမှု ပြယုဂ်များလည်း ဖြစ်ကြောင်း ကျွမ်း ကျင်သူများက ပြောဆိုကြသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template