ပဲခူးမြို့တွင်(၁.၃.၂၀၁၄)နေ့ နံနက်(၈း၁၅)အချိန်ခန့်က ပဲခူးတိုင်း NLD
ပါတီဝင်များမှ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ပုဒ်မ ၅၉(ဃ)
(စ)နှင့်ပုဒ်မ ၄၃၆ တို့အား ပြင်ဆင်နိုင်ရန်အတွက်
ပါတီဝင်အင်အား(၁၁၀၀)ခန့်တို့က ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
ပဲခူးတံတား အနောက်ဘက်ထိပ်မှ ရန်ကုန် - မန္တလေးကားလမ်းမ တစ်လျှောက်
ယာဉ်ဝင်းဟောင်း ထိပ်အထိ ၄င်းယာဉ်ဝင်းဟောင်းထိပ်မှ
ပဲခူးတံတားထိပ်သို့ပြန်ပြီး ပုဒ်မ၅၉(ဃ) (စ) နှင့် ပုဒ်မ၄၃၆
ပြင်စဉ်ပေးရေးအတွက် ပဲခူးတံတားထိပ်တွင် ဟောပြောပြီး ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ခြဲ့ကတာ ဖြစ်ပါတယ်။
ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာတွင်”ဒီမိုကရေစီ နှုန်းနှင့်မညီသော
ပုဒ်မများ ပြင်စဉ်ပေးရေး ဒို့အရေး”ဟု ကြွေးကျော်ပြီး”
ဒီမိုကရေစီစံညွှန်းနှင့် မညီသောဥပဒေများ ဖော်ထုတ်ပေး၊
ပုဒ်(၅၉)(ဃ)(စ)ပြင်စဉ်ရေးနှင့် ပုဒ်မ ၄၃၆ပြင်စဉ်ရေး”ဆိုင်းဘုတ် များ
ကိုင်ဆောင်ခဲ့ကြောင်းနှင့် နံနက် (၁၀း၁၅)အချိန်ခန့်တွင် ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်မှု ပြီးဆုံးသွားကြောင်း သတင်းရရှိပါတယ်။
ကိုသန့် စင်
BY THIT HTOO LWIN