Headlines News :
Home » » ထွက်ပြေးသွားသည့် ယူကရိန်းသမ္မတ၏ စံအိမ် ပြည်သူလေ့လာရန် ဖွင့်လှစ်

ထွက်ပြေးသွားသည့် ယူကရိန်းသမ္မတ၏ စံအိမ် ပြည်သူလေ့လာရန် ဖွင့်လှစ်

Written By လွင့်မောင်မောင် on Monday, February 24, 2014 | 6:59 PM


လူထုဆန္ဒပြပွဲတွေကြောင့် မြို့တော်ကိယက်ကနေ ထွက်ပြေးသွားရတဲ့ ယူကရိန်း သမ္မတရဲ့ နန်းတော်တမျှ စံအိမ်ကို အများပြည်သူတွေ လေ့လာနိုင်ဖို့ ဖွင့်လှစ်ထားပါတယ်။

ကီယက်မြို့လယ်ကနေ နာရီဝက်ဝန်းကျင် ကားမောင်းသွားရင် ရောက်တဲ့ ဆောင်ရာသီ စံအိမ်ကို ၂၀၀၁ ခုနှစ်မှာ ယူကရိန်းသမ္မတ လီယိုနတ် ကုချမာက စတင်တည်ဆောက်ခဲ့ပါတယ်။

သမ္မတ ယန်နူကိုဗစ် လက်ထက်မှာ အိမ်ကို ပြုပြင်မွမ်းမံဖို့ အမေရိကန်ဒေါ်လာ သန်းချီ အကုန်ကျခံခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

၁၄၀ ဟတ်တာ ကျယ်ဝန်းတဲ့ ၀င်းကြီးထဲမှာ ဇိမ်ခံအိမ်ကြီး၊ ကိုယ်ပိုင်တိရစ္ဆာန်ရုံနဲ့ ရဟတ်ယာဉ်ကွင်းကြီးတခုလည်း ရှိပါတယ်။

ဒီခြံဝင်းကြီးကို ၁၀ ရက်အတွင်း နိုင်ငံတော်ကို လွှဲအပ်ဖို့ ယူကရိန်း လွှတ်တော်က ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဆုံးဖြတ်ထားပါတယ်။

ယူကရိန်း သမ္မတဟာ တိုင်းပြည်မှာ ပြည်သူတွေ စီးပွားရေးအဆင်မပြေတဲ့အချိန်မှာ သူမိသားစု၊ ဆွေမျိုးသားချင်းတွေ၊ ခရိုနီသူဌေးကြီးတွေ ကောင်းစားရေးအတွက် စီးပွားရေးအခွင့်ထူးတွေကို ယူခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

အာဏာအလွန်အကျွံသုံးတာကို မကျေနပ်လို့ လွန်ခဲ့တဲ့ သုံးလကစလို့ လူထုဆန္ဒပြပွဲတွေ၊ သွေးထွက်သံယို ၀ရုန်းသုန်းကားအခြေအနေတွေ ပေါ်ပေါက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မြို့တော်ကနေ ထွက်ပြေးပုန်းအောင်းနေပါတယ်။

သမ္မတရဲ့ ဇိမ်ခံ အိမ်ကြီးကို ပထမဆုံးအကြိမ် ကြည့်ခွင့်ရတဲ့ပြည်သူတွေက မကျေမနပ်နဲ့ သမ္မတကို ကျိန်ဆဲကြပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template