Headlines News :
Home » » ဒုချီးရားတန်း စုံစမ်းမှုကော်မရှင် လွတ်လပ်သည့်ကော်မရှင် မဟုတ်ဟု ကုလကိုယ်စားလှယ်ပြော

ဒုချီးရားတန်း စုံစမ်းမှုကော်မရှင် လွတ်လပ်သည့်ကော်မရှင် မဟုတ်ဟု ကုလကိုယ်စားလှယ်ပြော

Written By လွင့်မောင်မောင် on Monday, February 24, 2014 | 7:08 PM


ရခိုင်ပြည်နယ်က ဒူချီးရားတန်းအရေး စုံစမ်းမှုကော်မရှင်တွေဟာ အစိုးရက ဖွဲ့စည်းထားတဲ့ အတွက် လွတ်လပ်တဲ့ ကော်မရှင် မဟုတ်ဘူးလို့ မစ္စတာ ကင်တားနားက သူရဲ့ ၆ ရက်အကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဘန်ကောက်မှာ ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတအဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်တယ်။ ဒါကြောင့် ဒီကော်မရှင်ဟာ သမ္မတအပေါ်ကို မှီခိုနေရတဲ့အတွက် အဲဒါ လွတ်လပ်တဲ့အဖွဲ့ တခု မဟုတ်ပါဘူး။ အဲဒီအတွက် အစိုးရက နားလည်လာပုံရတယ်။ ဒါကြောင့် အစိုးရက စုံစမ်း စစ်ဆေးရေး ကော်မရှင်အသစ်တဖွဲ့ကို ထပ်ဖွဲ့ပြန်တယ်။ အခု ကော်မရှင်အသစ်လည်း လွတ်လပ်သလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စောစောက အဖွဲ့လို သမ္မတ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ စုံစမ်းစစ်ဆေးရေးကော်မရှင်အသစ်က မကြာခင်မှာ အစီရင်ခံစာအသစ် ထုတ်တော့မယ်၊ ဖေဖော်ဝါရီလကုန်လောက်မှာ ဖြစ်နိုင်တယ်။  သူတို့ရဲ့ လှုပ်ရှားမှုတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေးအရ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးအဖွဲ့တော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါတွေကြောင့်လည်း နိုင်ငံတကာက ကျွမ်းကျင်သူတွေ ပါဝင်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ဖို့ ကျနော် တောင်းဆိုခဲ့တာပါ လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။”

ဒုချီးရားတန်းအရေးနဲ့ ပက်သက်လို့ စုံစမ်းစစ်ဆေးခဲ့တဲ့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကတော့ ဘင်္ဂါလီတွေ သတ်ဖြတ်ခံရတဲ့ဆိုတဲ့သတင်းတွေဟာ အတည်ပြုချက် မရရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

သမ္မတက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ဒုချီးရားတန်း စုံစမ်းရေးကော်မရှင်က ရဲတပ်ကြပ်ကြီး သေဆုံးတဲ့ဖြစ်စဉ်၊ လူသေဆုံးမှုတွေရှိတယ်ဆိုတဲ့ သတင်းအပါအ၀င် ဒုချီးရား တန်း အနောက်ရွာ မီးလောင်မှုစတာတွေကို ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ စစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကို သမ္မတဆီ ဒီလကုန် အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။

“နောက်တခု ကျနော် ပြောချင်တာက ရခိုင်ပြည်နယ်က ရဲတွေဟာ ရခိုင်ပြည်နယ်က လူတွေ ဖြစ်တယ်။ ရခိုင်လူမျိုးတွေနဲ့ ဆိုင်တဲ့ ရဲတွေပဲ ဖြစ်တယ်။ တခြားပြည်နယ်က ရဲတွေ ချထားဖို့ လိုတယ်။ ဒီလိုမျိုး ချထားတာဟာ နှစ်ဖက်အကြား ဖြစ်ပွားနေတဲ့ အခြေအနေတွေ ပိုပြီး နားလည်မှုတွေ ရစေပါတယ်လို့လည်း ပြောပါတယ်။”

မြန်မာပြည်ကို နောက်ဆုံးအကြိမ် သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်း မင်္ဂလာဒုံလေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေက လိုအပ်ချက်တွေ ရှိနေဆဲပဲလို့  ပြောဆိုထားပါတယ်။

သူရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ ချဉ်းကပ်ပုံတွေကိုလည်း ဘယ်သူမဆို လွတ်လပ်စွာ သဘောမတူနိုင်တဲ့ အခွင့်အရေးရှိတဲ့ကြောင်း၊ သူဟာ လူ့အခွင့်အရေး ကိုယ်စားလှယ် တဦးအနေနဲ့ မြန်မာတဝန်းလုံးက လူ့အခွင့်အရေး ပုံရိပ်တွေ သိရှိရေးအတွက် သူရဲ့ အစီရင်ခံစာကို လေ့လာသင့်တဲ့အကြောင်းတွေကိုလည်း တိုက်တွန်းပြောဆိုသွားပါတယ်။

မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၆ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ကာလတွေအတွင်းမှာ တိုးတက်ပြောင်းလဲမှုတွေအတွက် အသိအမှတ်ပြု ပြောဆိုခဲ့သလို ထောက်ပြ ဝေဖန်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာကို လာမယ့် မတ် ၁၇ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ရှိတဲ့ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီကို အစီရင်ခံ တင်ပြသွားမှာ ဖြစ်ပါတယ်။

By ခွန်ဘသာ (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template