Headlines News :
Home » » ကချင်ပြည်နယ်စစ်ပွဲတွင် ပိတ်မိနေသော ရခိုင်လူမျိုး ၂၀၀ ခန့် နေရပ်ရင်းပြန်

ကချင်ပြည်နယ်စစ်ပွဲတွင် ပိတ်မိနေသော ရခိုင်လူမျိုး ၂၀၀ ခန့် နေရပ်ရင်းပြန်

Written By လွင့်မောင်မောင် on Sunday, February 23, 2014 | 5:49 PM


ကချင်ပြည်နယ် တိုက်ပွဲများ အတွင်း ပိတ်မိပြီး ဒုက္ခရောက်နေကြသော ရခိုင် အမျိုးသား  ၁၈၂ ယောက်သည် ရခိုင်စာပေနှင့် ယဉ်ကျေးမူ ကော်မီ (မြစ်ကြီးနား) ၏ စီစဉ်ပေးမူကြောင့် ယနေ့ နံနက်က ကချင်ပြည်နယ် မြစ်ကြီးနားမှ တစ်ဆင့် ရခိုင်သို့ ရထားဖြင့် ထွက်ခွာသွားကြသည်ဟု သတင်း ရရှိသည်။

“ စုစုပေါင်း ၁၈၂ ဦးပါ။ ဒီကနေ့ နံနက် ၇ နာရီ ၄၅ မိနစ်မှ မြစ်ကြီးနားကနေ မန္တလေးကို ရထားနဲ့ ထွက်ခွာသွားကြပါတယ်” ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမူ ကော်မီ (မြစ်ကြီးနား) ဒုဥက္ကဌ ဦးဖြူသာချေက နိရဉ္စရာသို့ ပြောကြားသည်။

ယခု ရခိုင်သို့ ပြန်သွားကြသူ ၁၈၂ ဦးသည် လွန်ခဲ့သော (၆) နှစ်ကတည်းက ကချင်ပြည်သို့ အလုပ် လုပ်ရန် ရောက်ရှိနေကြသူများဖြစ်ကြပြီး ကချင်စစ်ပွဲအတွင်း ပိတ်မိနေရာမှ ဒုက္ခရောက်ရှိလာကြသဖြင့် မိမိနေရပ်သို့ ပြန်ကြခြင်း ဖြစ်သည်ဟု သူကဆိုသည်။

“ သူတို့က ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် လေဆာကျေးရွာမှ ငှက်ပျောခြံမှာ အလုပ် လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်တော့ သူတို့က ကြားညှပ်သွားပြီး ဒုက္ခရောက်နေကြတာ ကြာနေပြီ။ အခုတော့ ကျနော်တို့ကနေ ဦးဆောင်ဦးရွက်ပြုပြီး သူတို့ရဲ့ နေရပ် ရခိုင်ပြည်နယ်ကို ပြန်ပို့တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

သူတို့ ရခိုင်ပြည်နယ်သို့ ပြန်ပို့ရန် အတွက် ရခိုင်စာပေနှင့်  ယဉ်ကျေးမူ ကော်မီ (မြစ်ကြီးနား) ၏ နာယက ဦးစောသိန်း၊ ဦးငွေသိန်း၊ ဥက္ကဌ ဦးမျိုးဇေယျာမင်းနှင့် ဒုဥက္ကဌ ဦးဖြူသာချေ တို့ မှ ဦးစီးပြီး အကူအညီများ တောင်းခံရာ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကျပ်ငွေ (၁၀) သိန်း၊ တခြား အလှူရှင်များထံမှ ကျပ်ငွေ (၄၂) သိန်းနှင့် ကချင်စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ဥက္ကဌ ဦးခက်ထိန်နာထံမှ ကျပ် (၁) သိန်း၊ စုစုပေါင်း ကျပ် (၅၃) သိန်း ရရှိခဲ့သည်ဟု ဆိုသည်။

ယခုပြန်သူ ရခိုင်လူမျိုးများမှာ ရခိုင်ပြည်နယ် မင်းပြားနှင့် မြေပုံမြို့နယ်မှ အများစု ဖြစ်ကြပြီး မင်းပြားမြို့နယ် ဥတ္တရကျေးရွာ ဆရာတော် ဦးမဟိန္ဒမှ ဦးစီးပြီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

သူတို့အား မန္တလေး ရခိုင် လူမူ ဖုံလုံရေးအဖွဲ့မှ မန္တလေးဘူတာမှ  ကြိုဆို နေရာချထားပေးမည် ဖြစ်ပြီး ယင်းမှ တဆင့် ရခိုင်ပြည်နယ်သို့ ပြန်နိုင်ရေးအတွက် ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် လေဆာကျေးရွာမှ ငှက်ပျောခြံများတွင် နောက်ထပ် ရခိုင်လူမျိုး ၂၀၀ ခန့် ကျန်ရှိနေသေးပြီး သူတို့ပြန်ရန်အတွက် ဆက်လက် စီစဉ်ပေးသွားမည်ဟု ဒုဥက္ကဌ ဦးဖြူသာချေက ဆက်လက် ပြောဆိုသည်။

ကချင်ပြည်နယ်တနိုင်း ဟူးကောင်း ဒေသတွင် ရခိုင်အမျိုးသား သုံးသောင်းခန့်ရှိနေကြောင်း သိရသည်။

( နိရဉ္စရာ- ၂၃ ဖေဖေါ်ဝါရီ ၂၀၁၄)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template