Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ဦးဝီရသူ လိုလား

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ဦးဝီရသူ လိုလား

Written By လွင့်မောင်မောင် on Tuesday, February 25, 2014 | 5:41 PM

ဦးဝီရသူက သူ အပါအဝင် မြန်မာပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြတယ်လို့ တနင်္လာနေ့က ဧရာဝတီကို မိန့်ကြားပါတယ်။
၂၀၁၃ ဇွန်လက ရန်ကုန်မြို့မှာ တွေ့ရတဲ့ ဦးဝီရသူနဲ့ သံဃာများ   (ဓာတ်ပုံ - ဂျေပိုင် / The Irrawaddy)

 -
ဦးဝီရသူနဲ့ NLD ဦးဝင်းတင်တို့ တွေ့ဆုံပွဲအကြောင်း ဆက်သွယ် မေးမြန်း လျှောက်ထားစဉ်မှာ အဲဒီလို မိန့်ကြားလိုက်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဦးဝင်းတင် မန္တလေးရောက်စဉ် တွေ့ဆုံကြတာပါ။

ဦးဝင်းတင်နဲ့တွေ့ဆုံစဉ် ဆွေးနွေးတဲ့အကြောင်းအရာတွေထဲ  ... အခြေခံဥပဒေ ပုဒ်မ ၅၉ ပြင်ဆင်ရေး၊ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစရှိတာတွေ ပါဝင်တယ်လို့  မိန့်ကြားပါတယ်။

သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ ကိစ္စ ပြင်ရေးက ဒေါ်စုအတွက် ထောက်ခံတယ်။ ဒီနိုင်ငံမှာ နိုင်ငံခြားသား ဥပမာ တရုတ်၊ ကုလားတို့ သမ္မတဖြစ်လာမှာကို အင်မတန်စိုးရိမ်ပါတယ် လို့ မိန့်ကြားပါတယ်။

 မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး .... ဒီနိုင်ငံမှာ မျိုးစောင့်ဥပဒေ အလွန် လိုအပ်နေတယ်။ အမျိုးသမီးတွေက တခြားဘာသာတွေထဲ ဇွတ်အတင်း သွပ်သွင်းခံရမှာကို စိုးရိမ်ပါတယ် တဲ့။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဧရာဝတီပင်မစာမျက်နှာ
http://www.irrawaddy.org/burma/meeting-nld-cofounder-wirathu-cautions-suu-kyi-presidency.html မှာ မူရင်းသတင်းကို ဖတ်နိုင်ပါပြီ။

In Meeting With NLD Cofounder, Wirathu Cautions Against Suu Kyi Presidency
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်။


တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဦးဝင်းတင်ကိုလည်း ဆက်သွယ် မေးမြန်းထားပါတယ်။

မန္တလေးရောက်တုန်းမှာ ဆရာတော်က ဖိတ်တယ်၊ ဖိတ်တော့ ကျောင်းကို သွားတယ်၊ ဟိုရောက်တော့ ကျောင်းထဲမှာ ဒေါ်စုဓာတ်ပုံတွေ မိန့်ခွန်းတွေ ကပ်ထားတာ တွေ့ရတယ်။

ကျန်းမာရေးအရ ကျနော်က ထိုင်ခုံနဲ့ထိုင်ရတဲ့အတွက် နားလည်ဖို့ ခွင့်တောင်းတယ်၊ စကားပြောဖြစ်ကြတယ်၊  ဒေါ်စုကို သူ လေးစားတယ် ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်၊
  ၅၉ နဲ့ ပတ်သက်ပြီး ဒေါ်စု သမ္မတဖြစ်လာမှာကို သဘောတူတယ်။ သို့သော်လည်း ဒါပြင်ပြီးရင် တရုတ်၊ ကုလားတွေ သမ္မတဖြစ်လာမှာကို စိုးရိမ်တယ်။
NLD ပါတီထဲမှာ အရည်အချင်း မရှိတာတွေ တွေ့ရတယ်၊ ပြုပြင်ပြောင်းလဲရေးလုပ်သင့်ပြီလို့ အကြံပြု မိန့်ကြားတယ်။ 
NLD ကို ထောက်ခံလို့ ကျေးဇူးတင်တယ်၊  ပြုပြင်ပြောင်းလဲရေး ဆိုတာကတော့ လုပ်သင့်တယ်၊ သို့သော်လည်း အဆင့်ဆင့်သော ခေါင်းဆောင်တွေကတော့ ညီလာခံလုပ်ပြီး စနစ်တကျ တင်မြှောက်ထားကြတာဖြစ်တယ် လို့ ပြန်လျှောက်ထားလိုက်ပါတယ်။
မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဘာတွေများ ဆွေးနွေးကြပါသလဲ???  မျိုးစောင့်ဥပဒေကို လူတွေက ဘာကြောင့် မထောက်ခံကြသလဲ မသိဘူး လို့
ဦးဝီရသူက မှတ်ချက် မိန့်ကြားပေမယ့် ကျနော် ဒီကိစ္စကို ဆက် မပြောဘူး၊ ပြောလည်း အငြင်းပွားနေမှာပဲ လို့ ဦးဝင်းတင်က ရှင်းပြပါတယ်။

ဧရာဝတီBlog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template