ရန်ကုန် ၊ မတ်လ ၁
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအပြီးအပိုင် ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကြီး၏ ရည်ရွယ်ချက်အား သိရှိစေရန်
လက်ကမ်းစာစောင်ဖြန့်ဝေပေးလျှက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ မြစ်ဆုံစီမံကိန်းအပြီးအပိုင် ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့မှ
မေခ၊ မလိခ မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကြီး၏ ရည်ရွယ်ချက်လေး
ချက်အား ပြည်သူများသိရှိရန် ယနေ့ မတ်လ ၁ ရက်တွင် လက်ကမ်းစာစောင် (၂၀၀၀)
ကိုဖြန့်ဝေပေးလျှက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်(
နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီ )မှ ကိုရဲထွဋ်ခေါင်က
"မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းဖို့အတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်တဲ့
ရည်ရွယ်ချက်ကို လူထုသွားလာမှုများတဲ့ မြို့တော်ခန်းမရှေ့နဲ့
ဆူးလေဘုရားတဝိုက်မှာ လက်ကမ်းစာစောင် ဖြန့်ဝေပေးနေတာပါ " ဟုပြောသည်။
ထို့အပြင် မတ်လ ၃ ရက်နေ့ တွံတေးမြို့နယ်သို့သွားရောက်ကာ လက်ကမ်းစာစောင်
(၂၀၀၀) အားဖြန့်ဝေမည်ဖြစ်ပြီး မတ်လ ၁၀ ရက်တွင်မူ မြစ်ကြီးနားမြို့နယ်၌
အသိပညာပေးဟောပြောမှု များကို ပြုလုပ်သွားမည်ဟု သိရသည်။
Popular Myanmar News Journal