Headlines News :
Home » » ဆမ်ဆောင်း S5 မိတ်ဆက်ပြသပြီ

ဆမ်ဆောင်း S5 မိတ်ဆက်ပြသပြီ

Written By လွင့်မောင်မောင် on Tuesday, February 25, 2014 | 2:28 PM

နည်းပညာခေတ်ကြီးမှာ ကိုယ့်ရဲ့စမတ်ဖုန်းဟာ ခဏလေးနဲ့ ခေတ်နောက်ကျသွားတတ်တာ အခု ဆမ်ဆောင် S5 ထပ်ထွက်လာမယ့်သတင်းက အတည်ထပ်ပြုလိုက်ပြန်ပါတယ်။ 


 အသစ်ထွက်လာမယ့် Samsung Galaxy S5၊ ဓာတ်ပုံ- Techradar.phones

အခုတော့ Samsung Galaxy S4 ဟာ ခေတ်နောက်ကျသွားရပြန်ပြီ။ ဆမ်ဆောင် ကုမ္ပဏီကနေ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ လုပ်တဲ့ ကမ္ဘာ့မိုဘိုင်းဖုန်း ကွန်ဂရက်မှာ Samsung S5 ကို သတ်မှတ်ကာလဖြစ်တဲ့ လာမယ့် ဧပြီကျမှ ထုတ်ရောင်းမယ့် ကိစ္စကို မနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကနဦး ပြသလိုက်ပြီလို Techradar.phones အွန်လိုင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

အခုအသစ်ထွက်လာတဲ့ Samsung Galaxy S5 ဟာ အရင်က S4 ထက် မျက်နှာပြင်က ကြီးပြီး ၅.၁ လက္ခ ရှိကာ ရေထဲမှာ အနည်း မိနစ် ၃၀ လောက် ထိ ခံနိုင်ရည်ရှိတယ်လို့ မိတ်ဆက်ထားပါတယ်။ ဆိုလိုတာက လက်ကိုင်ဖုန်း ရေထဲပြုတ်ကျသွားရင်တော့ ပျက်ဆီးမှုမဖြစ်တော့ဘူးလို့ ပြောရမှာပါ။ 

နောက်ပြီး ကင်မရာကိုလည်း မီဂါပစ်ဇယ် ၁၆ ထိ အဆင့်မြှင့်လိုက်ပြီး iPhone 5S တွေကို လက်ဗွေနဲ့ အသုံးပြုလို့ရတဲ့ Home ဆိုတဲ့ ခလုပ်ကိုလည်း ဆန်းသစ်ထားပါသေးတယ်။ 

အရင်ကတော့ အိုင်ဖုန်းနဲ့ ဆမ်ဆောင်တွေဟာ နည်းပညာခိုးယူတယ်ဆိုတဲ့ အပြန်အလှန် တရားစွဲမှု မျိုးတွေတော့ ရှိခဲ့ဖူး တာပါဘဲ။ အခုတော့ ဘယ်လိုလာမယ်မသိရသေးပါဘူး။ 

ထူးခြားမှုအနေနဲ့ အခု ထွက်လာမယ့် Samsung Galaxy S5 ဟာ နှလုံးခုန်နှုန်းတိုင်းတာတဲ့ ကိရိယာ ဖန်ရှင် ထည့် သွင်း ထားတာပါဘဲ။ 

ဘက်ထရီမှာတော့ ဆမ်ဆောင်း S4 က အရင်က ကမ္ဘာ့ ဘက်ထရီတာရှည် အခံဆုံး ဆိုတဲ့ နာမည်ကောင်း နဲ့အတူ အခု S5 မှာလည်း အထူးပိုပြီး ကောင်းအောင် စီမံထားတယ်တဲ့။ 



Samsung Galaxy S5 ကို ရွှေရောင်၊ အဖြူ၊ အပြာနဲ့ အနက်ဆိုပြီး အရောင်မျိုးနဲ့ ထုတ်လုပ်ထားတာ ဖြစ်လို့ ဆမ်ဆောင်ချစ်သူတွေနဲ့ အိုင်ဖုန်းချစ်သူတွေလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ 

လာမယ့် ဧပြီလ ဆန်းပိုင်းမှာတော့ ကမ္ဘာနိုင်ငံပေါင်း ၁၅၀ ကျော်မှာ Samsung Galaxy S5 တွေကို စတင် ထုတ်ဝေ ဖြန့်ချိတော့မှာမို့ ဆမ်ဆောင်းချစ်သူတွေနဲ့ စမတ်ဖုန်းချစ်သူတွေအတွက် ရင်ခုန်စွာစောင့်ဆိုင်း ၀ယ်ယူနိုင်ခွင့် ရတော့မယ်လို့ ဆိုပါတယ်။ 

အိမ့်သံစဉ် ~ဧရာဝတီBlog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template