နေပြည်တော်၊ အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားခဲ့သည့်
မီးရှို့/ဆူပူ/လှုံ့ဆော်မှုများနှင့်ပတ်သက်၍
သံတွဲအကျဉ်းထောင်တွင်ထိန်းသိမ်းထားသူ(၃)ဦးအား ၆-၇-၂၀၁၃ ရက်နေ့ ၂၀၀၀
အချိန်မှ ၂၂၀၀ အချိန်ခန့်အတွင်း တပ်ဖွဲ့ဝင်(၂)ဦးကစစ်ဆေးမေးမြန်းစဉ်
ရိုက်နှက်စစ်ဆေးခဲ့ကြောင်း သိရှိရသဖြင့် တရားခံများအပေါ်
ရိုက်နှက်ညှင်းပန်းနှိပ်စက်ခြင်းမပြုရန် အထက်ဌာန၏ညွှန်ကြားချက်ကို လိုက်နာ
ဆောင်ရွက်ရန်ပျက်ကွက်ခဲ့သည့် အဆိုပါတပ်ဖွဲ့ဝင်(၂)ဦးအား
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထိရောက်စွာအရေးယူနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်