Headlines News :
Home » » သဘာဝနည်းမဟုတ် ငါးဖမ်းသည့် သုတေသနအဖွဲ့၏ လုပ်ရပ်ကို ဒေသခံများ ကန့်ကွက်

သဘာဝနည်းမဟုတ် ငါးဖမ်းသည့် သုတေသနအဖွဲ့၏ လုပ်ရပ်ကို ဒေသခံများ ကန့်ကွက်

Written By လွင့်မောင်မောင် on Tuesday, May 13, 2014 | 9:40 AM

Displaying Untitled.jpg
FFI မှ ခမောင်းသွယ် ချောင်းတွင် ငါးဖမ်းသုတေသန ပြုနေစဉ်
ဓာတ်ပုံ - CSLD

|Dawei Watch| ထားဝယ်၊ မေ ၁၂
အပြည်ပြည်ဆိုင်ရာ သတ္တ၀ါနှင့် အပင်များ ထိန်းသိမ်းရေးအဖွဲ့ (FFI)မှ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ခမောင်းသွယ်
ချောင်း၊ ဘန်းချောင်းအပါအ၀င် ချောင်း ၅ ချောင်း၌ သဘာဝအတိုင်းမဟုတ်သော ငါးဖမ်းနည့်းဖြစ်သည့် ရှော့ခ်ရိုက် ငါးဖမ်းနည်းဖြင့် သုတေသနပြုသည့်အတွက် ယင်းလုပ်ရပ်အား ကန့်ကွက်ကြောင်း ယင်းဒေသရှိ ကျေးရွာ ၁၂ ရွာကို ကိုယ်စားပြုသည့် ကော်မတီ CSLDက ထုတ်ဖော်ပြောသည်။
လူထုအခြေပြု ရေရှည်တည်တံ့သော သက်မွေးဝမ်းကျောင်းနှင့် ဖွံ့ဖြိုးရေး ကော်မတီ(CSLD)က ခမောင်းသွယ်ချောင်း ဒေသအတွင်း မေလ ၃ ရက်နေ့၌ ပြုလုပ်သော အစည်းအဝေးသို့ ကျေးရွာ ၁၂ ရွာမှ ကိုယ်စားလှယ် ၃၀ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေး၌  ကျေးရွာကိုယ်စားလှယ်များက FFI၏ သဘာဝနည်းမဟုတ် ငါးဖမ်း သုတေသနပြုသည့် လုပ်ဆောင်ချက်အပေါ် ယင်းသို့ ကန်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း CSLD ၏ ခေါင်းဆောင် ဦးစောခိုက ပြောသည်။
သို့သော် FFI က မူ ၎င်းတို့အနေဖြင့် တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသည့် ငါးဖမ်းကိရိယာကို အသုံးပြုခြင်းဖြစ်သည်ဟု တုန့်ပြန်ပြောသည်။
ငါးလေ့လာအချိန် အနည်းငယ်သာရရှိ၍ အချိန်တိုအတွင်း ဒေသမျိုးရင်း ငါးမျိုးစိတ်များစွာ ရှာဖွေရခြင်း၊ ကျောက်ကြိုကျောက်ကြားနှင့် ရေစီးသန်သည့်နေရာ၌ နေထိုင်သော ဒေသမျိုးရင်း ငါးများကို ပိုမိုရရှိနိုင်ရန် ဖမ်းဆီးရာ၌  ပုံမှန် ပိုက်ကို အသုံးပြုလျှင် လိုအပ်သော ငါးမျိုးစိတ်များ မရရှိနိုင်ခြင်းကြောင့် အထက်ပါ ငါးဖမ်းကိရိယာကို အသုံးပြုခြင်းဖြစ်ကြောင်း FFIမှ တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံက ရှင်းပြသည်။
“ငါးကို သတ်ပစ်တာ မဟုတ်ဘူး၊ မူးအောင် လုပ်လိုက်တာပါ၊ မူးတဲ့အချိန်မှာ ကြည့်ပြီး ပြန်လွှတ်လိုက်တာပါ”ဟု အထက်ပါ တာဝန်ခံက ဆို သည်။
အဆိုပါ FFI အဖွဲ့သည် ယင်းဒေသအတွင်းရှိ ချောင်းများ၌ ဧပြီလ နောက်ဆုံးအပတ်နှင့် မတ်လဆန်းပိုင်းအတွင်း ၅ ရက် အကြာ
ငါးဖမ်းဆီးကာ သုတေသနပြုခဲ့ကြောင်း သိရသည်။
ခမောင်းသွယ်ချောင်းဒေသအတွင်း သုတေသနပြုလုပ်မည့်သူများသည် ဒေသခံကိုယ်စားပြုအဖွဲ့အစည်းဖြစ်သော CSLD
သို့ အသိပေးကာ ခွင့်ပြုချက်ရယူရန်လိုပြီး ယင်းသုတေသနပြုလုပ်မည့်သူများက လုပ်ထုံးလုပ်နည်းကို ရှင်းပြရမည်ဖြစ်ကာ ဒေသ၏စည်းကမ်းကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဦးစောခိုက ပြောဆိုသည်။
“ဒေသဓလေ့ထုံးတမ်း ဥပဒေကို ချိုးဖောက် သုတေသနပြုခြင်းကြောင့် ဒေသခံများ၏ သဘောထားကို သိရှိအောင် လာရောက် နားထောင်ပေးဖို့ FFIအဖွဲ့ကို မေလ ၅ ရက်နေ့ ပေးပို့ထားတယ်။ အခုထိတော့ အကြောင်းမပြန်သေးဘူး”ဟု ဦးစောခိုက ဆိုသည်။
ခမောင်းချောင်းမကြီး၏ အစိတ်အပိုင်းတစ်နေရာဖြစ်သော ထန်းတပင်ရေနေသတ္တ၀ါဘေးမဲ့အိုင်၏  အထက်ဖက်နှင့် အောက် ဖက်နေရာများတွင် အဆိပ်ချခြင်း၊ ပေါက်ကွဲစေသည့်ပစ္စည်းဖြင့် ငါးဖမ်းခြင်း ၊ လျှပ်စစ်ဓါတ်တို့ ငါးဖမ်းခြင်း၊ ရေငုပ်၍ ဆူးတံဖြင့်ပစ်ခြင်း စသည့် မသင့်လျှော်သော ငါးဖမ်းနည်းစနစ်များကို မပြုလုပ်ရန် ဒေသခံပြည်သူများက သဘောတူ စည်းကမ်းသတ်မှတ်ထားသည်ဟု CSLD မှ သိရသည်။
CSLD သည် ခမောင်းသွယ်ချောင်းတစ်လျှောက်ရှိ ရေသတ္တ၀ါနှင့်အပင်မျိုးစိတ်များကို မိရိုးဖလာနည်းများ အသုံးပြု၍ ၂၀၁၂ ကတည်းက သုတေသနပြုခဲ့ကြောင်း ယင်းကော်မတီမှ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template